တစ်ရက်က Social Media သုံးရင်း ကျောင်းတုန်းကဆရာမကြီးက ပုံလေးတစ်ခုတင်ထားတာတွေ့ပါတယ်။
အဲ့ဒီပုံလေးထဲမှာ အင်မတန်သဘောကျရတဲ့ စာလေးတစ်ပိုဒ်ရေးထားပါတယ်။
“Stay away from the Negative People”
“They have the problem for every solution“ တဲ့…
အဓိပ္ပါယ်ကတော့ ကိုယ့်ရဲ့ energy ကို ထိခိုက်စေတဲ့ Negative people တွေနဲ့ ဝေးဝေးနေပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ကိုယ်ရဲ့ ဆုံးဖြတ်ချက်တိုင်း ဖြေရှင်းချက်တိုင်းအတွက် ပြဿနာရှိနေလို့ပါတဲ့။
ဘဝမှာ ကိုယ်တစ်ခုခုလုပ်တော့မယ် ဆုံးဖြတ်တော့မယ်ဆို
အဲ့ဒါလုပ်ရင် အဆင်ပြေပါ့မလား..
အရင်လုပ်တာတွေလည်း အောင်မြင်တာမဟုတ်ဘူး.. လုပ်မနေပါနဲ့..
ဒါက လုပ်တဲ့သူတွေများနေပြီ.. လုပ်မနေနဲ့တော့..
သူက background ကောင်းလို့ ၊ အထောက်အပံ့ကောင်းတွေ ရှိလို့ … နင်က ဘာရှိလို့လဲ …
နေမြဲအတိုင်းနေပါ… ဘယ်လောက်မှလည်း ဖြစ်ထွန်းလာမှာမဟုတ်ဘဲနဲ့..
ဘယ်တော့ ပြဿနာတက်မလဲ .. ပြိုလဲမလဲစောင့်ကြည့်ဦးမယ်…
ဒါတွေလုပ်ရင် ဘယ်လောက်တိုးတက်မှာမို့လို့လဲ..
စသည်ဖြင့် ကိုယ့်ဆုံးဖြတ်ချက်တွေကို judgment တွေလုပ်တာ၊ အပြစ်တင်တာ၊ ဝေဖန်တာ၊ ရှုံ့ချတာ၊ ထေ့ငေါ့ပြောတာ၊ မယုံကြည်တာ ၊ တိုက်ခိုက်တာ၊ နှိုင်းယှဉ်ပြောတာမျိုးတွေကို နှုတ်အားဖြင့်ရော အပြုအမူအားဖြင့် ( မျက်နှာပေးတွေ၊ လေသံတွေ ၊ အကြည့်တွေ) ရော ကြုံတွေ့ဖူးကြမှာပါ။
စိမ်းကိုယ်တိုင် Company ကထွက်ပြီး ကိုယ့်ဘာသာ လက်ရှိလုပ်နေတာတွေ လုပ်တော့မယ်ဆိုတော့ “ ဒါတွေက ဘယ်လောက်အလုပ်ဖြစ်မှာမို့လဲ.. ဘာအာမခံချက်ရှိလို့လဲ” ဆိုတာကို ကိုယ့်ရဲ့ senior management ထဲက တစ်ဦးကမျက်နှာကြည့်ပြီး အပြောခံရဖူးပါတယ်။
ကိုယ်က အားကြိုးမာန်တက်ပြောပြခါမှ သူတို့ပြောလိုက်တဲ့စကားလုံးတွေကြောင့် ကိုယ်က ဆက်ပြီးလုပ်ရမလို၊ မလုပ်ရမလိုဖြစ်တာ.. တခါတလေ ကိုယ့်ဘဝပဲ မကြာခင် ဒုက္ခရောက်တော့မလိုတွေ တုန့်ပြန်တာမျိုးဖြစ်ပြီး ကိုယ့် energy တွေကို အကြီးအကျယ်စုပ်ယူသွားတာမျိုးပါ။ တချို့ energy ဆွဲချနေသူတွေဟာ ကိုယ့်မိသားစုဝင်တွေတောင်ဖြစ်တတ်ပါသေးတယ်။
အဲ့လိုလူတွေက ကိုယ့်ဘဝ လွတ်လွတ်မြောက်မြောက် ရှေ့ဆက်ဖို့ တိုးတက်ဖို့ ပျော်ရွှင်ဖို့ အတွက် တကယ့် ပြဿနာအကြီးစားတွေ ၊ ဆူးညောင့်ခလုတ်တွေပါပဲ။
ကိုယ့် Energy အတက်အကျတွေဟာ ကိုယ့်ဘေးနားက လူတွေ ပတ်ဝန်းကျင်တွေနဲ့လည်း အများကြီးသက်ဆိုင်နေတဲ့အတွက် ကိုယ့်ရဲ့ကိုယ်စွမ်း ဥာဏ်စွမ်းကို အကောင်းဆုံးမြှင့်တင်ဖို့ ပြဿနာအကြီးစား ပေးသူတွေနဲ့ ဝေးဝေးနေတာ ၊ သူတို့ရဲ့ Energy နဲ့ အဆက်ဖြတ်ထားတာ အကောင်းဆုံးပါပဲ။
မဖြတ်နိုင်တဲ့ အနေအထား ( ဥပမာ မိသားစုဝင်လိုမျိုး) ဆိုရင်တော့ ပြောသမျှ ခံစားမနေဘဲ ဥပက္ခာပြုထားတာဟာလည်း Energy ဖြတ်တောက်နည်းတမျိုးပါပဲ။
ကျန်တဲ့ Management တွေထက် ကိုယ့်ရဲ့ Energy ကို ကောင်းမွန်တဲ့ ရလဒ်တွေရအောင် စီမံခန့်ခွဲတဲ့ Energy Management ဟာ တစ်ဦးချင်းစီအတွက် အရေးအကြီးဆုံးပါပဲ။
With All my Love & Energy