Feature Articles

Rule No.6, Timing for your Attraction

ကိုယ် Attract လုပ်ထားတဲ့ စိတ်ကူးအိပ်မက်တွေတကယ်ရောက်ဖို့ အချိန်ဘယ်လောက်စောင့်ရမှာလဲ ?????
အရင်က Attract လုပ်ရင်ခဏနဲ့ရတယ်၊ ခုတစ်ခါကျ ကြာနေတယ် ဘာလို့လဲ????

Universal RuleNo6 : Timing for your Attraction

Law of attraction အကြောင်းနားလည်ပြီးသူတွေက ကိုယ်လိုချင်တဲ့အရာတွေကို စိတ်ကူပုံဖော်ခံစားခြင်းဆိုတဲ့ manifestation နဲ့ action ပါထည့်ပြီးရင် ဘယ်တော့ဖြစ်မှာလဲဆိုတာမေးတတ်ကြပါတယ်။
တူတူသိတာ လုပ်တာခြင်းအတူတူ သူတို့ကဖြစ်ပြီး ကိုယ်က မဖြစ်သေးတာဘာလို့လဲဆိုတာမျိုးလည်း စဉ်းစားတတ်ကြပါတယ်။ ခုကိစ္စတစ်ခုကျမြန်ပြီး နောက်တစ်ခါဖြစ်လာဖို့စောင့်နေရတယ်.. ငါများ တစ်ခုခုလိုနေတာလား ဆိုပြီးလည်း တွေးတတ်ကြပါတယ်။

Universal rule 6 ကဘာပြောလဲဆိုတော့ Universe ထဲက အရာအားလုံးဟာ cycle လိုပဲလည်နေပါတယ်။ နေဆိုလည်း ထွက်ပြီးရင် ဝင်မယ်၊ ဝင်ပြီးရင် ပြန်ထွက်မယ်။ မနက်ည တလှည့်စီဖြစ်မယ်။ ရာသီဥတုဆိုလည်း နွေ မိုး ဆောင်း တလှည့်စီ သူ့အချိန်နဲ့သူ ဖြစ်ပါမယ်။ ဒါ Universal truth ပါ။ အရာအားလုံးဟာ သူ့ pattern နဲ့သူ ၊ သူ့ rhythm နဲ့သူ တလှည့်စီဖြစ်နေပါတယ်။

နာရီချိန်သီးနဲ့လည်း ဥပမာပေးချင်ပါတယ်။ချိန်သီးဟာ ဘယ်ညာကို ရွေ့နေတာပါ။ အမြဲ ဘယ်ဘက်မှာမနေသလို အမြဲ ညာဘက်မှာလည်းမနေပါဘူး။ တလှည့်စီ သွားပါတယ်။

အလားတူပဲ လူတွေရဲ့ ဘဝမှာလည်း အမြဲအကောင်းချည်းဖြစ်မနေသလို အမြဲအဆိုးချည်းလည်းဖြစ်မနေပါဘူး။ သူ့ pattern နဲ့သူ အကောင်းအဆိုးတလှည့်စီဖြစ်နေတာပါ။
ဒီ Universal Rule6 ကို ကိုယ့်ဘဝအတွက်ဘယ်လိုအသုံးပြုနိုင်မလဲ ????

1. Know your Timing ✅✅
ဆိုလိုချင်တာ Timing ဆိုတဲ့ အချိန်ကျခြင်းဟာ အင်မတန်အရေးကြီးပါတယ်။ နွေရာသီကနေ မိုးရာသီချက်ချင်းပြောင်းချင်လို့မရပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက် ၊ ကိုယ်လိုချင်တဲ့ ကိစ္စတစ်ခုနဲ့တစ်ခု Timing မတူတဲ့အတွက် ကိုယ့်ရဲ့ right time ကို စောင့်ဖို့လိုပါတယ်။
စိမ်းသင်တန်းက student တွေကို Law of attraction practice လုပ်တဲ့အခါကျရင် အမြဲ ထည့်ပြောတဲ့ ဥပမာလေးရှိပါတယ်။ စံပါယ်ပင်နဲ့ ဝါးပင်ပေါက်တာ မတူပါဘူးဆိုတဲ့ ဥပမာပါ။
စံပါယ်ပင်က စိုက်ပြီးတာနဲ့ အချိန်တိုအတွင်း result မြင်ရပါတယ်။ ဝါးပင်ကို မြေကြီးမှာ စိုက်မယ်ဆိုရင် ဝါးပင်အမြစ်ရဲ့ ၂ဆ မြေကြီးကိုတူး၊ ပြီးရင် မြေကြီးနဲ့မြေဆွေးနဲ့ရောပြီး ရေကောင်းကောင်းလောင်းရပါတယ်။ ဝါးပင်တစ်ပင်ကောင်းကောင်းပေါက်ဖို့ 3-4 years ကြာပါတယ်။ ဒါပေမယ့် တကယ်ပေါက်တဲ့အချိန်ကျရင် တကယ့်ကို အကိုင်းအခက်တွေဝေဖြာ ကြီးထွားပြီး ဝါးရုံတောကြီးဖြစ်သွားတာမျိုးပါ။
ပြောချင်တာ ဝါးပင်ပေါက်ဖို့ စံပါယ်ပင်ထက် အချိန်ယူရပေမယ့် သူ့အချိန်ကျလို့ပေါက်လာတဲ့အခါ စံပါယ်ပင်ထက် အဆပေါင်းများစွာကြီးထွားပြီးထွက်တာပါ။ အဲ့ဒါ Timing ပါ ။
တစ်ဦးနဲ့တစ်ဦးရဲ့ အချိိန်ကျမှုဟာ မတူနိုင်လို လူတစ်ဦးထဲမှာတောင် ဖြစ်ချင်တဲ့ ကိစ္စတစ်ခုချင်းစီရဲ့ ဖြစ်လာတဲ့ Timing ဟာ မတူနိုင်ပါဘူး။ တချို့မျှော်လင့်ချက်တွေဟာ အချိန်တိုအတွင်းဖြစ်နိုင်သလို တချို့အိပ်မက်တွေဟာ ခဏလေး စိတ်ရှည်ရှည်စောင့်ရပါမယ်။ တချို့ timing မကျသေးတဲ့ ကိစ္စရပ်တွေမှာ ဆန္ဒတွေစောပြီး မဖြစ်သေးဘူး၊ မဖြစ်သေးဘူးချည်းတွေးနေရင် အလကားနေ negative energy ရပြီး ပိုပြီးမဖြစ်လာဖို့ပဲ ရှိပါတယ်။
အဲ့ဒါဆို မေးစရာရှိပါတယ် … Timing ရောက်ဖို့ ဒီအတိုင်းထိုင်စောင့်ရမှာလား????
အဖြေက No ပါ။
ဝါးပင်ကို မြေဆွေးကောင်းကောင်းမရော ၊ ရေလည်းမလောင်း ၊ ရာသီဥတုကလည်းမကောင်းဘူးဆိုရင် စိမ်းလန်းဝေဖြာပြီးပေါက်လာစရာအကြောင်းမရှိပါဘူး။ အဲ့လိုပဲ ဝါးပင်အတွက်လိုအပ်တဲ့မြေဆီ၊ရေ၊ရာသီဥတုကောင်းနဲ့တူတဲ့ ကိုယ့်ရဲ့ positive mindset and energy တွေ နဲ့ inspired action တွေကို တစိုက်မတ်မတ်ဖြည့်ပေးပြီး ကိုယ့်ရဲ့အိပ်မက်တွေကို attract လုပ်နေမှသာ သူ့အချိန်ကျရင် ဝါးပင်ပေါက်သလို ကိုယ်မှန်းထားတာထက်တောင်ပိုကောင်းတဲ့ ပိုပြီးဝေဆာလှပတဲ့ result တွေရမှာပါ။

