Feature Articles

Weekly Affirmations

ဒီနေ့တော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ချစ်ခင် ကျေးဇူးတင်တဲ့ affirmation လေးပါ… 🍀🍀

Law of attraction အရ ကိုယ်လိုချင်တဲ့အရာကို ကျေးဇူးတင်စိတ်၊ ချစ်ခင်စိတ်ဆိုတဲ့ positive energy နဲ့ပဲ ဆွဲခေါ်လို့ရပါတယ်..
မိခင်ဝမ်းထဲမှာကတည်းက အခုအရွယ်အထိ အလုပ်လုပ်ပေးနေတဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းလေးတွေကို မေတ္တာပို့တာ ကျေးဇူးတင်တာဟာလည်း ကိုယ့်ရဲ့ ပိုကောင်းတဲ့ ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပါတယ်… 🍀🍀

အခု COVID-19 ကာလမှာဆိုရင်လည်း အဓိက ထိခိုက်တဲ့ အဆုတ်နေရာကို ပိုဆိုးလာတော့မလားလို့ တွေးတာထက်
🍀 အခုထိ ကောင်းကောင်းအလုပ်လုပ်ပေးနေလို့ ကျေးဇူးတင်တယ်….
🍀 ပိုးကို ရသလောက် တိုက်ထုတ်ပေးနေလို့ ကျေးဇူးတင်တယ်….
🍀 အသက်ရှူလို့ရအောင် ကူညီပေးနေလို့ ကျေးဇူးတင်တယ် စသည်ဖြင့် နှလုံးသွင်းလို့ရပါတယ်…
ဒီနေ့ affirmation လေးကိုရွတ်ပြီး ကိုယ့်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုချင်းစီကို ချစ်ခင်ကျေးဇူးတင်ပြီး ကိုယ့်ရဲ့စိတ်ကို အားဖြည့်ရင်း ဒီကာလကြီးကို ဒီရုပ် ဒီနာမ်နဲ့ အတူတူ ကြိုးစားဖြတ်ကျော်ကြရအောင် …

နောက်အပတ် Monday Morning ကျရင်လည်း အသုံးဝင်မဲ့ weekly affirmation လေးတစ်ခု ထပ်တင်ပေးမှာမို့ stay tuned ပါ 🍀🍀🍀

Affirmation အကြောင်းအသေးစိတ်ပြောပြထားတဲ့ video ကို ကြည့်လိုပါက –

Facebook link – https://fb.watch/65IWkGJLZz/

YouTube link- https://youtu.be/gofvjRtC2-U

💚With All my Love & Energy 💚
Dr Seinn
Life Coach & Trainer