Feature Articles

Healing Process

ဘဝကို transformation ဖြစ်စေဖို့ပဲဖြစ်ဖြစ် ၊ liberation ( လွတ်မြောက်ရာခရီးလမ်း) မှာဖြစ်ဖြစ် ကိုယ့်ဘာသာဆွဲချတဲ့ အရာတွေထဲမှာ နောင်တရတယ်ဆိုတဲ့ ခံစားချက်လည်းပါပါတယ်။

တစ်ခုခုမပြောလိုက်ရလို့ ၊ မလုပ်လိုက်ရလို့ ၊ အဲ့အချိန်တုန်းက ဆုံးဖြတ်ချက်မှားလို့ ၊ ဒါမျိုးလုပ်ခဲ့ရရင်ကောင်းသား စသည်ဖြင့် ပြန်တွေးပြီး နောင်တရတတ်ပါတယ်။

အထူးသဖြင့်တော့ လူအတော်များများဟာ လုပ်သင့်တာကို မလုပ်ခဲ့ရလေခြင်းလို့ တွေးမိတဲ့ အချိန်ရယ်၊ မလုပ်သင့်တာကို လုပ်ခဲ့မိတယ်လို့ တွေးမိတဲ့ အချိန်ရယ်မှာ နောင်တရတယ်ဆိုတဲ့ ခံစားချက်မျိုးဖြစ်တတ်ပါတယ်။ အဲ့ခံစားချက်ဟာ အတော်ဆိုးပါတယ်။

စိမ်းတို့ဟာ လူတွေဖြစ်တဲ့အတွက် လူ့သဘာဝအတိုင်း လောကရဲ့ သဘာဝအတိုင်း အမြဲမှန်နေမယ်၊ အမြဲ ကောင်းမွန်နေမယ်ဆိုတာ ဘယ်လိုမှ မရှိနိုင်ပါဘူး။ လုပ်သမျှ ဖြစ်ရမယ် မှန်ကန်ရမယ် မျှော်လင့်နေရင်တော့ ကိုယ်ပဲစိတ်ပင်ပန်းပါလိမ့်မယ်။

နောက်ပြီး နောင်တဆိုတာ အတိတ်ကဖြစ်ရပ်တွေကို ပြန်တွေးမှ ဖြစ်လာတာမျိုးဖြစ်တဲ့အတွက် ကိုယ်လည်း အပြင်မှာ ပြန်ပြင်လို့ရတဲ့ အခြေအနေမျိုးမဟုတ်ပါဘူး ။

ကိုယ်လည်း ပြီးခဲ့တဲ့ အချိန်တွေ ကျန်ခဲ့တဲ့ အတိတ်တွေမှာ အဲ့အချိန် ကိုယ့်မှာရှိနေတဲ့ ဥာဏ်၊ အတွေ့အကြုံနဲ့ အကောင်းဆုံးထင်တဲ့အရာတွေကို တွေးခဲ့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

စိမ်းရဲ့အယူအဆကတော့ လောကကြီးမှာ ဘယ်လိုကိစ္စမဆို နှစ်မျိုးပဲရှိပါတယ်။ Blessing နဲ့ Lesson ပါ ။

ကိုယ်လုပ်တာ၊ ပြောတာ ၊ ဆုံးဖြတ်တာလေးတွေ အဆင်ပြေရင် အောင်မြင်ရင် “ ကျေးဇူးတင်လိုက်တာ “ ဆိုပြီး Blessing ခံယူရသလို အဆင်မပြေတာတွေ မှားပြီးလွဲပြီး လုပ်မိတာ ပြောမိတာ ဆုံးဖြတ်မိတာတွေရှိရင်လည်း မှားသွားလွဲသွားတာကို လက်ခံလိုက်ပြီး နောက်တစ်ကြိမ် ဒါမျိုး ထပ်မလုပ်ဖို့ သင်ခန်းစာရတယ်ဆိုတဲ့ Lesson ရတယ်ဆိုတဲ့ အတွေးမျိုးပဲတွေးနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ယူတာ အဆင်အပြေဆုံးပါပဲ။

လောကသဘာဝကတော့ ပြောင်းလဲမှာမဟုတ်ပါဘူး။ လောကဓံရဲ့ အနိမ့်အမြင့် အတက်အကျ သဘာဝတွေကြားထဲမှာပဲ Transformation( စစ်မှန်တဲ့ ပြောင်းလဲခြင်း) နဲ့ Liberation ( စစ်မှန်တဲ့ လွတ်မြောက်ခြင်း ) ဖြစ်ချင်တယ်ဆိုရင်တော့ ကိုယ့်ဘဝကို အနှောင့်အယှက်ပေးနိုင်တဲ့ pattern တွေကို ကိုယ်တိုင်သိပြီး ကိုယ်တိုင်ပြောင်းလဲနိုင်မှပဲရပါမယ်။

စိမ်းရဲ့ အတွေ့အကြုံအရ Energy work ထဲမှာဖြစ်စေ၊ တစ်ဦးချင်းပြုလုပ်တဲ့ Timeline Healing တွေမှာဖြစ်စေ ကိုယ့်ရဲ့ ပိတ်ဆို့နေတဲ့ စိတ်အလွှာအထပ်ထပ်ကို ဖယ်ရှားရတဲ့ထဲမှာ နောင်တဆိုတဲ့ ခံစားချက်ကို healing လုပ်ရတာလည်း case တော်တော်များပါတယ်။

ကိုယ့်မှာ နောင်တရနေတယ် ဖြေမဆည်နိုင်ဘူး ဆိုတာမျိုး ကြီးကြီးမားမားခံစားနေရတယ် ၊ စိတ်ထဲမှာ နာကျင်မှုတွေ ဖြစ်နေတယ်၊ မမေ့နိုင်ဘူး၊ ကြိုးစားပြီး patten ပြောင်းလည်းမရဘူး ( ဒါမှမဟုတ်) တစ်ခုခုမှားသွား လွဲသွားတာနဲ့ နောင်တရတတ်တဲ့အကျင့်ဖြစ်နေတယ်၊ နောင်တတွေထဲကရုန်းထွက်ပြီး လွတ်မြောက်ချင်တယ် ၊ Move on လုပ်ချင်တယ်ဆိုရင်တော့ Healing Process လိုနေပြီ ၊ Healing ခံယူဖို့လိုနေပြီ လို့ message ပေးချင်ပါတယ်။

🍀With All my Love & Energy 🍀

#DrSeinn

#InternationalCertifiedLifeCoach

#Trainer

#EnergyHealer