Feature Articles

Brighter Year 2023

Hello 🍀

အိမ်နေရာ ၊ အလုပ်နေရာတွေ သေချာရှင်းလင်းတဲ့ Physical Decluttering ဟာ ကိုယ်နေတဲ့နေရာကို Positive Energy Flow တွေပိုကောင်းအောင် ထောက်ပံ့ပေးတဲ့အရာဖြစ်ပါတယ်… Energy flow တွေပိုကောင်းလာတဲ့အတွက် Abundance ကိုလည်း သိသိသာသာရရှိစေပါတယ်…

၂၀၂၂ ရဲ့ နောက်ဆုံး ၂ ရက်မှာ စိမ်းကနေပြီး စိမ်းရဲ့ society ထဲကသူတွေနဲ့အတူတူ အိမ်ရှင်းတဲ့ program လေးလုပ်မယ်… Group Energy နဲ့ မလိုတာတွေ ထုတ်ပြီး ကောင်းတဲ့အရာတွေဝင်ရောက်ဖို့ Decluttering တူတူလုပ်ကြမယ်ဆိုပြီး Live မှာ ပြောခဲ့ပါတယ်..

Decluttering လုပ်တယ်ဆိုတာ ပုံမှန်အိမ်သန့်ရှင်းရေးလုပ်တာနဲ့မတူပါဘူး … ဒီဘက်ခန်းကပစ္စည်းတွေ ဟိုဘက်ခန်းကိုပို့တာမဟုတ်ပါဘူး…

စိမ်းကတော့ စိမ်းကိုလာကူပေးတဲ့ အန်တီတစ်ယောက်နဲ့အတူရှင်းကြပါတယ်… စိမ်းရဲ့ Decluttering လုပ်ပြီး ရတဲ့ အတွေ့အကြုံကတော့ …

🍀ပစ္စည်းတွေကို ကြုံရင်ကြုံသလို ဝယ်မိတာတွေ့သွားတယ် ( ကလေးအရုပ်တွေဆိုအများကြီးပဲ.. ဆီမီးခွက်တွေဆိုလည်း ပုံစံစုံနဲ့ မနည်းဘူး… တချို့ဝယ်ထားတာတွေဆို မှတ်တောင်မမှတ်မိဘူး)

🍀မလိုဘဲနဲ့လည်း စိတ်အလိုလိုက်ပြီး ဝယ်မိတာတွေရှိတယ်…

🍀Online shopping ကနေ အလွယ်တကူလျှောက်မှာပြီး တခါမှမဝတ်ဖြစ်သေးတဲ့ အင်္ကျီတွေ ၊ မသုံးဖြစ်သေးတဲ့ ပစ္စည်းတွေဆိုတာလည်းအများကြီး ..

🍀လကြာကြာ မဝတ်တော့ပေမဲ့ ဘာမှန်းမသိ ချိတ်ထားသိမ်းထားတဲ့ အဝတ်တွေ… မင်္ဂလာလက်ဖွဲ့ရပြီး အသုံးလိုမယ်ထင်လို့ သိမ်းထားပြီး ခုအိမ်ထောင်သက် ၁၁ နှစ်အထိ တစ်ခါမှ မသုံးဖြစ်သေးတဲ့ ပစ္စည်းတွေလည်း တွေ့ပြန်တာပဲ…

Decluttering ဟာ Energy flow ကောင်းစေရုံသာမက ကိုယ့်ရဲ့အကျင့်တွေ လုပ်တတ်တဲ့ ပုံစံတွေကို ကောင်းကောင်းသဘောပေါက်စေတဲ့ Self- Reflection ကိုအင်မတန်အထောက်အကူပြုတာပါပဲ…

Money Mindset & Energy ကို Inner self ကနေကို နားလည်နေပြီး သူများတွေကိုပါ မျှဝေသင်ကြားနေတာတောင် မသိစိတ်ကနေဖြုန်းတီးတဲ့ Unconscious Spending တွေ လုပ်မိနေသေးပါတယ်… ကိုယ်ပိုပြီး ဆင်ခြင်ရမဲ့အရာ သတိထားရမဲ့ အရာတွေကို awareness ရစေလို့ Decluttering လုပ်မိတာ ကျေးဇူးတင်ရပါတယ်….

ပျော်စရာကောင်းတာကတော့ အရုပ်တွေ ၊ မုန့်ထုပ်တွေ တချို့ကလေးအဝတ်လေးတွေကို လာကူရှင်းပေးတဲ့ အန်တီရဲ့ မြေးတွေအတွက်ပေးလိုက်ရတာ၊ အဲ့အန်တီအတွက် နှစ်သစ်ကူးကန်တော့တာဆိုပြီး ပဲဆီ ၁ပိဿာပုံးနဲ့ ငွေ ၁ သိန်း ပေးလိုက်နိုင်တာ… သူ့အိမ်ရောက်တဲ့အထိကို ကားငှါးပို့ပေးလိုက်လို့ သူအရမ်းပျော်သွားတာပါပဲ…

Abundance ဟာ ပျော်ရွှင်တဲ့မျှဝေခြင်းကသာရတာမို့ ခုကို စိမ်းရဲ့ inner self မှာ ပျော်ရွှင်မှုတွေ၊ Positive Energy တွေ Abundance တွေဖြစ်နေပါပြီ…

အိမ်ရှင်းရင်းထွက်လာတဲ့ ပစ္စည်းတွေ ၊ အဝတ်တွေ ၊ အိတ်တွေ ၊ cosmetic တွေ လည်း စိမ်းရဲ့ society ထဲကသူတွေကို ဘယ်လိုလေးလက်ဆောင်ပေးရင်ကောင်းမလဲ တွေးနေရတာနဲ့တင်လည်း အရမ်းပျော်ပါတယ်… အဲ့အစီအစဉ်လေးကို Team နဲ့ သေချာတိုင်ပင်ပြီး လုပ်ပေးပါမယ်နော် ☺️

စိမ်းနဲ့အတူတူ Decluttering လုပ်ကြသူတွေရော Decluttering ကနေ ဘယ်လိုအတွေ့အကြုံတွေ .. Self Awareness တွေရလိုက်လဲ ဆိုတာ comment လေးမှာ sharing လုပ်ပေးကြပါဦးနော်… ရှင်းလင်းသပ်ရပ်နေတဲ့ အိမ်နေရာ အလုပ်နေရာလေးတွေကိုလည်း photo comment လေးတွေနဲ့ ပြလို့ရပါတယ်… တစ်ခုချင်းကြည့်ပြီး positive energy တွေကူးစက်ချင်ပါတယ်…

ပိုမိုလင်းလက်တောက်ပတဲ့ ၂၀၂၃ ဖြစ်ပါစေရှင်..

Brighter Year 2023 ပါ ✨