Feature Articles

A new century of Reiki

October 2022 မှာ gall stones (သည်းခြေကျောက်) ထုတ်ဖို့အတွက် operation ( Cholecystectomy) လုပ်ဖို့ ဆေးရုံတက်တော့ page မှာစပြီး နေမကောင်းလို့ ခဏနားမယ် ကြေညာတည်းက နောက်ဆုံး အိမ်ပြန်ရောက်လို့ full recovery ဖြစ်တဲ့အထိ message တွေပို့ Energy Healing တွေ နေ့တိုင်းလုပ်ပေးခဲ့တဲ့ … စိမ်းရဲ့ energy work program ထဲက member တစ်ဦးလည်းဖြစ်တဲ့ .. spiritual sensation တွေ သိပ်ကောင်းတဲ့ မောင်လေးတစ်ယောက်ဟာ ပြီးခဲ့တဲ့လတွေက Tarot သင်တန်းတွေ တက်ပြီး new channeling တွေလုပ်တာ သတိထားမိခဲ့တယ်။

ဒီညနေ သွားမယ့် spiritual plus vacation trip လေးဟာလည်း အဲ့မောင်လေးဆီက ရတဲ့ message တစ်ခု info တစ်ခုကနေ အစပြုခဲ့တယ်။

မနေ့ညနေက ”ကိုလင်းရေ အစ်မ မနက်ဖြန် ခရီးသွားဖြစ်မယ်… စိတ်ရှုပ်စရာလေးတွေ universal tests လေးတွေကို pass ဖြစ်ပြီး နောက်ဆုံးတော့ တကယ်သွားခွင့်ရသွားပြီ… ဆရာသခင်တွေနဲ့ Grand Master တွေက အဲ့ပွဲကို တက်လို့ရအောင် နောက်ဆုံးအချိန်အထိ ကူညီခဲ့တယ်” ဆိုပြီး အကျိုးအကြောင်းအသေးစိတ်တွေကို ဝမ်းသာအားရ လှမ်းပြောပြဖြစ်ခဲ့တယ်။

စကားပြောနေရင်း intuition ရတာနဲ့ “အစ်မရဲ့ energy ကို tarot ကြည့်ပေးပါလား…. အစ်မရဲ့ birth chart & intuition အရ တော့ အစ်မရဲ့ life purpose တွေ ၊ mission တွေ ၊ potential & capability တွေသိပေမယ့် Tarot energy ကနေရတဲ့ message တွေလည်း သိချင်လို့ “ ဆိုပြီး ခွင့်တောင်းတော့ ဒီမနက် အရုဏ်တက်မှာ ကြည့်ပေးမယ်တဲ့.. ဝမ်းသာအားရပဲပြောရှာတယ်..

ဒီမနက် Tarot က တဆင့်ရတဲ့ အဲ့ဒီ မောင်လေးပြောပြခဲ့တဲ့ universal messageတွေ ၊ spiritual guardians တွေကပေးတဲ့ message တွေအများကြီးထဲကမှ အဓိကကတော့ လူတွေရဲ့ Transformation အတွက် Spiritual Connection တွေ Healing တွေ Life Coaching တွေနဲ့ ကူညီရမယ့်သူတွေ ၊ လုပ်ပေးရမယ့်သူတွေ အစ်မရဲ့ ပဌာန်းဆက်တွေ အများကြီး အများကြီးရှိသေးတယ်…

ဒါပေမယ့် ခုတလောဆက်တိုက် ပင်ပန်းနေလို့ Negative Energy Detoxification လုပ်ဖို့ ခု trip ကိုသွားရတာပါအစ်မရေ.. အားလုံးကိုမေ့ထားပြီး Nature နဲ့ Relax & Alignment လုပ်ပေးပါဦး.. သဘာဝကို ခံစားပါဦးတဲ့ 🤍

တကယ်လည်း ၂၀၂၃ ဟာ ဘယ်ကနေ ဘယ်လို April ရောက်သွားမှန်းကို မသိပါဘူး။

အထူးသဖြင့် Transformation period လို့ဆိုကြတဲ့ March 2023 ဟာ Client တွေရဲ့ milestone တွေ အများကြီး ရခဲ့သလို ကိုယ့်ရဲ့ကျန်းမာရေးကလည်း ထဖောက်လို့ သိပ်မြန်တဲ့ rush ဖြစ်တဲ့ လတစ်လပဲ ။ မနက် ၇ နာရီလောက်ကနေ Energy work ရှိတဲ့နေ့တွေဆို ည ၁၀ ခွဲလောက်အထိ ချာလပတ်ကို ရမ်းနေတာပဲ 😅

Anyway , လုပ်သမျှကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် တစက်မှ မလျှော့ဘဲ အကောင်းဆုံး လုပ်နိုင်ခဲ့ … လုပ်နေဆဲ… ဆက်လည်းလုပ်ဦးမှာပါပဲ ။

