Abundance ဖြစ်တယ်ဆိုတာ ပိုက်ဆံငွေကြေးတစ်ခုတည်းကိုပြောတာမဟုတ်ပါဘူး….
လိုချင်တဲ့အရာ လိုအပ်တဲ့အရာကို ကိုယ်လိုအပ်တဲ့ အချိန်မှာ အချိန်ကိုက် ကွက်တိရောက်လာတာမျိုး… အထူးတလည် အားစိုက်နေစရာမလိုဘဲပေါ့ပေါ့ပါးပါး အေးအေးချမ်းချမ်းရလာတာမျိုးကို abundance ဖြစ်တယ်လို့ခေါ်တာပါ…
ဒီညနေစောင်းမှ ခရီးတစ်ခုကပြန်ရောက်လာပြီး ဘုရားပန်းတွေလည်း စွန့်ခဲ့လို့ ပန်းရှာဝယ်ရမယ်တွေးနေတဲ့ နက်ဖြန် ကုသိုလ်တွေလုပ်ရမယ့်စိမ်းအတွက် လပြည့်နေ့ဘုရားပန်းကပ်ဖို့ဆိုပြီး အဝေးကြီးကနေ တကူးတက လှမ်းပို့ပေးတဲ့ ပန်းတွေ အချိန်ကိုက် ကိုယ့်အိမ်အထိရောက်လာတာလည်း abundance ပါပဲ….
ငွေကြေးအနေနဲ့စဉ်းစားရင်လည်း ဒီပန်းကိုသီတင်းကျွတ်လက်ဆောင်အနေနဲ့ရတာမို့ ဝယ်စရာမလိုတဲ့အတွက် အဲ့ပန်းဖိုးဟာ ကိုယ့်ဆီကို ပုံစံတစ်မျိုးနဲ့ ဝင်လာတဲ့ ပိုက်ဆံငွေကြေးပါပဲ…
တစ်ခါတည်းပြောပြရရင် ဘုရားကျောင်းဆောင်က ဆင်းတုတော် အဖြူရောင်လေးက စက်တင်ဘာ ၂၂ ရတနာပုံသီချင်းနဲ့ manifest လုပ်တဲ့နေ့က အိမ်ကို ကြွလာတာပါ… နှစ်ရှည်လများခင်မင်နေသူမဟုတ်ပေမဲ့ အဲ့အစ်မဆီမှာတဲ့ ပစ္စည်းလေး ရလို့ ပို့ရင်းနဲ့ ၂၂ က ထူးခြားလို့ စိမ်းအတွက်လက်ဆောင်လေးထည့်ပေးလိုက်မယ်ဆိုပြီး ဖွင့်ကြည့်လိုက်တော့ သင်းကျစ်တော်မှာပါ ကျောက်အစစ်လေးပူဇော်ပေးထားတဲ့ မြတ်စွာဘုရား ရုပ်ပွါးတော်ဖြစ်နေခဲ့တာပါ…
ကိုယ်ကသာ တတ်နိုင်သမျှ ကုသိုလ်စိတ်နဲ့ ကောင်းတဲ့ energy နဲ့ လမ်းကြောင်းဖွင့်ထားမယ်ဆို abundance က ကိုယ်တောင် တောင်းဆိုစရာမလိုဘဲ ရောက်လာမှာပါပဲ…
Everything is energy ပါ ![]()
![]()
![]()
မနက်ဖြန် သီတင်းကျွတ် လပြည့်နေ့မှာ လုပ်ဆောင်ရမယ့် Fullmoon Day Ritual အကြောင်းလေးကိုလည်း ဤလင့်မှတဆင့် ဖတ်ရှုနိုင်ပါတယ်
With All my Love & Energy ![]()
Dr Seinn
Life Coach & Trainer See less
