Feature Articles

Self- Reflection

Hello 🍀🍀🍀

ဒီနေ့ဆိုရင် ၂၀၂၂ ရဲ့ နောက်ဆုံးလဖြစ်တဲ့ December ကို ရောက်လာပါပြီ…

ဒီမနက်မိုးလင်းတော့ ကိုယ်တစ်နှစ်လုံးဘာတွေလုပ်ခဲ့လဲ ဘာတွေအဆင်ပြေခဲ့လဲ ဘာတွေတော့ ပြောင်းလဲဖို့ လိုအပ်နေသေးလဲတဆိုတာကို တွေးပြီး Self- Reflection လုပ်ရင်း ဒီ post လေးကိုရေးလိုက်ပါတယ်…

2022 ဟာ တခြားနှစ်တွေထက်ပိုပြီး လူတိုင်းနီးပါး အခက်အခဲတွေ မျိုးစုံ ရင်ဆိုင်ခဲ့ရသလို စီးပွါးရေး ပိုင်းဆိုင်ရာတွေမှာ ပိုပြီးရုန်းကန်ရတာတွေ ၊ ပုံမှန်ထက်ပိုပြီးစဉ်းစားရတာတွေရှိခဲ့တဲ့အပြင် စိတ်ပိုင်းဆိုင်ရာတွေမှာလည်း အများကြီး အတက်အကျဖြစ်ခဲ့တဲ့ နှစ်တစ်ခုဖြစ်ပါတယ်…

🍀ပထမဆုံး ဘယ်လိုအခက်အခဲတွေပဲရှိရှိ ဘယ်လိုလောကဓံအတက်အကျတွေပဲကြုံကြုံ ၂၀၂၂ ကိုလည်း တခြားနှစ်တွေလိုပဲ အောင်မြင်စွာဖြတ်ကျော်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ Congratulations လုပ်ပေးပါ…

Congratulations to you all 🍾🎉🎊

🍀2022 မှာ ကိုယ့်အတွက်အကြီးမားဆုံး လုပ်ဆောင်နိုင်ခဲ့တဲ့ လုပ်ဆောင်မှု ( achievement) တစ်ခုကို ချရေးပါ…

စိမ်းအတွက်ကတော့ ဒီလောက် စိတ်တွေအတက်အကျ ဖြစ်နိုင်တဲ့ အခြေအနေ၊ Energy drainage တွေဖြစ်ဖို့ ပံ့ပိုးနေတဲ့ အခြေအနေမှာ

✨ဘယ်လိုအခြေအနေမဆို လက်ခံနိုင်အောင် inner self level အထိ အေးအေးဆေးဆေး ရပ်တည်နိုင်အောင်

✨ပူလောင်မှုတွေ ကိုယ့်ရဲ့ မကောင်းတဲ့ အကျင့်တွေကို လွှတ်ချနိုင်အောင်

✨ကျန်းမာရေး၊ relationship ၊ ငွေကြေး ၊ အလုပ်အကိုင်စတဲ့ နေရာတွေမှာ ကောင်းတဲ့ energy channeling တွေဖြစ်အောင်

လူထောင်ချီပြီး ကူညီပေးနိုင်ခဲ့တဲ့ Energy Work Program ကို ဖန်တီးနိုင်ခဲ့တာရယ်…. တကယ်တန်ဖိုးရှိတဲ့ Live sessions ပေါင်းများစွာနဲ့ လူသန်းချီအထိရောက်ရှိအောင် ကူညီပေးနိုင်ခဲ့တာပါပဲ…

🍀ရှေ့နှစ်တွေကို ပိုပြီးအဆင်ပြေပြေဖြတ်ကျော်နိုင်ဖို့ 2022 မှာ ဘာတွေသင်ခန်းစာရခဲ့လဲ.. ဘာတွေကိုဘဝမှာ ပြုပြင်ဖို့လိုလဲ ဆိုတာကို ချရေးပါ ..

စိမ်းကတော့ လက်ရှိလုပ်နေတဲ့ အနေအထားထက်ကို Boundary Setting ပိုချရမယ်.. တချို့ အဆင်မပြေတော့တဲ့ energy field တွေထဲကနေ သတ္တိရှိရှိရုန်းထွက်ဖို့ကြိုးစားရပါမယ်… ပြီးတော့ ကိုယ့်အတွက် အချိန်ဒီ့ထက်ပိုပေးချင်ပါသေးတယ်.. Time management ကို ပိုပြီးသေချာလုပ်ရမယ်လို့ သုံးသပ်မိပါတယ်..

🍀2022 ရဲ့အလွန်မှာရော ဘာတွေဆက်လုပ်သွားမလဲ …

✨စိမ်းကတော့ ဘယ်တော့ ပျောက်ကွယ်မယ်မှန်းမသိတဲ့ လောကကြီးထဲမှာ ကိုယ့်အနားမှာရှိတဲ့ လူတွေကို ပိုတန်ဖိုးထား ပိုချစ်ပါမယ်.. အချိန်ပိုပေးပါမယ်..

✨ပြီးရင် လူတွေအများကြီး အကျိုးရှိခဲ့တဲ့ Energy Work program ကို အချိန်ပေးပြီး ပြန်လုပ်တဲ့အပြင် Course work အသစ်တွေ၊ Program အသစ်တွေကိုလည်း ဖန်တီးပါဦးမယ်..

✨Awareness and Wisdom ( အသိနဲ့ ဥာဏ်ပညာ) ဟာ new learning တွေကပဲရတဲ့အတွက် အများကြီး ထပ်လေ့လာသင်ယူပါဦးမယ်..

✨ကိုယ့်အတွက်လည်း အချိန်တစ်ခုပေးပြီးတရားအားထုတ်ပါဦးမယ်..

ခုဒီစာလေးကို ဖတ်နေသူတွေလည်း 2022 အတွက်

💫 Congratulations လုပ်ပါ

💫2022 မှာ ကိုယ်လုပ်နိုင်ခဲ့တဲ့ အကြီးဆုံး လုပ်ဆောင်မှု (Achievement) တစ်ခုကို ချရေးပါ

💫2022 မှာရခဲ့တဲ့ သင်ခန်းစာတွေနဲ့ ပြုပြင်ချင်တဲ့ အချက်တွေကို စဉ်းစားချရေးပါ..

💫2022 အလွန်မှာရော ဘာတွေဆက်လုပ်သွားမလဲ ချရေးပါ …

Comment လေးတွေမှာ ရေးမယ်ဆိုလည်း စိမ်းက Comment တစ်ခုချင်းကို ချစ်ခင်စွာနဲ့ ဂရုတစိုက်ဖတ်ချင်ပါသေးတယ် 💞

Better year 2022 ပါ 🍀

💫Congratulations 💫

🍀With All my Love & Energy 🍀

#DrSeinn

#InternationalCertifiedLifeCoach

#Trainer

#EnergyHealer