Feature Articles

You are not alone

ကိုယ့်ဘဝမှာ အခက်ခဲဆုံးလို့ ကိုယ်ယူဆခဲ့တဲ့ အခြေအနေတွေကို ဖြတ်ကျော်ခဲ့ကြဖူးလား ….

အဲ့ဒီအချိန်တွေတုန်းက အဲ့ဒီလောက် စိတ်ညစ် စိတ်ပျက်စရာကောင်းတဲ့ အချိန်မရှိတော့ဘူး.. အဲ့ဒီလောက်ပြိုလဲခဲ့တဲ့ အချိန်မရှိတော့ဘူးလို့ တွေးခဲ့ကြတာပဲမလား…

စိမ်းဘဝမှာလည်း အဲ့ဒီလိုအချိန်အခါတွေမှာ ရင်ဆိုင်ရတုန်းက သိပ်ခက်တာပဲ… သွားပါပြီ… ရှေ့မဆက်နိုင်တော့ဘူးထင်တယ် ဆိုပြီး ပြိုလဲသလိုဖြစ်တဲ့ အခြေအနေပေါင်းများစွာ လမ်းပျောက်သလိုဖြစ်တဲ့ အခြေအနေပေါင်းများစွာကြုံဖူးပါတယ်..

ကိုယ့် personal life နဲ့ ဖြစ်ဖြစ် ၊ မိသားစုအတွက် ဖြစ်ဖြစ်၊ အလုပ်၊ လူမှုရေး တွေအပြင် ရောဂါတွေ ၊ နိုင်ငံ့အရေး ကမ္ဘာ့အရေးတွေ သဘာဝဘေးအန္တရာယ်တွေ စတဲ့ ရိုက်ခတ်မှုကြီးကြီးတွေ အားလုံး မှာ ခက်ခဲလိုက်တာ ပင်ပန်းလိုက်တာဆိုတဲ့ အနေအထား ခံစားချက်တွေနဲ့ အဲ့ဒီအချိန်တုန်းက အဆိုးဆုံး အပူလောင်ဆုံးလို့ တွေးခဲ့တာချည်းပါပဲ…

အခုအချိန်မှာ အဲ့ဒီတုန်းက အပူလောင်ဆုံးထင်ခဲ့တဲ့ အခြေအနေတွေကို အာရုံပေါ်ပြန်တင်ကြည့်လိုက်ပါ… အဲ့ဒီတုန်းကလောက် မပူလောင်တော့ပါဘူး.. ကိုယ်တတ်နိုင်သလောက် လုပ်နိုင်ခဲ့သားပဲ.. ရုန်းထနိုင်ခဲ့သားပဲ.. ဖြတ်ကျော်နိုင်ခဲ့သားပဲ ဆိုတာတွေပဲ ခံစားရမှာပါ…

အဲ့ဒီခက်ခဲတဲ့အရာတွေကပဲ
🍀ကိုယ်သိမနေတဲ့ လုပ်နိုင်စွမ်းတွေ ဖော်ထုတ်ပေးနိုင်ပါတယ်..
🍀ကိုယ့်ရဲ့ ခံနိုင်ရည်အား (resilience) ကို မြှင့်တင်ပေးနိုင်ပါတယ်…
🍀ကိုယ့်အနားမှာ တကယ် မေတ္တာ စေတနာရှိတဲ့သူတွေရှိနေပါသေးလားဆိုတဲ့ ကျေးဇူးတင်ရတဲ့အသိကို ပေးပါတယ်..
🍀ကိုယ်တစ်ခါမှ မစဉ်းစားဖူးတဲ့ အဖြေလမ်းကြောင်းအသစ်တွေကို လမ်းဖွင့်ပေးပါတယ်
🍀ကိုယ့်ရဲ့ကောင်းမှုကုသိုလ်တွေကို ပိုပြီး တိုးလုပ်စုဆောင်းမိစေတယ်
🍀ကိုယ့်အနားမှာ ရှိနေတဲ့သူတွေကို ပိုပြီး တန်ဖိုးထားတတ်လာစေတယ်
🍀ကိုယ့်ထက်ခက်ခဲသူတွေကို ပိုပြီးကိုယ်ချင်းစာတတ်၊ ကူညီတတ်လာပါတယ်…
🍀တခါတလေ ကိုယ့်ကိုကူညီစောင့်ရှောက်နေသူတွေကို သိလာတာမျိုးတောင် ရှိနိုင်ပါတယ်…

နောက်အချိန်တစ်ခုကြာရင် သိပ်ဆိုးတယ်လို့တွေးခဲ့တဲ့ အခြေအနေကြီးကနေလည်း ကိုယ့်ရဲ့ကောင်းမွန်တဲ့ energy နဲ့ ရသလောက်ကြိုးစားဖြတ်ကျော်နိုင်ခဲ့သားပဲဆိုပြီး ခံစားမိမှာပါ…

ကောင်းခြင်း ဆိုးခြင်း ၊ စိတ်ဆင်းရဲခြင်း စိတ်ချမ်းသာခြင်းဆိုတာ တချိန်လုံး မြဲနေမဲ့အရာတွေမဟုတ်တဲ့အတွက် ဘယ်လိုအနေအထားမဆို ကောင်းမွန်တဲ့ energy နဲ့ ကြံ့ကြံခိုင်ရင်ဆိုင် ဖြတ်ကျော်ကြရအောင်…

💫You are not alone ပါ 💫

🍀 With All my Love & Energy 🍀
#DrSeinn
#InternationalCertifiedCoach
#Trainer
#EnergyHealer