Feature Articles

Partial Solar Eclipse

မနက်ဖြန် October (၂၅) ရက်နေ့မှာ တစ်ပိုင်းတစ်စ နေကြတ်တဲ့ ဖြစ်စဉ် (Partial Solar Eclipse ) ဖြစ်မယ်ဆိုတာကို အတော်များများသိပြီးဖြစ်ပါလိမ့်မယ်…

☀️ နေဆိုတာ စကြဝဠာတစ်ခုလုံးကို အလင်းပေးစွမ်းနိုင်တဲ့ စွမ်းအင်ကြီးမားတဲ့ ကြယ်ကြီးတစ်လုံးဖြစ်ပါတယ်… ဂြိုဟ်တွေအားလုံးဟာလည်း နေကို ဗဟိုပြုပြီး ပတ်ကြရတာပါ..

☀️ အထူးသဖြင့် အလင်းရောင်ရရှိဖို့ ၊ သတ္တဝါတွေ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် နေရဲ့ energy က အဓိကကျပါတယ်…

☀️နက္ခဗေဒပညာရပ်အရလည်း နေဟာ တနင်္ဂနွေဂြိုဟ်ကို ကိုယ်စားပြုပါတယ်…

☀️ တနင်္ဂနွေဂြိုဟ်ဟာ လူတစ်ယောက်ရဲ့ဘဝမှာ အောင်မြင်မှု၊ အလုပ်အကိုင် ၊ အိုးအိမ်နေရာထိုင်ခင်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ ဘဝရဲ့ဂုဏ်ယူဖွယ်ရာမှတ်တိုင်တွေကို အဆုံးအဖြတ်ပေးနိုင်တဲ့ ဂြိုဟ်ဖြစ်ပါတယ်… Energy and Inner Power ကို ပေးစွမ်းနိုင်တဲ့ ဂြိုဟ်ကြီးတစ်ခုဖြစ်ပါတယ်..

☀️ ဒီလို အလင်းတွေ ၊ Power တွေ ၊ Energy တွေ ပေးစွမ်းနိုင်တဲ့ တနင်္ဂနွေဂြိုဟ်မင်းကြီး ဖြစ်တဲ့ နေမင်းရဲ့ အလင်းရောင် ခဏပျောက်ကွယ်မယ့် နေကြတ်တဲ့ဖြစ်စဉ်မှာ ဒီအမှောင်ဓာတ်သဘောတွေ dark energy တွေ ကို ကာကွယ်ဖို့အတွက် စိမ်းရဲ့ နက္ခတ်ဗေဒပိုင်းဆိုင်ရာ Mentor ဆရာပေးတဲ့ ကုသိုလ်လေးတစ်ခုကို sharing လုပ်ပေးချင်ပါတယ်..

အဲ့ဒါကတော့ နေကြတ်မယ့် October (၂၅) ညဖက်မှာ မိမိနေရာရဲ့ ဘုရားကျောင်းဆောင်ကို ညလုံးပေါက် 🪔မီးအလင်းဓာတ်🪔နဲ့ ပူဇော်ထားဖို့ပါပဲ… လျှပ်စစ်မီးနဲ့ပဲ ပူဇော်လို့ရပါတယ်..

ဘယ်ဘာသာဝင်မဆိုလုပ်လို့ရပြီး မိမိယုံကြည်ကိုးကွယ်ရာပူဇော်ထားရှိတဲ့ ကျောင်းဆောင်နေရာကို ညလုံးပေါက် မီးပူဇော်ထားရင်ရပါပြီ…

စိမ်းကတော့ ဒီလတွေမှာ အိမ်က ဘုရားကျောင်းဆောင်ကို ညလုံးပေါက် 🪔အလင်းဓာတ်🪔 နဲ့ ပူဇော်ထားပါတယ်… လျှပ်စစ်မီးနဲ့ပဲ ပူဇော်တာပါ…

ကိုယ်တစ်ခုခုသိလာရင် အများအတွက်မျှဝေပေးနေကြဖြစ်တဲ့အတွက် နေကြတ်တဲ့ဖြစ်စဉ်မှာ မကောင်းမှုကံတွေပျောက်ပြီး ကောင်းတဲ့ energy တွေကို ဆွဲခေါ်ဖို့ ဒီကုသိုလ်လေးကို မျှဝေပေးလိုက်ရပါတယ်…

🪔 အားလုံးပဲ ဘေးဘယာတွေ ကင်းဝေးပြီး ကောင်းမြတ်သော လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ 🪔

🙏 Namaste 🙏

🍀With All my Love & Energy 🍀

#DrSeinn

#InternationalCertifiedLifeCoach

#Trainer

#EnergyHealer