ကိုယ် attraction လုပ်ထားတဲ့ ငွေကြေး၊ relationship ၊ အလုပ်၊ အောင်မြင်မှုတွေ ကိုယ့်ဘဝထဲကောင်းမွန်စွာ အချိန်ကြာကြာရှိနေဖို့ ဘာကအရေးကြီးပါသလဲ ?????
Universal RuleNo7 : You reap what you sow
(ကိုယ်စိုက်ပျိုးတဲ့အတိုင်း ရိတ်သိမ်းရပါမယ်)
ကိုယ် attract လုပ်ထားတဲ့ manifest လုပ်ထားတဲ့ငွေတွေရလာတယ်… ဒါပေမယ့် အကြောင်းရှာပြီးပြန်ထွက်သွားတယ်.. မမြဲဘူး ။
လိုချင်တဲ့ငွေ ရသွားပေမယ့် ဘာလုပ်လုပ် အဆင်မပြေတစ်ခုပြီးတစ်ခု ဖြစ်နေတယ်။
ကိုယ်လိုချင်တဲ့သူနဲ့ RS ချိတ်မိပြီးမှ အဲ့လူက ကိုယ့်အပေါ်တော်တော်မကောင်းတဲ့သူ ၊ bully လုပ်တဲ့သူဖြစ်နေတယ်။
ကိုယ်အရမ်းလိုချင်တဲ့ ရာထူးရသွားပြီးမှ ကိုယ်သိမထားတဲ့ စိတ်ညစ်စရာပေါင်းစုံ stress ပေါင်းစုံတွေ့နေရတယ်။
ဘာလို့လဲ???????
ကိစ္စတွေအားလုံးအတွက်အဖြေက ကိုယ်က အဲ့ဒီလိုချင်တဲ့အရာတွေကို attract လုပ်တယ်ဆိုပေမယ့် ဘယ်နည်းနဲ့ရလာတာလဲဆိုတာပါပဲ။
လောကနိယာမအရ ကိုယ့်ရဲ့ mindset and energy တွေကို shift လုပ်ပြီး frequency tuning and inspired action လုပ်ရင် ကိုယ်လိုချင်တာတွေကို ကိုယ့်ဘဝထဲဆွဲခေါ် လို့ရပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် ဘယ်လိုရတာလဲဆိုတာ စဉ်းစားဖို့လိုပါမယ်။
ဆိုလိုချင်တာ ကိုယ် attract လုပ်တဲ့ ကိစ္စရပ်တိုင်းဟာ ဘယ်သူ့ကိုမှ နာကျင်ထိခိုက်စေခြင်းမရှိတဲ့ ကိစ္စဖြစ်ရပါမယ်။ အဲ့ဒါမှသာ ကိုယ်ဆွဲခေါ်ထားတဲ့ ကိစ္စတွေ ဆန္ဒတွေ အိပ်မက်တွေဟာ ကိုယ့်ဘဝထဲ ကောင်းမွန်စွာ ရှိပြီး ရေရှည်တည်တံ့မှာဖြစ်ပါတယ်။
ငွေပို လိုချင်လို့ attract လုပ်တယ်ဆိုတိုင်း ရချင်တဲ့ နည်းနဲ့ရဆိုပြီး ရထားတဲ့ငွေတွေ၊ မဟုတ်မမှန်တဲ့နည်းလမ်းနဲ့ စီးပွါးရှာထားတဲ့ငွေတွေအားလုံးဟာ တနည်းနည်းနဲ့ အကြောင်းရှာပြီးပြန်ထွက်တတ်ပါတယ်။
အဲ့ဒီလိုပဲ သူများဆီက လိမ်ယူထားတဲ့ငွေတွေ၊ သူများငွေချေးပြီး ပြန်မပေးသူတွေအားလုံးဟာ တဖက်လူက ဘာမှမပြောရင်တောင်၊ ပြန်မတောင်းရင်တောင် သူများကို ထိခိုက်နစ်နာပြီးရထားတာဖြစ်လို့ အဲ့လိုလူတွေဘဝမှာတစ်ခုပြီးတစ်ခုအဆင်ပြေတာ၊ အိမ်ကမိသားစုတွေအမျိုးမျိုးဖြစ်နေတာ စတာတွေလည်း အားလုံးကြားဖူးကြမှာပါ။