ဒီကမ္ဘာပေါ်မှာ ဒီလူ့ဘဝကို ဘာလုပ်ဖို့ လာတာလဲ ဆိုတဲ့ soul purpose ကိုလည်း ကောင်းကောင်းသိပါတယ်။

လုပ်သမျှ ကိစ္စတွေအတွက် လမ်းသွားရင်း ခဲလာစင်တာလေးတွေရှိနိုင်ပေမယ့် Spiritual Guidances တွေက Divine Protection ကို အပြည့်အဝပေးထားတဲ့အကြောင်း Tarot Energy ကတဆင့် message ရသလို တကယ်လည်း protective power ကိုခံစားရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

April 7-8-9 ရက်တွေမှာ Osaka (Japan) မှာ ကျင်းပမယ့် Reiki ပညာရပ်တွေကို ဥာဏ်ပေါက်ခဲ့တဲ့ Reiki ရဲ့ First Line Grand Master ကြီး Makio Usui ရဲ့ နှစ်တစ်ရာပြည့်ပွဲ (International Event တစ်ခု) ကို မြန်မာနိုင်ငံက Reiki Healer တစ်ဦးအနေနဲ့ တက်ရောက်ခွင့်၊ လေ့လာခွင့်၊ healing ခံယူခွင့်၊ ဆရာသခင်တွေနဲ့ ပိုမိုချိတ်ဆက်ခွင့်ကိုရရှိအောင် အထူးစောင့်ရှောက်ပေးကြလို့ .. ဆရာသခင်တွေရဲ့ ချစ်ခင်မှုတွေ မေတ္တာတွေကိုရလို့ အများကြီး စိတ်လှုပ်ရှားပြီး ဝမ်းသာရပါတယ်…

✨ဒီရာပြည့် ပွဲကို တက်ဖို့ ဘာတွေ ရင်ဆိုင်ခဲ့ရလဲ..

✨ဘယ်လို energy တွေကို cut off လုပ်ခဲ့ရ ဖြတ်တောက်ခဲ့ရလဲ…

✨ဘယ်လို universal tests တွေဖြေခဲ့ရလဲ ..

✨Reiki ရဲ့ သမိုင်းကြောင်းမှာ သိပ်အရေးပါတဲ့ ဒီ ရာပြည့်ပွဲရဲ့ Energy ကို ဘယ်လို alignment လုပ်ခဲ့ရလဲ …

✨Energy ပိုင်းဆိုင်ရာဆရာသခင်တွေ Grand Master တွေနဲ့ spiritual guidances တွေက last minute အထိ ဒီပွဲကို မရောက်ရောက်အောင် ဘယ်လို ဆွဲခေါ်ခဲ့လဲ..

✨ဒီခရီးစဉ်အတွက် ငွေကြေးအထောက်အပံ့ကအစ ဘယ်လိုတွေ channel ပွင့်ခဲ့တာလဲ

✨Intention တွေ စိတ်လျှော့နိုင်တာတွေ ဘာပဲဲဖြစ်ဖြစ် လက်ခံနိုင်တာတွေက ဘယ်လောက်အထိ အင်အားကြီးပြီး Impact ဖြစ်စေလဲ

ဆိုတာတွေကိုလည်း sharing လုပ်ပေးသွားပါဦးမယ် 🍀

A new century of Reiki ဆိုတဲ့အတိုင်း အတိုင်းအဆမဲ့တဲ့ Infinite Energy တွေ Transformation တွေနဲ့ ပြန်လာခဲ့ပြီး စိမ်းနဲ့ပတ်သက်သောသူများကို Another Level အတွက် ကူညီပေးဖို့ April ပြီးရင် ပြန်တွေ့ပါမယ် 💞

ခုတော့ ဆရာသခင်တွေ Guidances တွေက မှာတဲ့ အတိုင်း

💫 Take a break

💫 Align with nature

💫 Relax & Shine ဆိုတဲ့ စကားတွေကို နှလုံးသားကိုဖွင့်ပြီး နားထောင်လိုက်ပါဦးမယ် ..

Reiki ပညာရပ်ကို ဖော်ထုတ် လက်ဆင့်ကမ်းခဲ့တဲ့ Grand Master များ ၊ အတိတ် ပစ္စုပ္ပန် အနာဂတ်ရဲ့ Energy Healers များ၊ Reiki ပညာရပ်ကို သင်ကြားပေးခဲ့တဲ့ ပြည်တွင်း ပြည်ပမှ ဆရာသမားများရဲ့ ကျေးဇူးတရားကိုလည်း ရှိခိုးဦးချလိုက်ပါတယ် ။

Gassho 🙏✨

Namaste 🙏✨

Seinn

Apr 1 , 2023