Feature Articles

Law of impermanence

🍀လောကကြီးမှာ အဆိုးနဲ့အကောင်းဟာ ဒွန်တွဲနေတယ်… Law of impermanence ဆိုတဲ့ မမြဲတဲ့ အနိစ္စသဘောအရ အကောင်းအဆိုးတွေဟာမြဲမနေဘဲ တလှည့်စီလာတယ်ဆိုတဲ့ လောကသဘာဝဟာ တကယ်မှန်တာပါပဲ…

🍀ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ခရီးသွားရင်း ရုတ်တရက် မခံနိုင်အောင် ဗိုက်အောင့်လို့ ခရီးမှာ လေယာဉ်ပေါ်မှာ တစ်ခုခုဖြစ်မှာစိတ်ပူ… ရန်ကုန်ရောက်ဆရာဝန်နဲ့ပြတော့ သည်းခြေအိတ်အတော်ယောင်နေပြီး ထုတ်မှ အဆင်ပြေမဲ့အနေအထားမို့ ချက်ချင်းဆေးရုံတက် ချက်ချင်းခွဲထုတ်လိုက်ရတယ်…

🍀အလုပ်တွေခဏရပ်၊ လူလည်းထိ၊ မွေးရာပါ ဝမ်းတွင်းကလီစာတစ်ခုလည်းထွက်၊ ငွေလည်းအပိုသုံးရပေါ့လေ…

🍀ပြီး spiritual filed ထဲကသူတွေအတွက် universe ထဲက ဂြိုဟ်ခွင်တွေရဲ့ ထူးခြားတဲ့ ဖြစ်ရပ်တွေရှိလာရင် သတိထားစရာတွေ ကုသိုလ်လုပ်စရာတွေမျှဝေပေးနေကြအတိုင်း မျှဝေလိုက်တဲ့ post တစ်ခုဟာ နေရင်းထိုင်ရင်း အပြောခံရတယ်ပဲဆိုပါတော့…

🍀ဒါပေမဲ့ လောကသဘာဝပဲပြောပြော universe ရဲ့ pattern ပဲပြောပြော level-up မယ် transformation တစ်ခုဖြစ်မယ်ဆို ဒုက္ခတွေက အရင်လာပါတယ်.. အတိတ်ရဲ့ အကုသိုလ်ကံအကျိုးပေးချိန်လို့ပြောလို့ရသလို next level အတွက် စာမေးပွဲစစ်ခံရတယ်လို့လည်းဆိုကြပါတယ်..

🍀အဲ့လို ကြုံတွေ့တဲ့ အခက်အခဲတွေကို ထိုင်ပြီး ခံစားနေမယ် .. suffering တွေရှည်နေမယ်.. ပြိုလဲတဲ့နေရာမှာပဲရပ်နေမယ် … တွေ့သမျှပတ်ရမ်းနေမယ် ဆိုတဲ့သူတွေရှိနိုင်သလို ..

ကိုယ်ရထားတဲ့ ဥာဏ်ပညာနဲ့အသိ ( wisdom & awareness) နဲ့

✨မတ်ေတာ (Loving Kindness)

✨ကရုဏာ (Compassion)

✨မုဒိတာ (Sympathetic Joy)

✨ဥပက်ခာ (Equanimity)

ဆိုတဲ့ ဗြဟ္မာစိုရ် တရားလေးပါးကို လက်ကိုင်ထားပြီး ကြုံသမျှလက်ခံပြီး စာမေးပွဲအစစ်ခံနိုင်တဲ့သူတွေလည်းရှိပါတယ်…

အဲ့လို နှစ်မျိုးနှစ်စားရှိသလို ရလဒ်တွေကလည်း မတူနိုင်ပါဘူး…

🍀ပြောချင်တာက ပြီးခဲ့တဲ့အပတ်တွေမှာ ကြုံတွေ့ခဲ့ရတဲ့ အစစ်ခံရတဲ့ စာမေးပွဲတွေက နည်းနည်းပြင်းထန်ပြီး မေးခွန်းခက်ပါတယ်.. ဒါပေမဲ့ wisdom and awareness နဲ့ သည်းခံဖြတ်ကျော်နိုင်ခဲ့လို့ အကောင်းဆုံးတစ်ခုကို လောကကြီးကပြန်ပေးခဲ့ပါတယ်…

