Feature Articles

𝐅𝐮𝐥𝐥𝐦𝐨𝐨𝐧 𝐦𝐚𝐧𝐢𝐟𝐞𝐬𝐭𝐚𝐭𝐢𝐨𝐧

မနက်ဖြန် October 20 မှာ ကျရောက်မဲ့ လပြည့်နေ့ဟာ ထူးခြားတဲ့ သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့အတွက် လပြည့်နေ့အတွက် အဓိပ္ပါယ်ရှိတဲ့ အစီအစဉ် (အဓိဌာန်) တစ်ခုခုလုပ်ချင်သူတွေ၊ 𝐅𝐮𝐥𝐥𝐦𝐨𝐨𝐧 𝐦𝐚𝐧𝐢𝐟𝐞𝐬𝐭𝐚𝐭𝐢𝐨𝐧 လုပ်ချင်သူတွေ အတွက် စိမ်းလုပ်မဲ့ 𝐅𝐮𝐥𝐥𝐦𝐨𝐨𝐧 𝐑𝐢𝐭𝐮𝐚𝐥 လေးကို ရေးပေးလိုက်ပါတယ်…

𝟏. အဖိတ်နေ့ညနေ (ဒါမှမဟုတ်) လပြည့်နေ့မနက်စောမှာ
ကိုယ်ကိုးကွယ်ရာ ဘုရားကျောင်းဆောင်နဲ့ အိမ်နေရာတွေကို သန့်ရှင်းရေးလုပ်ပါ…
ရေခဲသေတ္တာတွေရှင်းပါ…
အမှိုက်တွေ လွှင့်ပစ်ပါ..
မလိုတာတွေ ကျွတ်ကျွတ်အိတ်တွေ ဘူးတွေသိမ်းထားတာတွေ ဖိနပ်အစုတ်တွေ လွှင့်ပစ်ပါ…
အဲ့လိုရှင်းနေတဲ့ အချိန်မှာ ကိုယ့်ရဲ့ အိမ်က မကောင်းတဲ့ Energy တွေ ထွက်သွားတယ်ဆိုပြီး စိတ်ကို Intention ထည့်ထားရင်ပိုကောင်းပါတယ်…
𝟐. မိမိကိုယ်ကိုသန့်ရှင်းရေးလုပ် သန့်ရှင်းတဲ့ အဝတ်ဝတ်ပြီး ကိုယ်ကိုးကွယ်ရာအလိုက်စူးနစ်တဲ့ သဒ္ဒါတရားနဲ့ ဝတ်ပြုပါ…
ဗုဒ္ဓဘာသာတွေအနေနဲ့ ငါးပါးသီလ / ရှစ်ပါး ကိုးပါးသီလယူပြီး ဘဝပေါင်းများစွာက ခင်ပွန်းကြီး(၁၀) ပါးကို စူးစူးနစ်နစ် ကန်တော့တောင်းပန်တာ ကံချေတာတွေပြုလုပ်ပေးပါ…
ပစ္စည်းအစုံနဲ့ ကန်တော့လိုသူတွေအတွက် ခင်ပွန်းကြီး (၁၀)ပါးကန်တော့ဖို့ ပန်း (၁၀)ပွင့် ၊ သစ်သီး ၁လုံးစီ (၁၀မျိုး)၊ ဆွမ်း (၁၀)ပွဲ ၊ သောက်တော်ရေချမ်း(၁၀ခွက်) ၊ဆီမီး (၁၀)တိုင်နဲ့ ကန်တော့လို့ရပါတယ်..
ခင်ပွန်းကြီး (၁၀)ပါးကန်တော့ချိုးကို comment မှာလည်း Photo Comment မန့် ပေးထားပါတယ်ရှင် …
တောင်းပန်ပြီးရင် ကိုယ်ကလည်းပြန်ခွင့်လွှတ်ပြီး ကံချေပေးပါ…
𝟑. ပြီးရင် ကိုယ်နေ့စဉ် ရွတ်ဖတ်ပွါးများနေကြတွေကို ဆက်ရွတ်တာ လုပ်နေကြ အဓိဌာန်တွေရှိရင် ဆက်လုပ်တာမျိုး လုပ်ပေးပါ…
𝟒. ကိုယ့်ရဲ့ Energy ကို အေးနေအောင်ပြုလုပ်ပြီးတော့ မေတ္တာပွါးများပါမယ်…
ပြုံးနေပျော်နေတဲ့ က်ုယ့်မျက်နှာကိုအာရုံပြုပြီး ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး မေတ္တာပို့ပါ…
ပြီးရင် ကိုယ့်ရဲ့ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြေစောင့်နတ်၊ အစောင့်အရှောက်တွေ…
စကြာဝဠာထဲရှိ သတ္တဝါအားလုံးနဲ့ အရပ် (၁၀) မျက်နှာကို မေတ္တာပို့ပါ…
Crystal တွေ ၊ magic rock တွေ ၊ Tarot, Oracle and Chakra deck တွေဆောင်ထားသူတွေအနေနဲ့ အဲ့အရာတွေရဲ့ အစောင့်အရှောက်တွေကိုပါ မေတ္တာပို့ပေးသင့်ပါတယ်…ပြီးရင် သူတော်ကောင်းတွေရဲ့ မေတ္တာကို ခံယူပါ…
