Feature Articles

Warning for Today Lunar Eclipse

⚠️ Warning for Today Lunar Eclipse ⚠️

တစ်ကမ္ဘာလုံးအတွက် လပြည့်နေ့က ဒီနေ့ နိုဝင်ဘာ ၈ ရက် ၂၀၂၂ မှ ကျရောက်မှာဖြစ်ပါတယ်..

ဒီနေ့လပြည့်နေ့ဟာ လကြတ်ခြင်း (Lunar Eclipse ) ဖြစ်ပေါ်မှာ ဖြစ်ပါတယ်…

မြန်မာနိုင်ငံအတွက် လကြတ်ချိန်ဟာ ညနေ ၅ နာရီ ၃၁ မိနစ် ၅၆စက္ကန့် ကနေ ည ၈ နာရီ ၂၆ မိနစ် ၁၃ စက္ကန့်အထိ ဖြစ်ပါတယ်…

ကျန်တဲ့ နိုင်ငံများကလည်း သက်ဆိုင်ရာ လကြတ်ချိန်တွေရှိမှာဖြစ်ပါတယ်..

ဒီတစ်ခေါက်လကြတ်ခြင်းဟာ နက္ခတ်အရအဆင်မပြေသော နက္ခတ်အခါများဖြစ်နေခြင်း ၊ negative vibration များစွာရှိနေခြင်းတွေဖြစ်တဲ့အတွက်

ယနေ့ညမှာ

❌လကို ထွက်ကြည့်ခြင်း ၊ ဓာတ်ပုံရိုက်ပြီးသိမ်းထားခြင်းလုံးဝမပြုလုပ်ရပါ ..

❌Moon energy ယူ၍ manifestation လုပ်ခြင်း၊ moon water ယူခြင်း၊ energy work များလုပ်ခြင်း၊ လရောင်အောက်တွင် mediation လုပ်ခြင်း ၊ crystal များ energizing ပြုလုပ်ခြင်းများ မပြုလုပ်ရပါ..

❌ကျက်သရေ မရှိသော၊ နမိတ်မရှိသော စကားများကို စနောက်၍ပင်မပြောရပါ..

✅လကြတ်ချိန်အတွင်း မိမိနေထိုင်ရာနေရာတွင် သက်ဆိုင်ရာ ဘာသာတရားအလိုက် ဝတ်ပြုခြင်း၊ ရွတ်ဖတ်ခြင်း၊ မေတ္တာပို့ခြင်း၊ အမျှပေးခြင်းများကို တတ်နိုင်သမျှပြုလုပ်ပေးပါ..

✅မိမိနေထိုင်ရာ တအိမ်လုံး ရှိသမျှမီးလုံး မီးချောင်းများကို ညလုံးပေါက်ဖွင့်ထားပေးပါ..

ဒီနေ့ညအတွက် စိမ်းသိထားတဲ့ အချက်အလက်တွေကို အားလုံးအကျိုးရှိစေဖို့ အချိန်မှီလေးမျှဝေပေးလိုက်ရပါတယ်…

သေချာရှင်းပြပြောပြပေးတဲ့ စိမ်းရဲ့ နက္ခဗေဒပညာရှင် Mentor ဆရာကြီးကို လေးစားစွာ ဂါရဝပြုကန်တော့ပါတယ် 🙏🙏🙏

Edit : ယခု sharing လုပ်ထားတဲ့ post သည် spiritual journey ကို သွားနေကြသူများ၊ နက္ခဗေဒပညာရပ်ပိုင်းကို ယုံကြည်သူများအတွက် မျှဝေခြင်းသာ ဖြစ်ပါတယ်..

မိမိအတွက် အဆင်မပြေ၊ အသုံးမဝင်ဟု ယူဆပါက မိမိအဆင်ပြေသလို ယုံကြည်သလို လွတ်လပ်စွာလုပ်ဆောင်နိုင်ပါတယ် 🍀

#DrSeinn

#InternationalCertifiedLifeCoach

#Trainer

#EnergyHealer