🍀စိမ်းဘဝရဲ့ တန်ဖိုးအထားဆုံး Mentor ဟာ လောကီ လောကုတ္တရာအတွက် အကောင်းဆုံး လမ်းညွှန်ခဲ့တဲ့ ဗုဒ္ဓပါ… လောကနိယာမအရ Everything is Energy ဆိုတဲ့ အတိုင်း စိမ်းအတွက်တော့ ဗုဒ္ဓဆိုပြီးဖြစ်တည်ခဲ့တဲ့ ဖွားပွင့်ဟောစံနေရာတွေဟာ အမြင့်ဆုံး energy အမြင့်ဆုံး သိဒ္ဓိဓာတ်တွေရှိတဲ့နေရာပါပဲ… အဲ့နေရာဌာနတွေကို မဖြစ်မနေသွားပြီး ကုသိုလ်ပြုမယ် တရားသွားထိုင်မယ်ဆိုတာလည်း စိတ်ကူးရှိပြီးသားပါ…

🍀Energy work group ထဲကို September လမှ စပြီး join ဖြစ်တဲ့ အစ်မတစ်ယောက်က ဗုဒ္ဓဂါယာမှာ အသံမစံပဌာန်းပွဲ လုပ်ခွင့်ရချင်တာ .. ကြိုးစားတာ ၄ နှစ်ရှိပြီ မရသေးဘူးဆိုပြီး energy work zoom session မှာ လူအများရှေ့မှာပြောပြခဲ့ပါတယ်…

အဲ့အစ်မဟာ energy work join ပြီး ၂ လအတွင်း သူ ၄ နှစ်လောက်ကြိုးစားပြီး အင်မတန်ဆန္ဒပြင်းပြနေတဲ့ ဂါယာမှာ ပဌာန်းပွဲ ကျဉ်းပခွင့်ရခဲ့သလို ပထမဆုံး ပဌာန်းပွဲပြုလုပ်ခွင့်ရခဲ့တဲ့ ဗမာလည်းဖြစ်လို့ အကုန်လုံးက အံ့ဩဝမ်းသာကြရတာတဲ့..

🍀မနေ့က ဂါယာကပြန်ရောက်တဲ့ အဲ့အစ်မမိသားစုဟာ Energy work အတွက် စိမ်းကိုကျေးဇူးတင်လွန်းလို့ဆိုပြီး ဘုရားပွင့်တဲ့ ဗောဓိမြေမှာ သေချာ သိဒ္ဓိတင် ရင်ငွေ့လှုံထားတဲ့ ၊ ပဌာန်းပွဲမှာလည်း ပူဇော်ထားတဲ့ ရွှေအစစ်ပန်းလေးရော ဗောဓိညောင်ပင်ရဲ့ အရွက်အစစ်လေးရောကို လက်ဆောင်ပို့လိုက်ပါတယ်.. အစ်မပြောပြတာတော့ အရင်က လူတိုင်းဝင်လို့မရတဲ့ နေရာတွေမှာပါ သိဒ္ဓိတင်ခွင့်ရခဲ့လို့ ဒီတစ်ခါခရီးစဉ်ဟာ သွားခဲ့ဖူးတဲ့ ဂါယာခရီးစဉ်တွေထဲမှာ အထူးခြားဆုံးပါပဲတဲ့…

🍀မနေ့က အဲ့လက်ဆောင်လေးတွေကို လက်နဲ့ထိကြည့် အဲ့အစ်မပြောတာတွေ နားထောင်ပြီး ကြက်သီးတွေထ မျက်ရည်တွေဝဲရပါတယ်.. ဗုဒ္ဓရဲ့ ဓာတ်တစ်ခု အိမ်ကိုကြွရောက်လာတဲ့ မင်္ဂလာရှိတဲ့နေပါပဲ.. လောကရဲ့ အမြင့်ဆုံး energy ကိုရလိုက်တဲ့ပီတိဟာ စာနဲ့ဖော်ပြလို့မရပါဘူး..

ဒီတစ်ခါစာမေးပွဲအတွက် ရလိုက်တဲ့ဆုက ကြီးမားလိုက်တာ abundance ဖြစ်လိုက်တာဆိုတာလေ.. အစ်မကိုလည်းကျေးဇူးတင်ရပါတယ်..

🍀တပါးသူရဲ့ ဖြစ်ချင်နေတဲ့ သာသနာပြုမှုတစ်ခုကို Energy work ကနေ လပိုင်းအတွင်းကူညီနိုင်လိုက်တယ်ဆိုတဲ့သတင်းစကားကလည်း အင်မတန်ပီတိဖြစ်ရပါတယ်..

💫အဲ့အတွက် စိမ်း အကြိမ်ကြိမ်ပြောခဲ့သလိုပါပဲ.. Level up တိုင်းမှာ စာမေးပွဲရှိပါတယ်.. ကိုယ့်ရဲ့ inner self ကို စစ်တာဖြစ်လို့ခက်ပါတယ်.. Level မြင့်လေ ခက်လေပါပဲ.. ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ပေါ်မူတည်ပြီး ရလဒ်တွေကွဲပြားသွားတာပါပဲ.. 💫

🍀With All my Love & Energy 🍀

#DrSeinn

#InternationalCertifiedLifeCoach

#Trainer

#EnergyHealer