𝟓. မေတ္တာပို့ မေတ္တာခံယူတဲ့အချိန်မှာ Rose quartz (သူယောင်ကျောက်) ရှိသူတွေအနေနဲ့ ကိုယ့်ရဲ့ Love vibrations (မေတ္တာလှိုင်း) တွေကို အထောက်အပံ့ဖြစ်အောင် အဲ့ကျောက်လေးကိုကိုင်ပြီး မေတ္တာအလုပ်တွေ လုပ်လို့ရပါတယ်…
𝟔. အနည်းဆုံး တရား (၁၅) မိနစ်လောက် ထိုင်ပေးပါ… ဗုဒ္ဓဘာသာတွေအနေနဲ့ ကိုယ်ပြုသမျှကုသိုလ်တွေကို ၃၁ ဘုံနဲ့ ကိုယ်နဲ့ကိုယ့်မိသားစုရဲ့ ပဌာန်းဆက်တွေကို အမျှပေးပါ…
𝟕. ကုသိုလ်တွေလုပ်ပြီးစိတ်လေးကြည်လင်နေပြီဆိုရင်တော့ ကိုယ် Manifest လုပ်ချင်တဲ့ အကြောင်းအရာ တစ်ခုကို လက်ခံရရှိနေပြီဆိုတဲ့ စိတ်နဲ့ သေချာ အသေးစိတ် ချရေးပါ…
ရေးတဲ့ အချိန်မှာ လောဘ ဒေါသ မောဟ မာန်မာန က္ကသာမစ္ဆရိယစိတ်တွေ ကင်းစင်ရပါမယ်…
အဲ့အရာကိုရရင် ပျော်တဲ့စိတ် ချစ်တဲ့စိတ်တွေကို အပြည့်အဝခံစားပြီး အာရုံမှာမြင်ယောင်ပြီး ကိုယ်လိုချင်တဲ့အရာရဲ့ Frequency ကို Attune လုပ်ရပါမယ်….
𝟖. Manifestation လုပ်ပြီး ချရေးထားတဲ့ စာရွက်လေးကို ကိုင်ပြီး ကိုယ်ပြုခဲ့တဲ့ ကုသိုလ်တွေကို သစ္စာပြုဆုတောင်းပါ…
ပြီးရင် Universe ဒါမှမဟုတ် ကိုယ့်ရဲ့အစောင့်အရှောက်တွေကိုယုံကြည်တဲ့စိတ်နဲ့ အဲ့စာရွက်လေးကို ကိုယ်နဲ့ connection ရတဲ့ crystal နဲ့ဖိထားတာ /ကိုယ်ကိုးကွယ်ရာနေရာ (holy place) မှာ ထားတာ /ဒါမှမဟုတ် ကိုယ်ယုံကြည်တဲ့ သူတော်စင်တွေကိုအပ်နှံတာမျိုးလုပ်ပြီး Surrender လုပ်ပါ…
(ကိုယ် ကုသိုလ်လုပ်တာ manifest လုပ်တာ ကိုယ့်အပိုင်းပါ…
ဖြစ်တာ မဖြစ်တာ Universe ရဲ့အပိုင်းပါ… အဲ့ဒါမို့ လုပ်ပြီးတာနဲ့ အချိန်တန်ရင် အကောင်းဆုံးတစ်ခုခု ဖြစ်လာလိမ့်မယ် ဆိုတဲ့အနေနဲ့ surrender လုပ်တာပါ) ကိုယ့်ကုသိုလ်အား ၊ ကိုယ့် energy ကိုယုံကြည်ပါ… Universe ရဲ့ process အပေါ် ယုံကြည်ပါ…
𝟗. ငွေကြေး လာဘ်လာဘအတွက် လပြည့်နေ့မှာနည်းသည်များသည်မဆို အလှူလေးလုပ်တာ၊ ဒါနပြုတာမျိုး ခိုစာ ခွေးစာကျွေးတာမျိုးတွေ လုပ်ပေးပါ….
𝟏𝟎. တစ်ရက်လုံး မေတ္တာစိတ်၊ ကုသိုလ်အကုသိုလ်ကို သတိကပ်နေတဲ့ စိတ် နဲ့ နေပြီး ကောင်းတဲ့စကားတွေ ကျက်သရေရှိတာတွေကိုပဲ သတိထားပြောပါ… ဒီနေ့အဖို့ Social media ကိုတတ်နိုင်သလာက် ဖြတ်ထားနိုင်ရင် ပိုကောင်းပါတယ်…
𝟏𝟏. ညဖက် ထွက်လာတဲ့ လမင်းကြီးကိုကြည့်ပြီး သူ့ရဲ့ အေးမြတဲ့ energy အတွက် ကျေးဇူးတင်ကြောင်း ပြောပေးပါ…
ကိုယ့်ရဲ့ manifestation တွေအကောင်အထည်ပေါ်လာဖို့ကို ကူညီဖို့လည်းပြောလို့ရပါတယ်…
Crystal ဆောင်တတ်သူတွေဆို ကိုယ့် crystal လေးတွေ လက်ပတ်လေးတွေကို လရောင်ရဲ့အောက်မှာ ပြပြီး 𝐅𝐮𝐥𝐥𝐦𝐨𝐨𝐧 energy နဲ့ Recharging လုပ်တာ သိဒ္ဓိတင်တာမျိုးလုပ်လို့ရပါတယ်…
𝟏𝟐. အိပ်တဲ့အချိန်မှာ တစ်နေ့လုံးလုပ်ပြီးသမျှ ကုသိုလ်တွေ ၊ ကျေးဇူးတရားတွေကို တွေးပြီး အိပ်ရာဝင်ပါ…

