ဒီပုံလေးကို တချက်ကြည့်ကြည့်ရင် ဘာကိုအရင်ဆုံးမြင်ပါသလဲ…
တချို့တွေက ပန်းအဝါရောင်လေးကို အရင်မြင်မယ်… တချို့တွေက နာရီလေးမြင်မယ်… တချို့တွေက မီးအိမ်ဝါဝါလေးမြင်မယ်… တချို့တွေက စာအုပ်လေးမြင်မယ်…
ပြောချင်တာက ဒီအခြေအနေ ဒီမြင်ကွင်းကိုပဲ တချိန်တည်းမှာ ကိုယ့်ရဲ့အာရုံစိုက်မှု မတူတာနဲ့ အမြင်မတူပါဘူး…
ဒီလိုပါပဲ … ဘဝမှာလည်း ကိုယ်ဘာကို focus လုပ်နေလဲ ၊ ကိုယ်ဘာကိုအာရုံစိုက်နေလဲ ပေါ်မူတည်ပြီး ကိုယ့်ရဲ့ ခံစားချက်တွေ အမြင်တွေကပြောင်းသွားတာပါ…
ကိုယ့်မှာရှိမနေတဲ့အရာတွေတွေးပြီး မချင့်မရဲဖြစ်နေတာမျိုး ၊ မဖြစ်သေးတဲ့အရာကို တွေးတောပူပန်နေတာမျိုး ၊ ကိုယ်ပြောင်းလဲလို့မရနိုင်တဲ့ကိစ္စတွေ တခြားသူတွေရဲ့အမူအကျင့်တွေကို စိတ်ညစ်ဒေါသထွက်နေတာမျိုး ၊ကိုယ်နဲ့မသက်ဆိုင်တဲ့ကိစ္စတွေကိုဝင်ပါပြီးbad feelings တွေခံစားနေတာမျိုး မဟုတ်ဘဲ ကိုယ်ရရှိနေတဲ့ အခြေအနေကို ကျေးဇူးတင်ဝမ်းမြောက်အကောင်းမြင်စိတ်နဲ့ကြည့်ရှုနိုင်တဲ့ Attitude of Gratitude ဟာ သိပ်အရေးကြီးတာပါပဲ..
ကိုယ်ဘာကို အာရုံစိုက်မှာလုပ်မှာလဲ ????
စိတ်ညစ်စရာစိတ်ရှုပ်စရာတွေ ပြဿနာတွေပဲ ထိုင်တွေးနေမှာလား ??
ပျော်စရာ စိတ်ချမ်းသာစရာ ကျေးဇူးတင်စရာကိုရှာတွေးမှာလား???
Negative တွေ Problems တွေကိုပဲ မသိစိတ်ကစမြင်တတ် စတွေးတတ်တာ အကျင့်ပါနေတဲ့ လူသားတွေမို့ စစချင်း positive တွေးရတာခက်ပေမယ့် အကျင့်ဖြစ်လာတဲ့အခါ စိတ်က auto ကို positive ဘက်ကိုပြောင်းလဲလာပါလိမ့်မယ်..
တစ်ရက်ကို ကိုယ်ကျေးဇူးတင်ရတဲ့ ကိုယ့်ဘဝမှာရနေတဲ့ ကိုယ်ကံကောင်းနေအချက်၃ ချက်လောက်ပဲထိုင်တွေးရင်တောင် ၁လဆို အချက်၉၀ ရှိပါတယ်…
ဖြစ်နေတဲ့ဖြစ်ရပ်တွေ ကိုယ်နဲ့ပတ်သက်တဲ့သူတွေက ဒီအတိုင်းဘာမှမပြောင်းလဲပါဘူး …
ကိုယ်အာရုံစိုက်တာ ပြောင်းသွားတာနဲ့ကို ဒီတူညီတဲ့အခြေအနေမှာပဲ ပျော်စရာ စိတ်ချမ်းသာစရာ ကောင်းလာတာမျိုးပါ.. စိတ်ကအဆင်ပြေလာတာမျိုးပါ… ပျော်စရာရှိမှ ပျော်ရတာမဟုတ်ပါဘူး… ပျော်နေမှ စိတ်ကြည်နေမှ ပျော်စရာကောင်းတာတွေရောက်လာမှာပါ…
“You are the master of your mind “ တဲ့ …..ကိုယ့်စိတ်အခြေအနေတွေရဲ့ အရှင်သခင်ဟာ ကိုယ်ပါပဲ …
3rd December 2020
With all my Love & Energy ![]()
Dr Seinn
Life Coach & Trainer
