Feature Articles

Energy Flow

“ Energy follows thoughts “ ဆိုတဲ့ ဆိုရိုးတစ်ခုရှိပါတယ်…

အမှန်တော့ Energy ဆိုတာ ကိုယ်ဘယ်လိုအာရုံပြုလိုက်တာလဲ.. ဘယ်လိုယူလိုက်တာလဲ.. ဘယ်လိုတွေးလိုက်တာလဲဆိုတာပဲ ဖြစ်ပါတယ်.. ကိုယ်အာရုံပြုလိုက်လို့ အာရုံပေါ်မှာပေါ်လာတဲ့ အတွေးအတိုင်း energy က သွားပါတယ်…

Energy work တွေမှာလည်း energy ဖြန့်တဲ့အချိန် ပြုံးခိုင်းတာ ၊ ပြုံးနေတဲ့ စိတ်ကလေးကို သိခိုင်းတာဟာလည်း ကိုယ့်ရဲ့ပျော်ရွှင်စိတ်ချမ်းသာနေတဲ့ energy ကို အာရုံပြုပြီး connect လုပ်တာ ဆက်သွယ်တာပါပဲ…

မေတ္တာ ကမ္မဌာန်းတွေမှာ ကိုယ့်ကိုယ်ကိုယ် မေတ္တာပို့ရင် ကိုယ့်ရဲ့ပြုံးနေတဲ့ မျက်နှာလေးကို အာရုံပြုပုံဖော်ပြီးပို့ရတယ်ဆိုတာလည်း ဒီသဘောပါပဲ..

ကိုယ့်ရဲ့ energy drain နေတယ်… energy ကျနေတယ်… နေရတာအဆင်မပြေဘူးလို့ ခံစားနေရတယ် ဆိုရင် ကိုယ် တွေ့ကြုံနေတာတွေ / ကိုယ် ရင်ဆိုင်ရမှာတွေကို ဘယ်လိုအာရုံပြုနေတာလဲဆိုတာ ပြန်စဉ်းစားရမှာပါ…

စာမေးပွဲ / interview တစ်ခု ဖြေခါနီး ရတယ်လို့ အာရုံပြုမှာလား ၊ မရရင် ဒုက္ခပဲ လို့ အာရုံပြုမှာလား …

ကိုယ့်ရည်ရွယ်ချက်တွေ အဆင်ပြေတယ်လို့ အာရုံပြုမှာလား / မပြေရင်ဘယ်လိုလုပ်မလဲလို့ စိတ်ပူနေမှာလား ..

Healing ခံယူရင်လည်း healing ခံယူသူရော energy healer ရောက ဘယ်လိုအာရုံပြုလိုက်တာလဲပေါ်မူတည်ပြီး ရလဒ်တွေကွာသွားပါတယ်…

ကိုယ့်ရဲ့အတွေးတွေထဲမှာ ကိုယ်မှန်းတဲ့အတိုင်းမရမှာ မဖြစ်မှာ စိတ်ပူတာတွေ… ကြောက်တာတွေ၊ ကိုယ်မှန်းတဲ့အတိုင်း မဖြစ်လို့ မကျေမနပ် ဒေါသထွက်တာတွေကို တွေးပြီး အာရုံပြုနေမဲ့အစား စိတ်ကလေးတချက်လျှော့ကြည့်လိုက်ပါ…
စိတ်ကလေးလျှော့လိုက်တာ နဲ့ အာရုံပြုတာပြောင်းသွားပါလိမ့်မယ်.. အာရုံပြောင်းသွားတာနဲ့ နှစ်ခြိုက်စွာ ပြုံးနိုင်လာပါလိမ့်မယ်..
အဲ့နောက်ကို energy က လိုက်ပြီး သူ့သဘောသူဆောင်ပြီး အလုပ်လုပ်သွားမယ်.. ကိုယ်လိုချင်တဲ့ ရလဒ်တွေအတွက် လမ်းကြောင်း ( channel) တွေ ဖွင့်ပေးပါလိမ့်မယ်….

Energy Flow တစ်ခုကောင်းပြီး result တွေရဖို့ဆိုရင်

🍀 Stop Thinking ( တွေးပြီး ပူလောင်နေတာတွေကိုရပ်လိုက်ပါ)
🍀Accept ( ဘာပဲဖြစ်ဖြစ် စိတ်ကလေးလျှော့ပြီး လက်ခံပေးလိုက်ပါ )
🍀Smile (ပြုံးပေးပါ)
🍀Allow energy flow (သူ့သဘောနဲ့သူဆောင်ပြီးသွားမယ့် energy ကို ခွင့်ပြုပေးလိုက်ပါ)

ဒီသဘာဝတွေ သဘောတရားတွေကို သင်ပေး လမ်းညွှန်ပေးခဲ့တဲ့ စိမ်းရဲ့ mentor နဲ့ ဆရာသခင်များအားလုံးကို လည်း ကျေးဇူးတင်စွာ ကန်တော့ပါတယ်…

စိမ်းရဲ့ (၂) နှစ်ပြည့် anniversary အမှတ်တရအနေနဲ့ 💫 Source of Creation 💫 ဆိုတဲ့ Program လေးရှိပါတယ်…
Post link –https://www.facebook.com/101067308353231/posts/561955592264398/?d=n

🍀With All my Love & Energy 🍀
#DrSeinn
#InternationalCertifiedCoach
#Trainer
#EnergyHealer