Feature Articles

Trauma

အခုတလော တွေးမိနေတာလေးတစ်ခုရှိပါတယ်…

ကိုယ်နဲ့ပတ်သက်တဲ့ လူတွေနဲ့ ဆက်ဆံရေးတွေ၊Relationship တွေ၊ ရောက်လာတဲ့ အခြေအနေတွေပေါ် ကိုယ့်တုန့်ပြန်လိုက်ပုံက ကိုယ့်စိတ်အခြေအနေပေါ်မှာပဲ မူတည်တယ်ဆိုတာပါပဲ…

ဥပမာ စိမ်းဆို သားလေးက အိမ်မှာ ဘောလုံးကန်တယ်ဆို စိတ်ကြည်နေ ပျော်နေချိန်ဆို ဘယ်လိုမှမနေပေမယ့် စိတ်တွေရှုပ်နေချိန် အလိုမကျချိန်ဆို အဲ့ဒီ တဒိုင်းဒိုင်း ကန်နေတဲ့ အသံတွေကိုပါ နားငြီးလာပြီး ကလေးကို ဆူမိပါရော..

အိမ်ထောင်ဖက်နဲ့ဖြစ်ဖြစ်၊ ကလေးနဲ့ဖြစ်ဖြစ် မောင်နှမတွေပဲဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်/ မိတ်ဆွေတွေနဲ့ဖြစ်ဖြစ် စိတ်တွေဆိုးတာ၊ ပြောဆိုကြတာတွေက စိတ်အေးတဲ့အချိန် ပြန်စဉ်းစားမိရင် ဘာမဟုတ်တာလေးတွေနဲ့ ငါဘာဖြစ်လို့ အဲ့ဒီလောက်စိတ်ဆိုးသွားရတာလဲ.. ကောင်းကောင်းပြောလည်း ရရဲ့စမ်းနဲ့ဆိုတဲ့ အတွေးမျိုးကစိမ်းလိုပဲ အတော်များများဖြစ်ဖူးကြမှာပါ…

အဲ့ဒီမှာမှ အပြင်လူတွေထက်စာရင် ကိုယ်ပိုရင်းနှီးတဲ့ မိသားစုတွေဆို ပိုပြီး စိတ်လွတ်ကိုယ်လွတ်ပြောချမိတာ… တခါတလေ အပြင်မှာဖြစ်လာတဲ့ ကိစ္စကို အိမ်ကလူတွေအပေါ် လာပေါက်ကွဲတာ ထွက်ပေါက်ရှာတာမျိုးတွေလည်း တွေ့ဖူး၊ ကြုံဖူးပါတယ်… ပြီးမှ ပြန်တွေးရင် ပြောမိတာ နောင်တရသလိုဖြစ်လိုက်၊ ပြီးရင် စိတ်မကြည်ရင် ပြောဆိုလိုက်နဲ့ပဲ သံသရာလည်နေသလိုပါပဲ…

အဲ့ဒါတွေက ရေရှည်မှာ အဆင်မပြေတဲ့ emotion တွေ နှစ်ဦးနှစ်ဖက်မှာ ခံစားရစေပါတယ်… စိမ်းအနေနဲ့ Energy Work လုပ်ပေးနေတာ လူထောင်ချီ ၊ Timeline energy healing လုပ်ပေးနေတာ client ရာချီရှိပါပြီ … အဲ့ဒီ client တွေရဲ့ Healing process တွေမှာ ရလာတဲ့ အတွေ့အကြုံအရလည်း ငယ်ဘဝ စိတ်ဒဏ်ရာတွေနဲ့ လက်ရှိစိတ်နာစရာတွေကို ပေးတဲ့သူတွေထဲမှာ အများဆုံးက မိဘ၊ ဆရာသမား၊ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်၊ ချစ်သူ/အိမ်ထောင်ဖက်တွေ ဖြစ်နေတာပါပဲ… စဉ်းစားကြည့်ရင် အတော်ဝမ်းနည်းစရာကောင်းပါတယ်…

အဲ့ဒါအတော်သတိထားစရာပါ… ကိုယ်ကတော့ ဒီလိုပဲ ပြောဆိုလိုက် ပြုမူလိုက်ပေမယ့် တစ်ဖက်မှာ စိတ်ဒဏ်ရာ (trauma ) ရသွားတာပါ… အဲ့ဒီ စိတ်ဒဏ်ရာတွေက သေချာ healing မလုပ်ဘူးဆိုရင် ဘဝ တစ်လျှောက်လုံး မသိမသာရော၊ သိသိသာသာရော အထဲကနေ အနှောင့်အယှက်ပေးနေတာမျိုးပါ … ကိုယ်စိတ်အဆင်မပြေတာတွေကနေ ပြောလိုက်၊လုပ်လိုက်တာတွေက တဖက်လူကို trauma ပေးသလို သွားဖြစ်နေပါတယ်…

စိတ်တည်ငြိမ်ဖို့ကလည်း စိတ်နေရာ (Mind level) မှာပဲ အလုပ်သွားလုပ်လို့မရပါဘူး.. လူ့စိတ်က Monkey Mind မို့ တည်ငြိမ်အောင် ထိန်းချုပ်လို့ရလည်း ခဏပါပဲ …

