Mount Kurama : The Birthplace of Reiki
ပြီးခဲ့တဲ့ April က Japan ကို Reiki ရဲ့ ပထမဆုံး First Line Grand Master Dr Makio Usui ရဲ့ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ပြုလုပ်တဲ့ International Reiki Event တစ်ခုသွားတက်ရင်း ဆရာကြီး Dr Usui meditation အဓိဌာန်လုပ်ပြီး Reiki ပညာရပ်ကို စတင်ဥာဏ်ပေါက်ခဲ့တဲ့ ကျိုတိုမြို့က Kurama တောင်ကိုလည်း အစီအစဉ်မရှိဘဲ ရောက်ရှိခဲ့ပါတယ်။
အမှန်တော့ Kurama တောင်ကို လာရဖို့အကြောင်းတရားပါလာပြီး Divine Timing ဆိုတဲ့ အချိန်ကျလာလို့ Event ကိုသွားရဖို့ အကြောင်းဖန်လာတာဆိုတာကို တောင်ပေါ်ရောက်မှ သိသွားတယ်ဆိုတာကို လည်း japan ကပြန်လာပြီး လုပ်တဲ့ Live session လေးမှာ ပြောပြခဲ့ဖူးပါတယ်။
Kurama တောင်ရဲ့ Energy ကို အများကို မျှဝေဦးမယ် sharing လုပ်ပေးမယ်လို့ ပြောခဲ့တဲ့အတိုင်း ဒီနေ့ post လေးကနေ Energy sharing လုပ်ပေးလိုက်ရပါတယ်။
Kurama တောင်ဟာ ဂျပန်နိုင်ငံရဲ့ရိုးရာအမွေအနှစ်တွေ၊ ဓလေ့ထုံးတမ်းတွေ ၊ ယဉ်ကျေးမှုတွေနဲ့ ပြည့်ဝနေတဲ့ ကျိုတိုမြို့မှာရှိပြီး တောင်ပေါ်မှာ ဘုန်းတော်ကြီးကျောင်းတွေ ၊ Temple တွေ၊ တရားထိုင်တဲ့နေရာတွေ ၊ ဂျပန်လူမျိုးတွေ ယုံကြည်ကိုးကွယ်တဲ့ နတ်ဒေဝတာတွေစံမြန်းတဲ့ နတ်ကွန်း (Jinja) တွေအများကြီးနဲ့ တကယ့်ကို အေးချမ်းတဲ့ peaceful vibe အပြည့်ရှိတဲ့ Spiritual place ဖြစ်တဲ့ မြင့်မြတ်တဲ့ Holy Mountain ဖြစ်ပါတယ်။
Reiki ပညာရပ်စတင်ပေါ်ထွက်လာတဲ့ နေရာတစ်ခုဖြစ်သလို Universe ရဲ့ Energy Center Point တစ်ခု ရှိတဲ့နေရာလည်းဖြစ်ပါတယ်။
စိမ်းက ပုံလေးတွေအောက်မှာ Caption လေးတွေနဲ့ ရှင်းပြပေးသွားပါမယ်။
စိမ်းရဲ့ post လေးကတဆင့် ကောင်းမွန်သော Energy စွမ်းအင်များ ၊ Reiki power များနဲ့ ချိတ်ဆက်နိုင်ကြပါစေ .. အများကိုလည်း Energy Sharing လုပ်ပေးနိုင်ကြပါစေ
With all my Love & Energy
Dr Seinn