မကြာခင်မှာ 2022 ကိုရောက်ပါတော့မယ်…
လူတိုင်းဟာ ကိုယ့်ရဲ့ မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေ၊ အိပ်မက်တွေဆီကို သွားနေကြသူချည်းပါပဲ…
Energy work တွေ ခေတ်စားလာတဲ့အခါ အတော်များများ Manifest လုပ်တာတွေ၊ Attract လုပ်တာတွေနဲ့ ရင်းနှီးကျွမ်းဝင်ရှိလာပါတယ်…
လူကတော့ လက်ရှိအတိုင်း တွေးခေါ်ပြုမူနေပြီး လိုချင်တဲ့ အသစ်တွေကို ထိုင်စိတ်ကူးနေတာ ချရေးနေတာက လက်တွေ့မှာ အလုပ်မဖြစ်စေပါဘူး…
ကိုယ့်ရဲ့ လက်ရှိအတွေးအခေါ်၊ အယူအဆ၊ ခံယူချက်၊ ယုံကြည်ချက်တွေဟာ အဟောင်းတွေ ၊ ဒီပုံစံ ဒီအတွေးအခေါ်တွေပဲ pattern လည်နေမယ်ဆိုရင် ဒီလိုရလဒ်တွေပဲ ဘဝမှာ ထပ်ခါထပ်ခါလာနေမှာပါ… အယူအဆအဟောင်း၊ အတွေးဟောင်း၊ အကျင့်ဟောင်းတွေနဲ့ အိပ်မက်အသစ်တွေကို attract လုပ်လို့မရပါဘူး…
အခုနောက်ဆုံးတွေ့ရှိချက်အရဆို လူရဲ့ cell တစ်ခုချင်းမှာ ဥာဏ်ပညာရှိပါသတဲ့.. ကိုယ့်ရဲ့ attraction တွေရောက်လာအောင် ကိုယ့်ရဲ့ cell တစ်ခုချင်း level အထိ ပြောင်းလဲနိုင်တဲ့အထိ ကိုယ့်ရဲ့ မူလ pattern အဟောင်းတွေကိုပြောင်းမှရမှာပါ…
ကိုယ် manifest လုပ်နေတာတွေ မရဘူး.. မဖြစ်ဘူးဆိုရင်တော့ ကိုယ့်ရဲ့ လက်ရှိ pattern ကို ပြန်သုံးသပ်ကြည့်ဖို့လိုပါပြီ…
လက်ရှိ pattern က negative တွေ၊ judgement တွေ၊ အပြစ်တင် မကျေနပ်တာတွေ၊ လောဘ၊ ဒေါသ၊ မောဟ ၊ မာန်မာန နဲ့ က္ကသာမစ္ဆရိယ ဆိုတဲ့ pattern တွေထဲပဲလည်နေမယ်ဆိုရင်တော့ တစ်ရက်လုံး manifest ထိုင်လုပ်နေလည်း abundance frequency နဲ့ ဘယ်လိုမှ ကိုက်ညီမှာမဟုတ်ပါဘူး…
အကြောင်းတရားတွေမဖြည့်ဘဲ အကျိုးမဖြစ်နိုင်ပါဘူး.. အကြောင်းတရားတွေပြည့်စုံသွားရင် အကျိုးကို မဖြစ်ပါနဲ့ မလာပါနဲ့လို့ကိုတားလို့ကိုမရပါဘူး ..
လက်ရှိအတွေးတွေ၊ ခံယူချက်တွေ ၊ energy တွေကသာ ကိုယ့်ရဲ့ အနာဂါတ်ကိုဖန်တီးတာပါ…
ကိုယ့်ရဲ့ လက်ရှိ pattern တွေက abundance နဲ့ ကိုက်ညီရဲ့လား ပြန်ပြီးသုံးသပ်ရင်း ပိုကောင်းတဲ့ pattern အသစ်တွေကို 2022 မှာ ပြောင်းလဲနိုင်ကြပါစေ ![]()
![]()
![]()
With All my Love & Energy ![]()
Dr Seinn
Life Coach & Trainer
