Feature Articles

777 Powerful Portal (7.7.2023)

2023 ဟာ ပေါင်းခြင်း ၇ ရတဲ့အတွက် Spiritual year တစ်ခုဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။

ဥာဏ်ပညာအလင်း (Inner wisdom)ကို ဦးတည်တဲ့ ဖြစ်ရပ်တွေ ၊ လောကဓံအတက်အကျတွေ ၊ မထင်မှတ်ထားတဲ့ ရိုက်ချက်တွေ ၊ သံဝေဂရစရာတွေ စတဲ့ Awakening ဖြစ်စဉ်တွေကို လူတစ်ဦးချင်းစီမှာ ပိုပြီးကြုံတွေ့ရမယ့် နှစ်တစ်ခုဖြစ်ပါတယ်။

ရထားတစီးပေါ်ခရီးသွားရင်း လှတဲ့ရှူခင်းတွေရော မလှတဲ့ ရှုခင်းတွေရော ကြည့်ချင်ချင် မကြည့်ချင်ချင်တွေ့နေရသလိုပဲ ကိုယ်ဖြစ်ချင်ချင် မဖြစ်ချင်ချင် သူ့သဘောသူဆောင်လာတဲ့ အကောင်းတလှည့် အဆိုးတလှည့်တွေကို ထိုင်ပြီးကြည့်ရတတ်တဲ့ လက်ခံရတတ်တဲ့နှစ်ဖြစ်ပါတယ်။ Lesson & Blessing တလှည့်စီလာတဲ့အချိန်မျိုးပါ။

အဲ့လို အသွင်ဆောင်တဲ့ Number 7 ရထားတဲ့ 2023 ထဲက ရက်တွေထဲမှာ July 7 2023 ဟာ 777 ဆိုတဲ့ အင်မတန် powerful ဖြစ်တဲ့ universal portal ပွင့်တဲ့နေ့ဖြစ်ပါတယ်။

Buck Moon လို့ ခေါ်တဲ့ သမင်ချိုလေးတွေ အပြည့်ထွက်သလို ကိုယ့်ရဲ့ potential တွေ အကုန်ထွက်လာတယ်ဆိုတဲ့ ပြီးခဲ့တဲ့ လပြည့်နေ့ (July 3) နဲ့လည်း အင်မတန်နီးကပ်လို့ 777 portal ဟာ ကိုယ့်ရဲ့ manifestation တွေအတွက် ကြီးမားတဲ့ energy အထောက်အပံ့ ပေးတဲ့ ရက်ဖြစ်သလို Spiritual Awakening နဲ့ ကိုယ့်ရဲ့ consciousness level မြင့်မားလာဖို့အတွက် အထောက်အပံ့ပြုတဲ့ powerful portal တစ်ခုလည်းဖြစ်ပါတယ်။

777 portal ကျရောက်တဲ့အတွက်

🍀 ကိုယ့်ရဲ့ ပါရမီစွမ်းတွေ psychic ability တွေ intuitive power တွေ ပိုပြီး အားကောင်းလာနိုင်ပါတယ်။ အဲ့အတွက် ကိုယ့်ကို calling လုပ်နေတဲ့ channel message တွေ intuition တွေကို ပိုပြီးယုံကြည်ဖို့လိုပါတယ်။ Intuition အားကောင်းဖို့ဆို ငါ့အတွေး ငါထင်တာ ငါကြုံလာဖူးတာဆိုတဲ့ ငါဆိုတဲ့ Ego ကို ပိုပြီးလျှော့ချနိုင်ဖို့လိုပါတယ်။

🍀777 ဟာ Spiritual မှာ Divine Number ( God Number) ဖြစ်ပါတယ်။ ဆိုလိုချင်တာ ဒီရက်ပိုင်းအတွင်းပေါ်လာတဲ့ အကြောင်းအရာတွေ ကိစ္စတွေဟာ အကြောင်းတရားစုံသွားလို့ အကျိုးဖြစ်လာတာ တနည်းအားဖြင့် Divine Timing ကြောင့် ကိုယ့်ဆီရောက်လာတာဖြစ်ပါတယ်။

အခက်အခဲတွေကလည်း ကိုယ်ဖြေရှင်းနိုင်လို့ Divine Timing အရ ကိုယ့်ဆီရောက်လာတာဖြစ်လာပြီး အခွင့်အလမ်းတွေကလည်း ကိုယ့်အနေနဲ့ ready မဖြစ်သေးဘူးထင်ရင်တောင် ကိုယ်လုပ်နိုင်တဲ့ အရာဖြစ်လို့ Divine Timing အရ ကိုယ့်ဆီရောက်လာတာဖြစ်ပါတယ်။

🍀Angel number 777 ရဲ့ နောက် အဓိပ္ပါယ်တစ်ခုကတော့ Divine Protection ဖြစ်ပါတယ်။ ဆိုလိုချငိတာ ကိုယ့်ရဲ့ intuition ကိုယုံပါ။ စိမ်းအမြဲပြောနေကြလိုပဲ ✨ Trust the process .. Trust your energy ✨ ပါ။ ကိုယ်လုပ်နေတဲ့ လမ်းကြောင်းအတွက် ကိုယ့်မှာ Protection အပြည့်အဝရှိပါတယ်။

🍀Number 7 ဟာ ဂဏန်းဗေဒအရ မိမိကိုယ်ကိုယ်ဆိုတဲ့ “ Self “ ကိုလည်း ကိုယ်စားပြုတဲ့အတွက် Self Love & Self Care ကို လုပ်သင့်တဲ့အချိန် ၊ ကိုယ့်ရဲ့ ရည်ရွယ်ချက်တွေကို intention setting ချသင့်တဲ့အချိန် ၊ Manifestation လုပ်သင့်တဲ့ အချိန်ဖြစ်ပါတယ်။

🍀777 ဆိုတဲ့ ၇ ဂဏန်း ၃ လုံးပေါင်းဆုံတဲ့ အချိန်ဖြစ်လို့ ကိုယ်ရည်ရွယ်ထားတာတွေ manifestation လုပ်မယ် ..အကြောင်းတရားဖြည့်မယ်.. ကျန်တာကို သူ့သဘောသူဆောင်လိမ့်မယ်ဆိုပြီး စိတ်လျှော့ထားနိုင် surrender လုပ်နိုင်လေလေ အသံကို အသံချဲ့စက် (Amplifier) နဲ့ ဖွင့်လိုက်သလိုပဲ ကိုယ်မျှော်မှန်းထားတာထက်ပိုတဲ့ Abundanceတွေကို ရလေလေဖြစ်မှာပါပဲ။

Photo : Pinterest

🍀With all my Love & Energy 🍀

Dr Seinn

#InternatinalCertifiedLifeCoach

#EnergyHealer

#Trainer