မြန်မာနှစ်သစ် ၁၃၈၅အတွက် ကောင်းမွန်တဲ့ Energy တွေ ကိုယ့်ဘဝထဲစီးဝင်ပြီး ကံကောင်း ကံမြင့်စေဖို့ အတွက် မြန်မာနှစ်ဆန်း (၁)ရက်နေ့မှာ စိမ်းပြုလုပ်မယ့် spiritual practice လေးတွေကို စိမ်းနဲ့အတူတူ လိုက်လုပ်ချင်တဲ့သူများအတွက် sharing လုပ်ပေးချင်ပါတယ်။
ပြုလုပ်မယ့်နေရာမှာ အဆင့် (၂) ဆင့် ရှိပါတယ်..
Negative Energy Cleansing / Purification
Energizing / Power-up ဖြစ်ပါတယ်
အားလုံးသိတဲ့အတိုင်း ကောင်းတဲ့အရာတွေကိုလက်ခံဖို့က မကောင်းတဲ့အရာတွေကို အရင်ဆုံးရှင်းလင်းမှရပါတယ်။
ကိုယ်နေတဲ့ ပတ်ဝန်းကျင်ကို ရှင်းလင်းတဲ့ Decluttering ကတော့ အတော်များများသိပြီးသားဖြစ်နေလို့ ဒီတစ်ခါတော့ ကိုယ့်ဘေးနားက မမြင်ရတဲ့ negative energy တွေ ၊ မိစ္ဆာဓာတ် ( Evil Energy) တွေ၊ ကိုယ့်ရဲ့လာဘ်လာဘ ပိတ်ဆို့နေစေတဲ့ Energy Blockages တွေကို ရှင်းလင်းထုတ်တဲ့နေရာမှာ အင်မတန်စွမ်းအင်မြင့်မားတဲ့ Conch Sound ဆိုတဲ့ ခရုသင်းမှုတ်သံအကြောင်းပြောပြချင်ပါတယ်။
Spiritual ပိုင်းဆိုင်ရာ ယုံကြည်မှုတွေအရ ခရုသင်းမှုတ်သံဟာ မိမိပတိဝန်းကျင်မှာရှိတဲ့ မကောင်းတဲ့ energy တွေကို သန့်စင်စေတဲ့ အစွမ်း ( Purification Effect for Environment from all evil effects / negative frequency) ရှိပါတယ်။ ဒါ့အပြင် ခရုသင်းမှုတ်သံဟာ မျှော်လင့်ချက်တွေပြည့်ဝဖို့ ၊ စိတ်စွမ်းအင် ( willpower) တိုးတက်ဖို့လည်း အထောက်အပံ့ပြုနိုင်တဲ့ အသံစွမ်းအင်ဖြစ်ပါတယ်။
ခရုသင်းမှုတ်သံဟာ မိစ္ဆာဓာတ်တွေ Negative Frequency တွေကို မောင်းထုတ်နိုင်တဲ့အကြောင်းကို ၂၀၂၀ ခုနှစ်က ဆရာကြီး နျူမာန် မိုးတားရေးဖူးတဲ့ post လေးတစ်ပုဒ်မှာလည်း ထပ်ပြီး မှတ်သားရဖူးပါတယ်။
ဟိုးရှေးပဝေသဏီတည်းက တစ်ကမ္ဘာလုံးရဲ့ ရှေးလူမျိုး အတော်များများရဲ့ အခမ်းအနားတွေ ၊ လက်ထပ်ပွဲတွေ ၊ အရေးကြီးတဲ့ပွဲတွေ၊ အောင်မြင်မှုကို ဂုဏ်ပြုပွဲတွေမှာ ခရုသင်းတူရိယာကို အသုံးပြုကြပါတယ်။ ဟိဒ္ဓူဘာသာဝင်တွေနဲ့ တိဘက်လူမျိုးတွေရဲ့ ပွဲလမ်းသဘင် တချို့မှာလည်း ယခု ခေတ်ကာလ အချိန်အထိကို ခရုသင်းမှုတ်သံ ကို ယုံယုံကြည်ကြည် အသုံးပြုကြပါတယ်လို့ စာတွေထဲ ဖတ်ရပါတယ်။
အဲ့ဒီအတွက် စိမ်းအနေနဲ့ ပထမပိုင်းဖြစ်တဲ့ Purification Effect (မကောင်းတဲ့ Energy တွေကို ရှင်းလင်း သန့်စင်ခြင်း) အတွက် နှစ်ဆန်း ၁ ရက်နေ့ နံနက်မှာ ခရုသင်းမှုတ်သံ (Conch sound) ကို ဖွင့်ထားမှာဖြစ်ပါတယ်။ စိမ်း you tube ကနေ Conch Sound ဖွင့်တဲ့ link လေးဖြစ်ပါတယ် (၇ မိနစ်ပဲကြာပါတယ်) ။
စိမ်းကတော့ ဒီခရုသင်းမှုတ်သံလေးကို အိမ်မှာ မနက်တိုင်း ဖွင့်ဖြစ်ပါတယ်။
ပတ်ဝန်းကျင်က Negative Energy တွေ၊ Energy Blockages တွေကို ရှင်းလင်း သန့်စင်ဖို့လိုသလို ကိုယ့်ရဲ့ ရုပ်ခန္ဓာ( physical body ) ကလည်း အရေးကြီးတဲ့အတွက် စိမ်းကတော့ အတက်နေ့ နေ့လည် (၁၂) နာရီကနေ နှစ်ဆန်း (၁) ရက်နေ့ နေ့လည် (၁၂) နာရီအထိ 24hours fasting လုပ်ပြီး cellular level ( ဆဲလ်တစ်လုံးချင်းစီအထိ) Deep down purification ကိုသွားဖို့ စိတ်ကူးထားပါတယ်။
