မနက်ဖြန် July 14 ဆိုရင် ဒီခရီးလမ်းကို လျှောက်ခဲ့တာ (၂) နှစ်ပြည့်ပြီဖြစ်ပါတယ်… ![]()
မြန်မာနိုင်ငံရဲ့ ထိပ်တန်းဆေးကုမ္ပဏီက Leading role တစ်ခုကနေ အဲ့ဒီအလုပ်နဲ့ ဘာမှမဆိုင်တဲ့ အလုပ်ကို ဖျတ်ခနဲပြောင်းလုပ်ခဲ့တာတော့ ပြန်တွေးတိုင်း အိပ်မက်တစ်ခုလိုပါပဲ… ဒါပေမဲ့ အဲ့ဒီခဏတာ ဆုံးဖြတ်ချက်တစ်ခုကပဲ ဒီနေ့ ဒီအချိန် လူ သိန်းချီ သန်းချီကို ကူညီလို့ရတဲ့ အနေအထားထိ ရောက်ခဲ့တာပါ…
(၂) နှစ်ပြည့်တော့မယ့် အချိန်မှာ ကိုယ့်ရဲ့ Journey ကို ပြန်ပြီး သုံးသပ်ကြည့်မိတယ်.. ဒီ Journey တစ်လျှောက်လုံး အဓိက အလုပ်လုပ်သွားတာကတော့ Self- awareness , Energy and Intuition ပါပဲ…
Company မှာ လစာကောင်းကောင်း Facility ကောင်းကောင်း ရာထူးတစ်ခုမှာ လုပ်နေရင်းကနေ “ဒါ ငါလုပ်ရမယ့် အလုပ်မဟုတ်ဘူး .. ငါလုပ်ရမယ့် အလုပ်က သက်သက်ရှိတယ်.. “ဆိုတဲ့ သိလာတဲ့ အသိကနေ အစပြုပြီးတော့ ဒီခရီးတစ်လျှောက်လုံး မျှဝေခဲ့တဲ့ video တွေ၊ post တွေ ၊ သင်တန်းတွေ၊ ထုတ်တဲ့ စာအုပ်တွေအားလုံးဟာ Intuition ကပဲ guideline ပေးသွားတာပါ..
Intuition အတိုင်းလုပ်တော့ လွယ်သလားလို့မေးရင် မလွယ်ပါဘူး.. ဘယ်ခရီးမဆို ခက်ခဲကြမ်းတမ်းမှုရှိသလိုပဲ စိမ်းလည်းရှိပါတယ်.. (၁၀) နှစ်ကျော်လုပ်လာတဲ့ ကျွမ်းကျင်အလုပ်တစ်ခုကနေ ဘာမှ မသေချာမရေရာတဲ့ လမ်းကို ပြောင်းလျှောက်ဖို့ဆိုတာ ယုတ္တိကျကျတွေးရင် အလွယ်တကူချဖို့ခက်တဲ့ ဆုံးဖြတ်ချက်ပါ..
အလုပ်ကနေထွက်မယ်လို့ဆုံးဖြတ်ပြီး ပြောခဲ့တုန်းက လူတကာ တားတာတွေ၊ အဆင်ပြေပါ့မလားဆိုပြီး ကိုယ့်ကို မယုံတာတွေ၊ စောင့်ကြည့်ခံရတာတွေ အများကြီး ကြုံခဲ့ရတာပါပဲ..
Page လေးစလုပ်မယ်ဆိုတော့ Digital ပိုင်းကျွမ်းကျင်တဲ့ ညီမလေးတစ်ယောက်ကို” page management လုပ်ပေးပါ အစ်မက content တွေ ဖန်တီးမယ်” ဆိုပြီး ၂ ယောက်တည်းစခဲ့တဲ့ အချိန်တွေ၊ အဲ့ဒီအချိန် အလုပ်ကလည်း ထွက်ဖို့ စောင့်နေရသေးတော့ ရုံးအလုပ်ပြီးတာနဲ့ content အတွက် စီစဉ်ရတဲ့ အချိန်တွေ ၊ Quality ကိုကြိုက်တဲ့ အတွက် content quality ကိုသာမက photo and video တွေကအစ ရင်းနှီးမြုပ်နှံခဲ့တာတွေ ၊ Live တစ်ခါမှမလွှင့်ဖူးတော့ Live ကို လူကြည့်ပါ့မလား…..ကိုယ်ရော ပြောလို့ အဆင်ပြေပါ့မလားဆိုတဲ့ stress တွေ၊ အဲ့တုန်းက ကလေးနဲ့ (၂) ယောက်တည်းဆိုတော့ Live တွေလွှင့်ရင် သားလေးကို ငြိမ်ငြိမ်လေးဆော့ စာဖတ်နေလို့ မှာထားပေမယ့် ကလေးအဆင်ပြေပါ့မလားဆိုပြီး Live လွှင့်ရင်း စိတ်ပူခဲ့ရတဲ့ အချိန်တွေ၊ အတိုက်ခိုက်ခံခဲ့ရသလို ..ဆက်လုပ်လို့ မရတော့အောင် ဆွဲချခံခဲ့ရလို့ ငိုရတဲ့ အချိန်တွေ အများကြီးရှိခဲ့ပါတယ်… ဒီကြားထဲ (၁) နှစ်ပြည့်ခါနီးအချိန်် မှာ page hack ခံရတဲ့ အတွေ့အကြုံပါ ရလိုက်ပါသေးတယ်…