ဥပုသ်မယူထားသူတွေအနေနဲ့ ဘုရားဝတ်ပြုပြီးချိန်မှာ ရတနာပုံသီချင်းကို တစ်ကြိမ်လောက်ဖွင့်ပြီး vibration အပြည့်နဲ့ နားထောင်စေချင်ပါတယ်…
🍀 á€›á€á€”ဏပုလ သီချင်း link – https://youtu.be/jpPWfxPcpb0

ကိုယ့်ရဲ့စိတ်တွေ center ဖြစ်လာအောင် အစွန်းနှစ်ဖက်လွတ်ပြီး balance ဖြစ်လာအောင် မြေကြီး ၊ မြက်ခင်း၊ သဘာဝ ကျောက်စရစ် ၊ သဲလိုမျိုးနေရာတွေ ကိုယ့်အနားမှာရှိရင် ခြေဗလာနဲ့ ၁၀-၁၅ မိနစ်လောက် လမ်းလျှောက်ပေးခြင်း Grounding လုပ်ပေးခြင်းများကိုလည်း လုပ်ပေးလို့ရပါတယ်…

အဲ့အဆင့်တွေအားလုံးကို လုပ်တဲ့အခါ ကိုယ့်ရဲ့ intention ကအရေးကြီးပါတယ်… Intention ဆိုတာ မြန်မာလိုစေတနာပါ… ကောင်းတဲ့စေတနာနဲ့ စူးစူးနစ်နစ်လုပ်ပြီး focus ထားလေလေ… ကိုယ်မျှော်မှန်းထားတာထက်ပိုတဲ့ abundance ကရလေလေပါပဲ…

သီတင်းကျွတ်လပြည့်နေ့မှာ ကောင်းတဲ့ energy ကောင်းတဲ့ ကုသိုလ်စိတ်တွေနဲ့ အကောင်းဆုံးအကြောင်းအထောက်အပံ့တွေပြုလုပ်ပြီး ကိုယ့်ဘဝအတွက် အကောင်းဆုံးအကျိုးတရားတွေကို အချိန်ကိုက် လက်ဝယ်ပိုင်ဆိုင်ကြပါစေ… đŸ€đŸ€đŸ€

🍀 With All my Love & Energy đŸ€
Dr Seinn
Life Coach & Trainer