Feature Articles

Protect Your Energy

မနေ့ကမနက်စောစောတရားထိုင်နေတုန်း စိတ်ကလေး အေးချမ်းကြည်လင်နေတုန်း ထိုင်ချိန်နာရီဝက်နီးပါးလောက်မှာ တိုက်အောက်မှာစျေးရောင်းတဲ့ကားရောက်လာပြီး အသံကျယ်နဲ့အော်ရောင်းတာ ရုတ်တရက်ကြားလိုက်ရပါတယ်.. ဖြတ်ခနဲဖြစ်သွားပေမယ့် ကိုယ့်အမှတ်ကိုပဲအာရုံစိုက်ကိုယ့်ဘာသာဆက်မှတ်နေလိုက်တယ်…

ဒါပေမယ့် စျေးကားကတော်တော်နဲ့မသွားဘဲ ဆက်တိုက်အော်နေတော့ တရားမှတ်နေတဲ့အချိန်မှာတောင် စိတ်တိုတဲ့စိတ်တွေ၊ တရားမှတ်နေချိန်ကျမှနားငြီးလိုက်တာဆိုတဲ့ မကျေမနပ်စိတ်လေးတွေဟာ လှစ်ခနဲလှစ်ခနဲ တက်လာပါတယ်… အဲ့အချိန်မှာ ကိုယ်လုပ်နေတာတော့ သူများကြောင့်အပျက်ခံလို့မဖြစ်ဘူးဆိုတဲ့ သတိကပ်တဲ့စိတ်နဲ့ အမှတ်ကိုအာရုံပြန်စိုက်မှသာ တဖြည်းဖြည်းပြန်တည်ငြိမ်လာပြီးဘာအသံကြားကြား ဘယ်လိုမှမနေတော့ပါဘူး… အဲ့လိုပါပဲ.. စိမ်းတို့နေ့စဉ် ဘဝတွေမှာလည်း energy သဘောတရားကိုနားလည်လို့ ကိုယ့်ဘဝမှာ ကောင်းတဲ့အရာတွေပဲလိုချင်လို့ ကိုယ်ကဘယ်လိုပဲ ကောင်းတဲ့ energy နဲ့နေနေ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့ energy ကိုဆွဲချမယ့်လူတွေ၊ ဖြစ်ရပ်တွေဟာ သိသိသာသာရော မသိမသာရော ရှိနေတတ်ပါတယ်…

ကိုယ့်စိတ်ဟာ ကိုယ်တောင်မသိလိုက်သေးခင် အဲ့အရာတွေအပေါ်မှာ ဒေါသထွက်တာ၊ စိတ်ညစ်တာ၊ မကျေနပ်တာ၊ မခံချိမခံသာဖြစ်တာစတဲ့ negative energy ဖက်ကိုကူးပြောင်းသွားတတ်ပါတယ်.. တခါတလေကိုယ်နဲ့ဘာမှမသက်ဆိုင်တဲ့ Facebook လို social media ပေါ်က သတင်းတွေ၊ တခြားသူတွေရဲ့အရေးတွေမှာ ဝင်ပြီး negative energy တွေယူနေတာလည်း သတိထားရမယ့်အချက်ပါပဲ….ကိုယ့်ကို positive energy ပေးမယ့် ပတ်ဝန်းကျင်( လူတွေ၊ mediaတွေ) ကို ကိုယ်ကရွေးချယ်ဖို့လိုသလို၊ ကိုယ်ကမလွှဲသာလို့ ဆက်ဆံနေရပေမယ့် ကိုယ့် energy ကိုဆွဲချမယ့်သူတွေ ဖြစ်ရပ်တွေရှိလာရင်လည်း ကိုယ့်ရဲ့ မူရင်း ကောင်းနေတဲ့ energy ကိုကျမသွားအောင် ကာကွယ်ဖို့ လိုပါတယ်… ခုန ဘာအသံကြားကြား စိမ်းအလုပ်စိမ်းဆက်လုပ်လိုက်တော့လည်း အသံက နားထဲမှာသိပ်မကျယ်တော့သလိုပေါ့… စိမ်းကတော့ ကိုယ့်ရဲ့ positive energy ကိုတတ်နိုင်သမျှကာကွယ်ထားပါတယ်…

ဒီစာဖတ်နေတဲ့သူတွေရော ကိုယ့်ရဲ့ ကောင်းမွန်တဲ့ energy ကိုဘယ်လိုတွေကာကွယ်နေလဲ ပြောပြခဲ့ပါဦးနော်…

#ProtectYourEnergy

💚With All my Love & Energy 💚

Dr Seinn Life Coach & Trainer