ကိုယ့်ရဲ့ စိတ်ခံစားချက် (Emotion ) မှန်သမျှကို နောက်ကွယ်ကနေ ကိုင်ထားတာက ကိုယ်ကိစ္စတစ်ခု/ ဖြစ်ရပ်ကို ဘယ်လိုယူဆလဲ . ဘယ်လိုတွေးလိုက်တာလဲ ဆိုတဲ့ Perception တွေကိုပေးတဲ့ Spirit level ( Inner Self ) ဆိုတဲ့ နေရာလေးပါ… အဲ့ဒီနေရာကနေ ကိုယ်ထင်ရာမြင်ရာ Self Talk တွေကို တစ်ချိန်လုံးလုပ်နေပြီး ကိုယ့်ကိုဟိုလိုခံစားလိုက် ဒီလိုခံစားလိုက်ဆိုပြီး mind level ကို နောက်ကွယ်ကနေ ကစားနေတာပါ…

စိမ်းနဲ့ Energy work တွေလုပ်ရင်း

🍀လူတွေ စိတ်လျှော့လာနိုင်တယ်…

🍀ကိစ္စတစ်ခုကို တုန့်ပြန်ပုံတွေပြောင်းလာတယ်…

🍀အလိုမကျတာတွေ မကျေနပ်တာတွေလျော့လာတယ်…

🍀ဒေါသတွေ ဝုန်းဒိုင်းကြဲတာတွေ နည်းလာတယ် ….

🍀နှစ်အတော်ကြာကြာရှာမတွေ့ခဲ့တဲ့ inner peace ကိုပြန်ရလာတယ်

🍀လမ်းပျောက်သလို/ ဘဝကို ရှေ့ဆက်မရသလို ဖြစ်နေတာတွေကနေ ရုန်းထွက်လာနိုင်တယ်

🍀Suicidal potential တွေကနေ ပြန်ထလာနိုင်တယ်

ဆိုတာက Energy work တွေဟာ Mind level မှာ လုပ်နေတာမဟုတ်ဘဲ သူ့ကို နောက်ကနေ ကိုင်ထားတဲ့ Perception တွေ ( ကောင်းတယ် မကောင်းဘူး.. ဟုတ်တယ် မဟုတ်ဘူး ဆိုပြီး ကိုယ်ထင်တာတွေလိုက်လုပ်နေတဲ့) Spirit level / Inner Self မှာ သွားပြီး အလုပ်လုပ်နေလို့ပါပဲ..

ကိုယ်က trauma ကင်းမှ ကိုယ့်ဘေးနားကကိုယ်ချစ်ရတဲ့ သူတွေ ( အထူးသဖြင့် ကိုယ့်သားသမီး မျိုးဆက်တွေ) လည်း trauma ကင်းမှာပါ…

ကိုယ်ပါလာတဲ့ trauma တွေကို healing လုပ်ဖို့လိုပါတယ်… တချို့ trauma တွေက ကိုယ့်ဘာသာရှိမှန်းတောင်သိမနေဘဲ healing လုပ်မှ ပေါ်လာတာမျိုးတွေရှိပါတယ်… အဲ့ဒီနေရာတွေကို Energy work process နဲ့တည့်တည့်သွားကြည့်ပြီး healing ယူဖို့လိုအပ်ပါတယ်…

စိမ်းမှာလည်း childhood trauma တွေရော.. teenage နဲ့ adult life မှာရတဲ့ trauma တွေရော ရှိပါတယ်… တချို့အရာတွေဆို ကိုယ်ကမေ့နေပြီတောင်ထင်တာ Energy work process ထဲရောက်မှ ကွက်ကွက်ကွင်းကွင်းပြန်ပေါ်လာတာ… အဲ့ဒီအခြေအနေတုန်းက ဖြစ်ခဲ့တဲ့ ခံစားချက် ( Emotion) တွေက ဝေါခနဲပြန်တက်လာမျိုးပါ… အဲ့ဒီအချိန်တွေကို ဖြတ်ကျော်ခဲ့ရတာ အင်မတန် နာကျင်ရပါတယ်…

အဲ့ဒီ pain တွေ နဲ့ ရလာတဲ့ pain တွေကို လိုက်ခံစားနေတဲ့ suffering တွေကို တည့်တည့်သွားကြည့် healing တွေလုပ်ပြီး အဆင့်ဆင့်ဖြတ်ကျော်လာလို့ ဒီနေရာ၊ ဒီအခြေအနေ ရောက်လာတာပါ…

မဟုတ်ရင်တော့ စိမ်းတို့ဟာ ကိုယ့်ဘာသာတောင် သတိတောင်မထားမိလိုက်ဘဲ ကိုယ်ချစ်တဲ့သူတွေကို စိတ်ဒဏ်ရာတွေ ပြန်ပေးနေမိတတ်တယ်ဆိုတာလေး remind လုပ်ချင်ပါတယ်…

💫Heal yourself first to heal the world 💫

🍀With All my Love & Energy 🍀

#DrSeinn

#InternationalCertifiedLifeCoach

#Trainer

#EnergyHealer