Universe ရဲ့ energy နဲ့ connect လုပ်တဲ့အခါ unconditional love ဆိုတဲ့ အနှိုင်းမဲ့ မေတ္တာတရားနဲ့ပဲ connect လုပ်လို့ရပါတယ်… ကြောက်စိတ်တွေ၊ မကျေနပ်စိတ်တွေ၊ မဝံ့မရဲစိတ်တွေ၊ အပြစ်မကင်းသလို သိမ်ငယ်သလို ခံစားရတာတွေ၊ မကြည်လင်တဲ့ အခြေအနေတွေနဲ့ connect လုပ်လို့မရပါဘူး… အဲ့ဒီ့အတွက်
ကိုယ်ကအလုပ်ကောင်းကောင်းလိုချင်ရင် လက်ရှိရနေတဲ့ အလုပ်ရဲ့ ကောင်းတာတွေကိုတွေးပြီး ချစ်ရပါမယ်…
ပိုများတဲ့ငွေတွေလိုချင်ရင် လက်ရှိရနေတဲ့ငွေကိုဘယ်လောက်ဖြစ်ဖြစ် ချစ်ခင်ရပါမယ်….
ချစ်သူအိမ်ထောင်ဖက်ကောင်းနဲ့တွေ့ချင်ရင်လည်း ကိုယ့်ကိုယ်ကိုယ် (ကိုယ့်ရဲ့ လက်ရှိအခြေအနေကို )အရှိအတိုင်း အရင်ချစ်တတ်ဖို့ လိုပါတယ်…
အိမ်လေးတစ်လုံးရဖို့ စိတ်ကူးနေတယ်ဆိုလည်း လက်ရှိနေနေတဲ့ နေရာလေးရဲ့ ကောင်းတဲ့အရာလေးတွေကို သေချာတွေးပြီးချစ်ရပါမယ်…လက်ရှိအနေအထားတွေကို အပြစ်မြင်လေလေ ၊ အဆင်မပြေဘူး တွေးလေလေ ကိုယ်လိုချင်တဲ့ ပိုကောင်းတာတွေနဲ့ ဝေးလေလေပါပဲ… အရာရာတိုင်းမှာ အကောင်းနဲ့ အဆိုး ၊ အလင်းနဲ့အမှောင်ဟာ ဒွန်တွဲနေလို့ အကောင်းကိုရှာပြီး အလင်းဖက်အခြမ်းကို ရှာပြီး ချစ်ခင် ကျေးဇူးတင်တတ်ဖို့ လိုအပ်ပါတယ်…. ချစ်ခြင်းမေတ္တာဟာ Universe ရဲ့ အကြီးဆုံး energy ဖြစ်ပါတယ်…
Love is the Power ပါ ![]()
Photo: Pinterest
With all my Love & Energy ![]()
Dr Seinn Life Coach & Trainer
