Warning for Today Lunar Eclipse ![]()
တစ်ကမ္ဘာလုံးအတွက် လပြည့်နေ့က ဒီနေ့ နိုဝင်ဘာ ၈ ရက် ၂၀၂၂ မှ ကျရောက်မှာဖြစ်ပါတယ်..
ဒီနေ့လပြည့်နေ့ဟာ လကြတ်ခြင်း (Lunar Eclipse ) ဖြစ်ပေါ်မှာ ဖြစ်ပါတယ်…
မြန်မာနိုင်ငံအတွက် လကြတ်ချိန်ဟာ ညနေ ၅ နာရီ ၃၁ မိနစ် ၅၆စက္ကန့် ကနေ ည ၈ နာရီ ၂၆ မိနစ် ၁၃ စက္ကန့်အထိ ဖြစ်ပါတယ်…
ကျန်တဲ့ နိုင်ငံများကလည်း သက်ဆိုင်ရာ လကြတ်ချိန်တွေရှိမှာဖြစ်ပါတယ်..
ဒီတစ်ခေါက်လကြတ်ခြင်းဟာ နက္ခတ်အရအဆင်မပြေသော နက္ခတ်အခါများဖြစ်နေခြင်း ၊ negative vibration များစွာရှိနေခြင်းတွေဖြစ်တဲ့အတွက်
ယနေ့ညမှာ
လကို ထွက်ကြည့်ခြင်း ၊ ဓာတ်ပုံရိုက်ပြီးသိမ်းထားခြင်းလုံးဝမပြုလုပ်ရပါ ..
Moon energy ယူ၍ manifestation လုပ်ခြင်း၊ moon water ယူခြင်း၊ energy work များလုပ်ခြင်း၊ လရောင်အောက်တွင် mediation လုပ်ခြင်း ၊ crystal များ energizing ပြုလုပ်ခြင်းများ မပြုလုပ်ရပါ..
ကျက်သရေ မရှိသော၊ နမိတ်မရှိသော စကားများကို စနောက်၍ပင်မပြောရပါ..
လကြတ်ချိန်အတွင်း မိမိနေထိုင်ရာနေရာတွင် သက်ဆိုင်ရာ ဘာသာတရားအလိုက် ဝတ်ပြုခြင်း၊ ရွတ်ဖတ်ခြင်း၊ မေတ္တာပို့ခြင်း၊ အမျှပေးခြင်းများကို တတ်နိုင်သမျှပြုလုပ်ပေးပါ..
မိမိနေထိုင်ရာ တအိမ်လုံး ရှိသမျှမီးလုံး မီးချောင်းများကို ညလုံးပေါက်ဖွင့်ထားပေးပါ..
ဒီနေ့ညအတွက် စိမ်းသိထားတဲ့ အချက်အလက်တွေကို အားလုံးအကျိုးရှိစေဖို့ အချိန်မှီလေးမျှဝေပေးလိုက်ရပါတယ်…
သေချာရှင်းပြပြောပြပေးတဲ့ စိမ်းရဲ့ နက္ခဗေဒပညာရှင် Mentor ဆရာကြီးကို လေးစားစွာ ဂါရဝပြုကန်တော့ပါတယ် ![]()
![]()
![]()
Edit : ယခု sharing လုပ်ထားတဲ့ post သည် spiritual journey ကို သွားနေကြသူများ၊ နက္ခဗေဒပညာရပ်ပိုင်းကို ယုံကြည်သူများအတွက် မျှဝေခြင်းသာ ဖြစ်ပါတယ်..
မိမိအတွက် အဆင်မပြေ၊ အသုံးမဝင်ဟု ယူဆပါက မိမိအဆင်ပြေသလို ယုံကြည်သလို လွတ်လပ်စွာလုပ်ဆောင်နိုင်ပါတယ် ![]()