2. Focus on the Moment ✅✅
ပစ္စုပ္ပန်တည့်တည့်ကိုသာကြည့်ပါလို့ ဆိုလိုပါတယ်။ ကိုယ့်တစ်နေ့တာမှာ ကိုယ်ထားရဲ့မယ့်mindset ၊ကိုယ့်ရဲ့ energy ကိုသာ ဂရုစိုက်ပြီး ကိုယ်လုပ်စရာရှိတာကို တစိုက်မတ်မတ်လုပ်နေရင် ကိုယ်မျှော်လင့်ထားတာတွေဟာ သူ့အချိန်နဲ့သူ အနှေးနဲ့အမြန် ဖြစ်လာမှာပါ။ ထမင်းချက်ရင်တောင် ဆန်ကနေထမင်းဖြစ်လာဖို့ အချိန်စောင့်ရတယ်၊ ဒါတောင် လျှပ်စစ်ပေါင်းအိုးနဲ့ချက်တာရယ် Gasနဲ့ချက်တာရယ် မီးသွေးမီးဖိုနဲ့ချက်တာရယ်ဟာ စိုက်ထုတ်ရတဲ့အားမတူသလို ကျက်ချိန်လည်းမတူဘူးဆိုတာလေး သတိရပေးပါ။

3. Remember the Pattern ✅✅
အပေါ်မှာရှင်းပြခဲ့သလို အရာအားလုံးဟာ တလှည့်စီဖြစ်နေတယ်ဆိုတာလေးကို နှလုံးသွင်းစေချင်ပါတယ်။ နေ့နဲ့ညတလှည့်စီဖြစ်သလို ကိုယ့် life ဟာ negative cycle ဘက်ရောက်နေလည်း ခဏနေရင် positive cycle ဘက်ရောက်မှာပါပဲ။ အမြဲ နေပူမနေသလို အမြဲမိုးရွာမနေပါဘူး။
အဲ့အတွက် ခုအချိန် ကိုယ်က negative cycle ထဲရောက်နေတယ်ဆို ကိုယ့်မှာရှိနေတဲ့ ကောင်းတဲ့အရာလေးတွေရှာတွေးပြီးကျေးဇူးတင်တတ်တဲ့ Attitude of gratitude (positive thoughts) ကိုကြိုးစားပြီး ကိုယ့်ရဲ့ positive cycle ဘက်ခြမ်းရောက်အောင်စောင့်မယ်။ ကိုယ်ကအရာရာအလွယ်တကူဖြစ်လာတဲ့ positive cycle ဘက်ခြမ်းရောက်နေတယ်ဆိုလည်း ကိုယ်မပိုင်တဲ့အနာဂတ်ကိုတွေးတောစိတ်ပူမနေဘဲ လက်ရှိဘဝရဲ့နေ့ရက်တွေကို ပျော်ရွှင်အေးချမ်းစွာ Enjoy လုပ်ဖို့လိုပါတယ်။

ဒီနေ့ရှင်းပြတဲ့ Universal RuleNo6 ကလည်း အားလုံးအတွက် အကျိုးရှိမယ်လို့ယုံကြည်ပါတယ်။

ကျေးဇူးတင်ပါတယ် 💚

💚26th July 2020💚

With all my Love & Energy

#DrSeinn
#LifeCoachAndTrainer
#MindsetEnergyFrequency
#12UniversalRules