Full Moon Energy of March 7
Spiritual journey ကို လျှောက်လှမ်းနေကြသူများအတွက် ဒီနေ့ရဲ့ Full Moon Energy အကြောင်း sharing လုပ်ချင်ပါတယ်..
တပေါင်းလပြည့်နေ့ post မှာရေးပြခဲ့သလိုပဲ တကယ့်လပြည့် က March 7 မှာ ကျရောက်တာဖြစ်ပါတယ်.. အဲ့အတွက် ဒီညဟာ Full Moon energy အပြည့်အဝရမယ့် အချိန်ဖြစ်ပါတယ်…
ထူးခြားတစ်ခုက ဒီနေ့ Full moon ဟာ ဆောင်းရာသီရဲ့ နောက်ဆုံးလပြည့် ( The last full moon of Winter) ဖြစ်ပြီး တကမ္ဘာလုံးရဲ့ နွေဦးအချိန် (Spring) ကို စပြောင်းမယ့် လပြည့်နေ့ဖြစ်သလို လက်ရှိရောက်ရှိနေတဲ့ Pisces Season ( မိန်ရာသီ) ဟာလည်း Astrology Calendar အရ နောက်ဆုံးလဖြစ်ပါတယ်.. Pisces Season ဟာ March 20 မှာ ကုန်ဆုံးပြီး Astrology year နှစ်သစ်ကို ကူးပြောင်းတော့မှာပါ…
အဲ့ဒီအတွက် ရာသီအသစ် နှစ်အသစ်မှာ ကိုယ်ရည်မှန်းထားတဲ့ အရာတွေကို Intention Setting ချဖို့ ၊ Manifestation လုပ်ဖို့တွေအတွကိ အင်မတန်အားကောင်းသော လပြည့်နေ့ဖြစ်ပါတယ်..
တစ်ချိန်တည်းမှာပဲ ကိုယ်ဆက်လျှောက်ရမယ့် Journey အတွက် အဆင်မပြေတော့တဲ့ ကိုယ့်ရဲ့ old pattern တွေ၊ အတွေးအခေါ်၊ အပြုအမူတွေကိုထားခဲ့ဖို့ ၊ ကိုယ့်ကို Energy drain စေတဲ့ Toxic Environment တွေကို စွန့်ခွါဖို့ ဆုံးဖြတ်ရမယ့် အချိန်ဖြစ်ပါတယ်..
ဒီနေ့ Full Moon (March 7) ကနေ ခုလာမယ့် New Moon (March 22) အထိ ကာလ အပိုင်းအခြားဟာ အဟောင်းတွေကိုထားခဲ့ပြီး အသစ်တွေကို ကြိုဆိုရမယ့်အချိန် ၊ ဒီကာလထဲမှာ နောက်တစ်ချိန် ကိုယ်ကြီးပွါးတိုးတက်လာမယ့် အခွင့်အလမ်းတွေရောက်လာမယ့် အချိန်ကာလလို့ ပြောလို့ရပါတယ်..
Universe ကပေးတဲ့ အခွင့်အလမ်းတွေကို Aware ဖြစ်သူ နဲ့ မဖြစ်သူ၊ ရယူနိုင်သူ နဲ့ မရယူနိုင်သူတို့ ကွာသွားပါလိမ့်မယ်… အဲ့ဒါ ကိုယ့်ရဲ့ Inner Self နဲ့ပဲဆိုင်ပါတယ်..
Everything is Energy လို့ပဲပြောပြော၊ Thoughts become Things လို့ပဲပြောပြော အပြင်မှာ ဖြစ်လာသမျှကိုယ့်ဘဝရဲ့ ဖြစ်ရပ်တွေဟာ ကိုယ့်အတွင်းကလာတဲ့ ၊ ကိုယ်နေ့စဉ်တွေးခေါ် ပြောဆို ပြုမူနေတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံတွေရဲ့ ရောင်ပြန်ဟပ်မှု ( Reflection) ပါပဲ….
Inner work တွေ ၊ Energy work တွေ ပိုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်သင့်တဲ့ ကာလဖြစ်ပါတယ်.. သေချာလုပ်ထားသူကို Universe က ဆုပေးပါလိမ့်မယ်…
ပြီးတော့ ဒီကာလ (March 7-22) မှာ ပေါ်လာတဲ့ အဆက်အသွယ်အသစ်တွေ၊ တခါမှ မကြုံဖူးတဲ့ ပတ်ဝန်းကျင်အသစ်တွေ ၊ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ၊ ပညာရေးလမ်းကြောင်းတွေ ၊ Relationship တွေ၊ spiritual journey ဆက်လျှောက်ဖို့ လိုအပ်တဲ့ ကိုယ်အကြောင်းတရား ဖြည့်ဆည်းရမယ့် စာအုပ်တွေ ၊ class တွေ ၊ connection တွေ ကိုယ့်မျက်စိရှေ့ရောက်လာတာကလည်း ကိုယ့်ကို အချက်ပြနေတဲ့ အခွင့်အလမ်း (Universal Opportunities) တွေပါပဲ… အပေါ်မှာပြောခဲ့သလိုပဲ ကိုယ်က Awareness ရှိရှိနဲ့ ကိုယ့်ကို အခွင့်အရေးပေးနေတာပါလား ဆိုတာကို သိဖို့၊ ယူတတ်ဖို့ လိုပါတယ်…
နောက်တစ်ခု အားသာချက်က လက်ရှိအချိန်မှာ Planets တွေကလည်း ဘယ်ဂြိုဟ်မှ ပြောင်းပြန်လှည့်မနေတဲ့ ( No retrograde) ကာလဖြစ်ပါတယ်..
အချိန်အခါ အထောက်အပံ့ရဲ့ အားကောင်းမှုကိုယူပြီး ဒီညရဲ့ Full Moon Energy နဲ့ Energy work တွေ ၊ Meditation တွေ၊ Spiritual practice တွေစတဲ့ Inner work တွေသေချာလုပ်ပြီး ကိုယ်လိုချင်တာတွေ Intention ချတာ၊ Manifestation လုပ်တာတွေလုပ်နိုင်ပါတယ်….
စိမ်းပြောခဲ့တဲ့ အချိန်အပိုင်းအခြား ကာလအတွင်းမှာ ကိုယ့်ရဲ့ ကိုယ်၊စိတ်၊ နှလုံး သုံးပါးကို ပိုမိုကောင်းမွန်အောင်မွေးမြူပြီး ကိုယ့်ဆီရောက်လာတဲ့ အခွင့်အလမ်းတွေကို Awareness ရှိရှိ ရယူနိုင်ကြပါစေ
With All my Love & Energy