Hello ![]()
![]()
![]()
ဒီနေ့ဆိုရင် ၂၀၂၂ ရဲ့ နောက်ဆုံးလဖြစ်တဲ့ December ကို ရောက်လာပါပြီ…
ဒီမနက်မိုးလင်းတော့ ကိုယ်တစ်နှစ်လုံးဘာတွေလုပ်ခဲ့လဲ ဘာတွေအဆင်ပြေခဲ့လဲ ဘာတွေတော့ ပြောင်းလဲဖို့ လိုအပ်နေသေးလဲတဆိုတာကို တွေးပြီး Self- Reflection လုပ်ရင်း ဒီ post လေးကိုရေးလိုက်ပါတယ်…
2022 ဟာ တခြားနှစ်တွေထက်ပိုပြီး လူတိုင်းနီးပါး အခက်အခဲတွေ မျိုးစုံ ရင်ဆိုင်ခဲ့ရသလို စီးပွါးရေး ပိုင်းဆိုင်ရာတွေမှာ ပိုပြီးရုန်းကန်ရတာတွေ ၊ ပုံမှန်ထက်ပိုပြီးစဉ်းစားရတာတွေရှိခဲ့တဲ့အပြင် စိတ်ပိုင်းဆိုင်ရာတွေမှာလည်း အများကြီး အတက်အကျဖြစ်ခဲ့တဲ့ နှစ်တစ်ခုဖြစ်ပါတယ်…
ပထမဆုံး ဘယ်လိုအခက်အခဲတွေပဲရှိရှိ ဘယ်လိုလောကဓံအတက်အကျတွေပဲကြုံကြုံ ၂၀၂၂ ကိုလည်း တခြားနှစ်တွေလိုပဲ အောင်မြင်စွာဖြတ်ကျော်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ Congratulations လုပ်ပေးပါ…
Congratulations to you all ![]()
![]()
![]()
2022 မှာ ကိုယ့်အတွက်အကြီးမားဆုံး လုပ်ဆောင်နိုင်ခဲ့တဲ့ လုပ်ဆောင်မှု ( achievement) တစ်ခုကို ချရေးပါ…
စိမ်းအတွက်ကတော့ ဒီလောက် စိတ်တွေအတက်အကျ ဖြစ်နိုင်တဲ့ အခြေအနေ၊ Energy drainage တွေဖြစ်ဖို့ ပံ့ပိုးနေတဲ့ အခြေအနေမှာ
ဘယ်လိုအခြေအနေမဆို လက်ခံနိုင်အောင် inner self level အထိ အေးအေးဆေးဆေး ရပ်တည်နိုင်အောင်
ပူလောင်မှုတွေ ကိုယ့်ရဲ့ မကောင်းတဲ့ အကျင့်တွေကို လွှတ်ချနိုင်အောင်
ကျန်းမာရေး၊ relationship ၊ ငွေကြေး ၊ အလုပ်အကိုင်စတဲ့ နေရာတွေမှာ ကောင်းတဲ့ energy channeling တွေဖြစ်အောင်
လူထောင်ချီပြီး ကူညီပေးနိုင်ခဲ့တဲ့ Energy Work Program ကို ဖန်တီးနိုင်ခဲ့တာရယ်…. တကယ်တန်ဖိုးရှိတဲ့ Live sessions ပေါင်းများစွာနဲ့ လူသန်းချီအထိရောက်ရှိအောင် ကူညီပေးနိုင်ခဲ့တာပါပဲ…
ရှေ့နှစ်တွေကို ပိုပြီးအဆင်ပြေပြေဖြတ်ကျော်နိုင်ဖို့ 2022 မှာ ဘာတွေသင်ခန်းစာရခဲ့လဲ.. ဘာတွေကိုဘဝမှာ ပြုပြင်ဖို့လိုလဲ ဆိုတာကို ချရေးပါ ..
စိမ်းကတော့ လက်ရှိလုပ်နေတဲ့ အနေအထားထက်ကို Boundary Setting ပိုချရမယ်.. တချို့ အဆင်မပြေတော့တဲ့ energy field တွေထဲကနေ သတ္တိရှိရှိရုန်းထွက်ဖို့ကြိုးစားရပါမယ်… ပြီးတော့ ကိုယ့်အတွက် အချိန်ဒီ့ထက်ပိုပေးချင်ပါသေးတယ်.. Time management ကို ပိုပြီးသေချာလုပ်ရမယ်လို့ သုံးသပ်မိပါတယ်..
2022 ရဲ့အလွန်မှာရော ဘာတွေဆက်လုပ်သွားမလဲ …
စိမ်းကတော့ ဘယ်တော့ ပျောက်ကွယ်မယ်မှန်းမသိတဲ့ လောကကြီးထဲမှာ ကိုယ့်အနားမှာရှိတဲ့ လူတွေကို ပိုတန်ဖိုးထား ပိုချစ်ပါမယ်.. အချိန်ပိုပေးပါမယ်..
ပြီးရင် လူတွေအများကြီး အကျိုးရှိခဲ့တဲ့ Energy Work program ကို အချိန်ပေးပြီး ပြန်လုပ်တဲ့အပြင် Course work အသစ်တွေ၊ Program အသစ်တွေကိုလည်း ဖန်တီးပါဦးမယ်..
Awareness and Wisdom ( အသိနဲ့ ဥာဏ်ပညာ) ဟာ new learning တွေကပဲရတဲ့အတွက် အများကြီး ထပ်လေ့လာသင်ယူပါဦးမယ်..
ကိုယ့်အတွက်လည်း အချိန်တစ်ခုပေးပြီးတရားအားထုတ်ပါဦးမယ်..
ခုဒီစာလေးကို ဖတ်နေသူတွေလည်း 2022 အတွက်
Congratulations လုပ်ပါ
2022 မှာ ကိုယ်လုပ်နိုင်ခဲ့တဲ့ အကြီးဆုံး လုပ်ဆောင်မှု (Achievement) တစ်ခုကို ချရေးပါ
2022 မှာရခဲ့တဲ့ သင်ခန်းစာတွေနဲ့ ပြုပြင်ချင်တဲ့ အချက်တွေကို စဉ်းစားချရေးပါ..
2022 အလွန်မှာရော ဘာတွေဆက်လုပ်သွားမလဲ ချရေးပါ …
Comment လေးတွေမှာ ရေးမယ်ဆိုလည်း စိမ်းက Comment တစ်ခုချင်းကို ချစ်ခင်စွာနဲ့ ဂရုတစိုက်ဖတ်ချင်ပါသေးတယ် ![]()
Better year 2022 ပါ ![]()
Congratulations ![]()
With All my Love & Energy ![]()
