Feature Articles

Unconditional Love

Universe ရဲ့ energy နဲ့ connect လုပ်တဲ့အခါ unconditional love ဆိုတဲ့ အနှိုင်းမဲ့ မေတ္တာတရားနဲ့ပဲ connect လုပ်လို့ရပါတယ်… ကြောက်စိတ်တွေ၊ မကျေနပ်စိတ်တွေ၊ မဝံ့မရဲစိတ်တွေ၊ အပြစ်မကင်းသလို သိမ်ငယ်သလို ခံစားရတာတွေ၊ မကြည်လင်တဲ့ အခြေအနေတွေနဲ့ connect လုပ်လို့မရပါဘူး… အဲ့ဒီ့အတွက်🍀 ကိုယ်ကအလုပ်ကောင်းကောင်းလိုချင်ရင် လက်ရှိရနေတဲ့ အလုပ်ရဲ့ ကောင်းတာတွေကိုတွေးပြီး ချစ်ရပါမယ်…🍀 ပိုများတဲ့ငွေတွေလိုချင်ရင် လက်ရှိရနေတဲ့ငွေကိုဘယ်လောက်ဖြစ်ဖြစ် ချစ်ခင်ရပါမယ်….🍀 ချစ်သူအိမ်ထောင်ဖက်ကောင်းနဲ့တွေ့ချင်ရင်လည်း ကိုယ့်ကိုယ်ကိုယ် (ကိုယ့်ရဲ့ လက်ရှိအခြေအနေကို )အရှိအတိုင်း အရင်ချစ်တတ်ဖို့ လိုပါတယ်… 🍀အိမ်လေးတစ်လုံးရဖို့ စိတ်ကူးနေတယ်ဆိုလည်း လက်ရှိနေနေတဲ့ နေရာလေးရဲ့ ကောင်းတဲ့အရာလေးတွေကို သေချာတွေးပြီးချစ်ရပါမယ်…လက်ရှိအနေအထားတွေကို အပြစ်မြင်လေလေ ၊ အဆင်မပြေဘူး တွေးလေလေ ကိုယ်လိုချင်တဲ့ ပိုကောင်းတာတွေနဲ့ ဝေးလေလေပါပဲ… အရာရာတိုင်းမှာ အကောင်းနဲ့ အဆိုး ၊ အလင်းနဲ့အမှောင်ဟာ ဒွန်တွဲနေလို့ အကောင်းကိုရှာပြီး အလင်းဖက်အခြမ်းကို ရှာပြီး ချစ်ခင် ကျေးဇူးတင်တတ်ဖို့ လိုအပ်ပါတယ်…. ချစ်ခြင်းမေတ္တာဟာ Universe ရဲ့ အကြီးဆုံး energy ဖြစ်ပါတယ်…

Love is the Power ပါ ❣️

Photo: Pinterest

🍀 With all my Love & Energy 🍀

Dr Seinn Life Coach & Trainer