Feature Articles

“မည်ကဲ့သို့လုပ်လိုက်သည်မသိ” ဆိုတဲ့ miracles တွေ ဘဝမှာ ပိုင်ဆိုင်နိုင်ကြပါစေ

ခုပုံလေးက internet က ရှာထားတာ မဟုတ်သလို ၊

တနေရာရာက ယူလာတာလည်းမဟုတ်ပါဘူး။ အပြင်က မြင်ကွင်းတစ်ခုကို စိမ်းတို့ ဖုန်းနဲ့ပဲရိုက်ထားတဲ့ ပုံလေးပါ။

ပြီးခဲ့တဲ့ (၂) ရက်က Korea ရဲ့ မြို့လေးတစ်မြို့မှာ သူတို့ Tourist attraction အနေနဲ့ လုပ်ထားတဲ့ (၄)ယောက် တစ်စီး စီးရတဲ့ Rail Bike ဆိုတာလေး သွားစီးခဲ့တယ်။

အဲ့ကို ရောက်ရောက်ချင်းတော့ ရထားသံလမ်းပေါ် မော်တာနဲ့သွားတဲ့ motor bike လိုလေးတွေစီးရတာပဲပေါ့။ စိတ်ထဲသိပ်ပြီးမထူးဆန်းလောက်ပါဘူး… စီးဖို့လုပ်ထားပြီးမှတော့ တက်လိုက်သွားရုံပေါ့လောက်ပဲ တွေးထားခဲ့တာ။

အဲ့လိုနဲ့သွားရင်း လမ်းတဝက်အရောက်မှာ ပုံထဲကဒီမြင်ကွင်းကို တွေ့လိုက်ရတော့ Wow ဆိုပြီးကို “လှလိုက်တာ လှလိုက်တာ ပန်းချီကားလေးလိုပဲ” ဆိုပြီး တအံ့တဩဖြစ်ရတယ်။

အဲ့အပင်တန်းလေးနဲ့ အရွက်ဝါဝါလေးတွေခင်းထားတဲ့ ပန်းချီကားလေးလို သဘာဝတရားကို ပြုံးပြီးတောက်လျှောက်ကြည့်နေမိတယ်။ ဘယ်လောက်တောင်လှတဲ့ မြင်ကွင်းလဲနော်။

တခါတလေ ဘာမှအတွေးနယ်ချဲ့မနေဘဲ လုပ်စရာရှိတာကို လုပ်ရမယ့်အချိန်မှာ လုပ်လိုက်တာနဲ့ကို

ကိုယ်မျှော်လင့်ထားတာထက်တောင် ပိုပြီးလှတဲ့ ၊ ပိုပြီးပြည့်စုံတဲ့ ၊ ပိုပြီးရင်သပ်ရှုမောဖြစ်ရတဲ့ အတွေ့အကြုံတွေ ဘဝမှာရနိုင်ပါတယ် ။ ကိုယ်မျှော်လင့်ထားတာထက်လည်း အများကြီးပိုရနိုင်ပါတယ်။

ခုနပြောတဲ့ Rail Bike စီးနေတုန်း သိပ်လှတဲ့ မြင်ကွင်းမလာခင်မှာလည်း

🍁“Tour ကသာ ပြောနေတာ အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး” ဆိုပြီး ခံစားခဲ့ရတဲ့မြင်ကွင်းတွေ

🍁မြစ်ကိုလည်း အရှည်ကြီး ဖြတ်ကူးရသေးတော့ ဖြတ်တဲ့အချိန် ကြောက်သလိုဖြစ်တဲ့စိတ်တွေ

🍁“ဒီရထားက ဘယ်အထိသွားမှာလဲမသိဘူး” ဆိုတဲ့ မရေရာ မသေချာတဲ့ အတွေးတွေ

🍁Rail Bike ရဲ့သဘောက မော်တာနည်းနည်း အားနည်းသွားရင် စက်ဘီးလိုနင်းရမယ်.. ကြာချိန်ကလည်း (၁)နာရီခွဲဆိုတော့ “ ငါနင်းရောနင်းနိုင်ပါ့မလား” ဆိုတဲ့ အတွေးတွေ ရှိခဲ့တာပါပဲ။

တစ်ခုခုမြင်ရတိုင်း၊ ကြုံရတိုင်း အခက်အခဲတွေကိုသာလျှောက်တွေးနေလို့ကတော့ အဆုံးသတ်မှာကိုမဟုတ်ပါဘူး။

စိမ်းပြောနေကြအတိုင်း

🍀တွေးမိရင် တွေးတယ်လို့မှတ်ပြီး အဲ့နေရာမှာ ရပ်လိုက် (Stop Thinking)

🍀ဖြစ်လာသမျှ ကြုံလာသမျှကို စိတ်လျှော့ပြီး လက်ခံလိုက် (Acceptance)

🍀လုပ်စရာရှိတာပဲလုပ်ပြီး လိုအပ်တဲ့ အကြောင်းတရားသာ ပုံမှန်ဖြည့်နေလိုက် ဆိုသလိုပါပဲ ။

အကြောင်းနဲ့အကျိုးပဲရှိတဲ့ လောကကြီးမှာ လူသားတွေဟာ တန်ခိုးရှင်လည်းမဟုတ်တဲ့အတွက် ကိုယ်ထိန်းချုပ်လို့မရတဲ့အရာတွေကို လွှတ်ချထားရင်း၊ Body- Mind – Spirit level တစ်ခုချင်းစီမှာ အကြောင်းတရားတွေသာ ပုံမှန်ဖြည့်နေလိုက်ပါ။

ကိုယ်မျှော်လင့်ထားတာထက်တောင်ပိုတဲ့ လှပတဲ့ ပြည့်စုံတဲ့ အကျိုးတရားတွေက ကိုယ်မှန်းထားတဲ့ အချိန်အခါထက်တောင် အချိန်ကျပြီးရရှိမှာ အသေအချာပါပဲ။

စိမ်းပြောနေကြအတိုင်း “မည်ကဲ့သို့လုပ်လိုက်သည်မသိ” ဆိုတဲ့ miracles တွေ ဘဝမှာ ပိုင်ဆိုင်နိုင်ကြပါစေ 💫💫💫

🍀Seinn

2.11.2023