Intermittent fasting and Autophagy ဟာ spiritual သမားတွေအတွက် ဘယ်လောက်အရေးပါတဲ့အကြောင်း စိမ်းရဲ့ New Energy Attunement သင်တန်းမှာ သင်ခန်းစာတစ်ခုအနေနဲ့ ရှင်းပြပြီးဖြစ်ပါတယ်။
အခုလိုမျိုး မိမိကိုယ်ကိုယ်ရော ၊ ပတ်ဝန်းကျင်ရဲ့ egative energy တွေကိုပါ သန့်စင်တဲ့ အပိုင်းပြီးပြီဆိုရင်တော့ ကောင်းမွန်တဲ့ Energy တွေနဲ့ မိမိကိုယ်ကိုယ် Energizing / Power-up ပြန်လုပ်ရမှာဖြစ်ပါတယ်။
အဲ့ဒီအပိုင်းအတွက်ကတော့ မိမိရဲ့ဘာသာတရားအလိုက် ဘုရားကျောင်းဆောင်သန့်ရှင်းပြီး ဘုရားရှိခိုးခြင်း၊ မေတ္တာပွါးများခြင်း ၊ ဥပုသ်ယူချင်သူများက ဥပုသ်သီလဆောက်တည်ခြင်း ၊ ပေးကမ်းလှူဒါန်းခြင်း၊ Meditation ၊ Energy work၊ Grounding၊ Sound Healing ၊ Crystal Healing၊ Breathwork ၊ Yoga ၊ Journaling၊ Intention Setting စတာတွေကို မိမိနှစ်သက်သလို ပြုလုပ်နိုင်ပါတယ်။
စိမ်းကတော့ ဘုရားရှိခိုး ၊ မေတ္တာပို့ အမျှပေးပြီးရင် Reiki 5 principles run တာ ( 5 principles run တာကို 2022 Energy work မှာ သင်ကြားပေးဖူးပါတယ်) ၊ ဒီနှစ်သစ်အတွက် ကိုယ်မျှော်မှန်းတဲ့ Intention setting ကို ဆရာသခင်တွေနဲ့ ချိတ်ဆက်ပြီး Energy run တာ ၊ ကိုယ်ထိုင်နိုင်သလောက် ၁၅မိနစ်- နာရီဝက်လောက် meditation ပြုလုပ်တာတို့နဲ့ ကိုယ့်ရဲ့ Energy ကို power- up မှာဖြစ်ပါတယ်။
Abundance Energy ဟာ Generosity ဆိုတဲ့ ပေးကမ်းခြင်း စွန့်လွှတ်ခြင်း ရက်ရောခြင်းက စတာဖြစ်တဲ့အတွက် စိမ်းအနေနဲ့ နှစ်ဆန်း (၁) ရက်နေ့မှာ နွမ်းပါးမိသားစုတွေအတွက် ဆန်လှူတာ ၊ ထမင်းကျွေးတာ ၊ ရေရှားပါးနေတဲ့အရပ်တွေကို သောက်သုံးရေလှူတာ စတဲ့ ကုသိုလ်တွေပြုလုပ်ထားပါတယ်။
ပေးကမ်းတယ်ဆိုတာ ငွေပေးမှ ပေးတာမဟုတ်ပါဘူး။ ကိုယ်သိတာကို sharing လုပ်တာ ၊ ပြောပြတာ ၊ သူများလိုအပ်တာကို ကူညီတာ ၊ ကြင်နာပေးတာ၊ နောက်ဆုံးပြုံးပြတာလေးကအစ ပေးကမ်းခြင်း မည်ပါတယ်။ ကိုယ်တတ်နိုင်တာ ကိုယ်ပေးလို့ရပါတယ် ။ အရေးကြီးတာ ဘာပဲပေးပေး Intention ဆိုတဲ့ စေတနာပါပဲ။
မြန်မာ သက္ကရာဇ် ၁၃၈၅ ခုနှစ် မှာ မကောင်းတဲ့ Energy တွေကို သန့်စင်ပြီး ကောင်းမွန်သော သိဒ္ဓိဓာတ်များ ( Positive Energy ) ရစေပြီး ကောင်းသော ကံသတ္တိများကို ဆွဲခေါ်ဖို့အတွက် အထောက်အပံ့ဖြစ်စေမယ့် spiritual practice လေး တချို့ကို နှစ်ဆန်း (၁) ရက်နေ့မှာ ပြုလုပ်နိုင်ဖို့ အတွက် မျှဝေပေးလိုက်ရပါတယ်။
မျှော်လင့်ချက်တွေပြည့်ဝတဲ့ မင်္ဂလာနှစ်သစ်ဖြစ်ပါစေ
စိမ်းရဲ့ page ကနေ ပြုလုပ်ပေးထားတဲ့ Abundance Money (နှစ်သစ်ကူး မုန့်ဖိုး) အစီအစဉ်လေးကိုလည်း ယခု link မှတဆင့် ပါဝင်လို့ရပါတယ်ရှင်
With All my Love & Energy