Feature Articles

Spiritual Journey

ဒီနေ့က မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ရဲ့ ပထဆုံးနေ့ (နှစ်ဆန်း တစ်ရက်နေ့) ဖြစ်ပါတယ်…. Spiritual journey ကို အတူလျှောက်လှမ်းနေကြတဲ့ သူတွေအတွက် ကိုယ့်ရဲ့ spiritual path မှာ ပိုပြီးခရီးရောက်စေမယ့် အကြောင်းတရားတွေကို နှစ်သစ်မှာ မျှဝေလိုက်ရပါတယ်…

🍀Unconditional Love
လူတိုင်းဟာ အချိန်မရွေး ကိုယ့်အနားက ထွက်ခွါသွားနိုင်တဲ့ အနိစ္စသဘောမို့ ဘယ်အခြေအနေမှာမဆို ချစ်ခြင်းမေတ္တာ တရားထားနိုင်အောင် ကြိုးစားပါ…

🍀Grounding
မာန်မာနတွေကို အဆုံးအထိ လျှော့ချပြီး “0” level မှာနေပါ..

🍀Acceptance
ဘဝမှာ လောကဓံအတက်အကျတွေ ကြုံလာရင် ဘာလေးပဲ ဖြစ်ဖြစ် စိတ်ကလေးလျှော့ပြီး လက်ခံလိုက်ပါ…

🍀Letting go
ကိုယ့်ဘဝအတွက် အသုံးမဝင်တော့တဲ့ အကျင့်တွေ၊ အတွေးတွေ ၊ အယူအဆတွေ၊ ယုံကြည်ချက်တွေနဲ့ အဆင်မပြေတော့တဲ့ လူတွေ memory တွေကို စိတ်ဖြတ်ပြီး လွှတ်ချလိုက်ပါ…

🍀Be nice
ကိုယ်စိုက်တဲ့အတိုင်း ကိုယ်ရိတ်သိမ်းရမှာမို့ ဘယ်သူတရားပျက်ပျက် ကိုယ်လုပ်နိုင်သမျှ အကောင်းဆုံးကျင့်ကြံနေထိုင်ပါ..

🍀Trust the process
ရလဒ် မထွက်သေးရင်တောင် ကိုယ်ပြုခဲ့တဲ့ ပြုနေဆဲဖြစ်တဲ့ အကြောင်းတရားတွေအပေါ် ယုံကြည်ပါ…

🍀Mind your own business
သူများတွေအကြောင်း စိတ်ဝင်စားတာ ၊ ဝေဖန်နေတာထက် ကိုယ့်ကိစ္စ (ကိုယ့်ရဲ့ spiritual path )ကိုပဲ အာရုံစိုက်ပါ..

🍀No judgement
လူတစ်ယောက်အကြောင်းကို အကုန်အစင်ဘယ်လိုမှမသိနိုင်တဲ့အတွက် ထစ်ခနဲရှိ ဝေဖန်ပြစ်တင်တဲ့ judgement တွေကို ရှောင်ပါ…

🍀Be aware of suffering
ဘဝမှာ ကြုံတွေ့လာတဲ့ အရာတွေ အထူးသဖြင့် pain တွေကို suffering (ပင်ပန်းဆင်းရဲမှု) တွေ မယူမိဖို့ဖြစ်ကြောမရှည်ဖို့ သတိထားပါ…

🍀Joyful moments
Manifestation အပါအဝင် energy work တွေမှာ joy ဆိုတဲ့ ပျော်ရွှင် စိတ်ချမ်းသာမှုက အရေးကြီးတာမို့ ဘာလေးပဲလုပ်လုပ် စိတ်ကြည်ကြည်နဲ့ ပျော်ပျော်ရွှင်ရွှင်လုပ်ပါ..

🍀Attitude of gratitude
လောကကြီးမှာ အကောင်းအဆိုး အမြဲဒွန်တွဲနေတာမို့ ရနေတဲ့ အရာသေးသေးလေးတွေ ၊ အကောင်းတွေကို မြင်အောင်ကြည့်ပြီး ကျေးဇူးတင်စိတ်နဲ့နေပါ..

🍀Find a mentor
ကိုယ့်ဘာသာ စမ်းတဝါးဝါးလျှောက်နေတာထက်စာရင် Mentor နဲ့အတူသွားတာဟာ ပိုပြီး မြန်မြန်ခရီးရောက်စေတာမို့ ကိုယ်နဲ့ ပဌာန်းဆက်ပါတဲ့ frequency မိတဲ့ mentor ကိုရှာပြီး အတူလျှောက်လှမ်းပါ..

အခုပြောထားတဲ့ အကြောင်းတရားတွေကို ဖြည့်ပြီး အကြောင်းအားလျော်သော အကျိုးတရားများစွာကို နှစ်သစ်မှစ၍ ရရှိနိုင်ကြပါစေ…
ကြီးပွားချမ်းသာပြီး လောက ကောင်းကျိုးဆောင်နိုင်ပါစေ…ဘေးရန်ကင်းကွာပြီး ကျန်းမာခြင်း ချမ်းသာခြင်း အတိပြီးပါစေ….

သင်္ကြန်အတက်နေ့က မျှဝေပေးခဲ့တဲ့ စိမ်းရဲ့ spiritual journey မှာ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေအကြောင်း ပြောပြပေးထားတဲ့ ive session လေးကို ပြန်လည် ကြည့်ရှုလိုပါက…
https://fb.watch/cracTvnR0L/

🍀မင်္ဂလာနှစ်သစ်ပါ… Namaste 🙏✨

🍀 With all my love & energy 🍀
Dr Seinn
Life Coach, Trainer & Energy Healer