သူများငွေပြန်မပေးချင်တာနဲ့ အဆင်မပြေသေးဘူးချည်း အကြောင်းပြရတာကြောင့် energy အရလည်း အဆင်မပြေတာတွေပဲဖြစ်လာမှာအသေအချာပါပဲ။ အဲ့လို သူများငွေယူပြီး ပြန်မပေးတာတို့ လိမ်တာတို့ဆိုတာ ငွေဝင်ပေါက်ကို ပိတ်စေတဲ့ money block ထဲမှာလည်းပါပါတယ်။ အဲ့အတွက်ခဏသာ ငွေရှိသလိုဖြစ်သွားပေမယ့် အကြောင်းရှာပြီး ငွေကနည်းမျိုးစုံနဲ့ပြန်ထွက်တာပါပဲ။ Money mindset and Money blocks အကြောင်းကိုတော့ နောက်ပိုင်းသက်ဆိုင်တဲ့ post တွေကျမှ ဒီ့ထက်ပိုပြောပြပါမယ်။
အလားတူပဲ တချို့တွေအလုပ်ထဲ နေရာရချင်၊ ရာထူးလိုချင်လို့ မဟုတ်မမှန်တဲ့ နည်းလမ်းတွေသုံးတာ ကိုယ်နဲ့ level တူတွေအပေါ် ညစ်ပတ်ပြီး နေရာရသွားရင် ခဏတော့ ကျေနပ်စရာပါ။ ဒါပေမယ့် ကိုယ်အဲ့ဒီနေရာ၊ အဲ့ဒီရာထူးရောက်သွားပြီးမှ ကိုယ်အရင်ကမသိတဲ့ မလိုအပ်တဲ့ stress ပေါင်းစုံနဲ့ ပင်ပန်းတာမျိုး၊ အဲ့ဒီရာထူးမှာ အတူလုပ်ရသူတွေထဲ mindset မကောင်းသူပါတာမျိုး စသဖြင့် တွေ့လာရတာတွေ ဖြစ်တတ်ပါတယ်။
အဲ့ဒီအတွက် ကိုယ်လိုချင်တာတွေ attract လုပ်လို့ရပါတယ်။ သို့သော် ကိုယ် attract လုပ်ထားတဲ့ အရာတွေအားလုံးဟာ သူများကို ချနင်းထားတဲ့၊ သူများစိတ်ဆင်းရဲပြီးမှရလာတဲ့ ၊ သူများအပေါ် ဗိုလ်ကျပြီးရလာတဲ့ အရာမျိုးတွေဆို ကိုယ်ရထားတာတွေ ခဏနဲ့ပြန်ထွက်တာ၊ ကိုယ်ပျော်မယ်ထင်ပေမယ့် တကယ်တမ်းကျ အဆင်ပြေမနေတာတွေဟာ အနှေးနဲ့အမြန်ဖြစ်လာမှာပါ။
မကောင်းတဲ့နည်းနဲ့ ရလာတဲ့အရာအားလုံးဟာ negative energy ဖြစ်လို့ energy သဘောအရလည်း ကိုယ့်ဘဝထဲကို negative တွေပဲလာမှာပါပဲ။
ကိုယ်သူများအပေါ် ပြုမူခဲ့တဲ့အတိုင်း ကိုယ့်ဆီအကုန်ပြန်လာပါတယ်။ ခဏနဲ့ပြန်လာတာရယ်၊ အချိန်တစ်ခုကြာမှပြန်ခံစားရတာရယ်ပဲရှိပါမယ်။
လောကနိယာမအရ You reap what you sowပါ။ ကိုယ်စိုက်ပျိုးတဲ့အတိုင်း ကိုယ်ရိတ်သိမ်းရပါမယ်။ ကိုယ်စိုက်တဲ့အပင်ကအသီးကိုပဲ ကိုယ်စားရပါမယ်။
ကျေးဇူးတင်ပါတယ် 💚
💚27th July 2020💚
With all my Love & Energy
#DrSeinn
#LifeCoachAndTrainer
#MindsetEnergyFrequency
#12UniversalRules