Feature Articles

Inner self

🍀ကိုယ့်ရဲ့ အတွင်းစိတ် (inner self) ကို ပိုပြီး သန့်စင်စေဖို့ နဲ့ spiritual လမ်းကြောင်းမှာ ပိုပြီး ခရီးရောက်ဖို့ဆိုရင် ကိုယ့်ကို toxic ဖြစ်တဲ့ စိတ်မချမ်းမြေ့စေတဲ့ စိတ်ထိခိုက်စေတဲ့ အရာတွေကို လွှတ်ချတတ်ဖို့လိုပါတယ်..

🍀လောကရဲ့ သဘာဝအရ ဘဝမှာ စိတ်ချမ်းသာစရာရော စိတ်ဆင်းရဲစရာရောက ဒွန်တွဲနေမှာဖြစ်ပါတယ်… ဒါပေမဲ့ လူရဲ့ အတ္တအရ လူ့သဘောသဘာဝအရ ပျော်စရာတွေလာရင် အလွယ်တကူလက်ခံနိုင်ပေမဲ့ အဆင်မပြေတဲ့အရာတွေဆိုရင် အလွယ်တကူ လက်မခံနိုင်တာများပါတယ်…

🍀လွှတ်မချနိုင်ဘဲ ပူပန်မှုတွေ ၊ စိုးရိမ်မှုတွေ၊ မကျေနပ်မှုတွေကို တွေးပြီး ဖြစ်ကြောရှည်နေတာတွေရဲ့ အဓိကအချက်ဟာ လက်မခံနိုင်လို့ပါပဲ… အဲ့အတွက် ဖြစ်လာသမျှကို စိတ်ကလေးလျှော့လိုက်တာ၊ လက်ခံလိုက်တာဟာ လွှတ်ချနိုင်ဖို့ အပူတောတွေကနေလွတ်မြောက်ဖို့ အတွက် သော့ချက်ဖြစ်ပါတယ်..

🍀လွှတ်မချဘူး ဒီလိုပဲ ပူနေရတာ ဒေါသထွက်နေရတာ ကြမ်းကြမ်းတမ်းတမ်းပြောဆိုပြီး ထွက်ပေါက်လုပ်နေရတာ ကြိုက်တယ်… လွှတ်မချတော့ ဘာဖြစ်လဲ လို့ မေးစရာရှိပါတယ်..

🍀လွှတ်မချရင် လွတ်ကျတတ်ပါတယ်…

🍀စိမ်းခုန ဧည့်ခန်းထဲက စားပွဲပေါ် ပန်းအိုးလေးသွားတင်တာ ပန်းအိုးကအင်မတန်လေးပါတယ်.. ပန်းအိုးကို လျှောက်သယ်မနေဘဲ စားပွဲပေါ်ကိုအသာအယာချရပါတယ်… အဲ့ဒီအတွက် လေးနေတဲ့ အရာတွေ ကိုယ့်လက်ထဲက လွတ်ပြီး ပေါ့ပေါ့ပါးပါးလေးဖြစ်သွားပါတယ်.. တကယ်လို့သာ လွှတ်မချဘဲ အဲ့ဒီပန်းအိုးကြီးကိုင်ပြီး လမ်းကြောရှည်နေမယ်ဆို သတိမထားလိုက်မိတဲ့ အချိန်လွတ်ကျမယ်.. နောက်ဆက်တွဲအနေနဲ့ ဖန်ပန်းအိုးကွဲ ရေတွေစို ပန်းတွေ တစစီဖြစ်ပြီး ဖရိုဖရဲ ဖြစ်ကုန်မှာဖြစ်ပါတယ်.. ဖန်စတွေကလည်း ကိုယ့်ကိုစူးနိုင်ပါသေးတယ်..

🍀ပစ္စည်းတစ်ခုကို အသာလေးချလိုက်တာနဲ့ ရုတ်တရက် ပြုတ်ကျတဲ့ လွတ်ကျတဲ့ အကျိုးသက်ရောက်မှုမတူပါဘူး..

🍀အဲ့ဒီလိုပဲ ကိုယ့်ရဲ့ဘဝမှာလည်း ကိုယ့်ကိုလေးလံစေတဲ့အရာတွေကို awareness မရှိလို့ လွှတ်မချဘဲကိုင်ထာရမယ်ဆိုရင် ကိုယ်သတိမထားလိုက်မိတဲ့ အချိန်မှာ လွတ်ကျတတ်ပါတယ်.. လွတ်ကျရင် ဖန်ပန်းအိုးကွဲသလိုဘဲ ဖရိုဖရဲတွေ မမျှော်လင့်တာတွေ ပိုပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေ လာမှာပါပဲ…

✨လက်ခံပြီး လွှတ်ချမှာလား.. တင်းခံရင်းနဲ့ လွတ်ကျတဲ့အထိ သွားမှာလားဆိုတာတော့ တစ်ဦးချင်းစီရဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ် ✨

🍀With All my Love & Energy 🍀

#DrSeinn

#InternationalCertifiedLifeCoach

#Trainer

#EnergyHealer