Page စလုပ်လုပ်ချင်း ကိုယ့်ပို့စ်လေးကို reaction တွေ share လေးတွေ ရတဲ့ အချိန်၊ (၁) ပတ်အတွင်း follower 1000 ပြည့်သွားတဲ့ အချိန်တွေ၊ လူတွေရဲ့ ကျေးဇူးတင်လိုက်တာဆိုတဲ့ အသိအမှတ်ပြုမှုကို စပြီး ရခဲ့တဲ့ အချိန်တွေ ပြန်တွေးရင် ဘယ်လောက်ပျော်ခဲ့ရလဲဆိုတာ ခုပြန်တွေးရင်ကို ပျော်နေတုန်းပါပဲ… အဲ့ဒီလိုအပျော်သေးသေးလေးတွေ စုရင်းနဲ့ပဲ အပျော်အကြီးကြီးတွေ ရလာတာပဲမဟုတ်လား…
ငိုစရာ ဖြစ်ဖြစ် ၊ ပျော်စရာဖြစ်ဖြစ် အရှိအတိုင်းလက်ခံရင်း ၊ ကိုယ့်အတွက် အကျိုးမရှိတဲ့အရာတွေကို ဥပက္ခာပြုရင်း၊ လိုအပ်တဲ့ အကြောင်းတရားတွေကို တစိုက်မတ်မတ်ဖြည့်ရင်းပဲ ဒီနေ့ဒီအချိန် (၂)နှစ်ဆိုတဲ့ ကာလတစ်ခုကို ရောက်ခဲ့ပါပြီ…
ကျေနပ်လားလို့မေးရင် ကျေနပ်တယ်ဆိုတာထက် ပိုပါတယ်…
ဒီ (၂) နှစ် အတွင်းမှာ International coaching certification တွေရခဲ့တယ်။
လူထောင်ချီပြီး energy healing လုပ်ပေးနိုင်ခဲ့တယ်…
Organic follower 600,000 နီးပါးအထိရခဲ့တယ်..
သင်တန်းတွေ၊ တစ်ဦးချင်း appointment တွေ၊ Group work တွေကဆင့် လူသောင်းချီပြီး ကူညီနိုင်ခဲ့တယ်…
Post တွေ Video တွေ Live session တွေ Free class တွေကနေ လူသန်းချီအထိ reach ရောက်အောင် awareness တွေကို ဖန်တီးပေးနိုင်ခဲ့တယ်။
လောကနိယာမ (၁၂)ပါးကို လူတိုင်းသိနိုင်တဲ့ စကားလုံးတွေ ၊ ဥပမာတွေနဲ့ မျှဝေတဲ့ စာအုပ်ထုတ်နိုင်ခဲ့တယ်..
လူငယ် (၄) ယောက်ကို ကောင်းမွန်တဲ့ လစာ ၊ facility တွေနဲ့ အလုပ်ပေးနိုင်ခဲ့တယ်..
ကိုယ့်ကို မှန်ကန်တဲ့ ပညာရပ်တွေ၊ လမ်းညွှန်မှုတွေပေးနိုင်တဲ့ mentor တွေ ထပ်တွေ့ခဲ့တယ်..
တကယ်လည်း စိမ်းရဲမျှဝေမှုတွေ ကူညီမှုတွေကြောင့် လူတွေရဲ့ ဘဝမှာ အများကြီး ပြောင်းလဲခဲ့ကြတယ်.. သိပ်ခက်မယ်လို့ ထင်ခဲ့တဲ့အရာတွေကို အလွယ်တကူဖန်တီးနိုင်ခဲ့ကြတယ်…
ပြိုလဲနေတဲ့သူတွေဟာ ဘဝမှာ ပြုံးပြီး ရပ်တည်နိုင်ခဲ့ကြတယ်.. ငွေကြေးစီးပွါးတွေ ၊ relationship တွေ၊ personal transformation တွေမှာ ကောင်းသောအရွေ့တွေ အများကြီးဖြစ်ခဲ့ကြတယ်..
လမ်းပျောက်နေတဲ့သူတွေဟာ လမ်းတွေအများကြီးရှာတွေ့ခဲ့ကြတယ်…
ဒီလူတွေအားလုံးဟာ စိမ်းရဲ့ ခရီးအတွက် ကြီးမားတဲ့ အထောက်အပံ့ဖြစ်ပါတယ်…
Thank You ![]()
ဒီနေ့ဒီအချိန်အထိ အဖက်ဖက်ကနေ ကျေးဇူးပြုတဲ့သူတစ်ဦးတစ်ယောက်ချင်းစီကို ချစ်ခင်စွာနဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောရင်း ကိုယ်နဲ့ ပဌာန်းဆက်ပါတဲ့ connect ဖြစ်တဲ့ လူတွေအားလုံးကို ထပ်ပြီးကူညီပါဦးမယ်…
