စိမ်းဘဝမှာတော့ ဒီကာလတွေလောက် ခက်ခဲ ဝမ်းနည်းရတဲ့နေ့ရက်တွေ တစ်ခါမှမကြုံဖူးတာအမှန်ပါပဲ…
ကိုယ့်ရဲ့အသိုင်းအဝိုင်းမှာ ၊ မိတ်ဆွေတွေထဲမှာ အခုဖြစ်နေတဲ့ ရောဂါပိုးကို တိုက်ထုတ်နေရတာတွေ နေ့တိုင်းလိုလိုတွေ့နေရတာပါ…
အကြောင်းကြောင်းကြောင့် နှုတ်ဆက်သွားကြသူတွေအတွက် စိတ်မကောင်းဖြစ်ရသလို တစ်ရက်ပြီးတစ်ရက် ကြိုးစားတိုက်ထုတ်ပြီး ရက်တွေကို ဖြတ်ကျော်လာသူတွေကိုကြည့်ပြီးလည်း အားကျ ဝမ်းသာရပါတယ်… အဲ့လူတွေဆီကနေ energy ပြန်ယူရပါတယ်… ဒီလို စိတ်ရော လူရော မောင်းတင်ထားရတဲ့အချိန်မှာ ဒီနေ့ affirmation လေးက ကိုယ့်ရဲ့ မသိစိတ်ထဲကနေ အားအင်တွေရတဲ့အထိ အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်… ခက်ခဲဆိုးရွားတဲ့နေ့ရက်တွေကို ဖြတ်သန်းပြီး ရှင်သန်ဖို့ ကြိုးစားရတာဟာ ဂုဏ်ယူစရာပါပဲ… အားလုံးဂရုစိုက်ကြပါ… အားတင်းပြီး ရအောင်ဖြတ်ကျော်ရင်း ကျန်းကျန်းမာမာနဲ့ ပြန်တွေ့ချင်ပါတယ်
နောက်အပတ် Monday Morning ကျရင်လည်း အသုံးဝင်မဲ့ weekly affirmation လေးတစ်ခု ထပ်တင်ပေးမှာမို့ stay tuned ပါ ![]()
![]()
![]()
Affirmation အကြောင်းအသေးစိတ်ပြောပြထားတဲ့ video ကို ကြည့်လိုပါက –
Facebook link – https://fb.watch/65IWkGJLZz/
YouTube link- https://youtu.be/gofvjRtC2-U
With All my Love & Energy ![]()
Dr SeinnLife Coach & Trainer
