Feature Articles

Rule No.4, Your action: Your Attraction

ကိုယ့်ရဲ့ Mindset, Energy, Frequency တွေကိုကိုယ်တိုင်ပြောင်းလဲပြီးနောက် ကိုယ်လိုချင်တဲ့ငွေကြေး၊ Relationship ၊ အလုပ်၊ အောင်မြင်မှုတွေကိုယ့်ဆီအမြန်ဆုံးရောက်လာဖို့ ဘာလိုအပ်သေးလဲ ?????

Universal Rule No4 : Your Action : Your Attraction
လောကနိယာမဖြစ်တဲ့ Law of Attraction အရ စိမ်းတို့တွေလိုချင်တဲ့ ငွေကြေး၊ အလုပ်၊ Relationship ၊ အောင်မြင်မှုတွေကို စိမ်းတို့ရဲ့ Mindset ၊ Energy တွေကိုပြောင်းလဲပြီး ကိုယ့်ဘဝထဲကို ဆွဲခေါ်လို့ရတယ်လို့ ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့် ကိုယ်လိုချင်တာ၊ ကိုယ်ရချင်တာတွေကို တကယ့်ကို ကောင်းမွန်တဲ့ Energy သုံးပြီး ဘာမှမလုပ်လို့တော့မရပါဘူး။ ဆိုလိုချင်တာက ကိုယ်က Positive Energy ရှိအောင်ကြိုးစား ၊လိုချင်တာတွေကို တွေးတောပုံဖော်ခံစားတဲ့ အလုပ်ပဲလုပ်ပြီး ကိုယ့်ရဲ့မျှော်လင့်ချက် အိပ်မက်တွေက သူ့အလိုလိုရောက်လာမှာပါဆိုပြီး ထိုင်နေလို့၊ အိပ်နေလို့မရပါဘူး။

ကိုယ်လိုချင်တဲ့ ဖြစ်ရပ်တွေ ကိုယ့်ဘဝထဲရောက်လာဖို့ ကိုယ့်ရဲ့ Positive Mindset & Energy နောက်ကနေ Action လိုက်ရပါမယ်။ ဘယ်လိုပဲ Mindset & Energy က Positive ဖြစ်နေပါစေ Action မပါဘဲ result မရနိုင်ပါဘူး။ Action ဆိုတဲ့နေရာမှာလည်း တကယ့်ကို ရင်ထဲကနေစိတ်ပါလက်ပါနဲ့ ကြိုးစားလုပ်ဆောင်တဲ့ Inspired Action ဖြစ်ရပါမယ်။
စိမ်း ဥပမာလေး (၂) ခုပြောပြပါမယ်။

✅ စိမ်းရဲ့ ခု Dr Seinn page က content တွေကို လုံးဝ boost မလုပ်ဘူး…. ကိုယ်ပေးတဲ့ content ကိုကြိုက်ပြီး ကိုယ်နဲ့ frequency တူသူတွေ like and follow လုပ်လိမ့်မယ် ဆိုတဲ့ စိမ်းရဲ့ Value and Belief ရှိပါတယ်။
လွန်ခဲ့တဲ့ ၂ ရက်က စိမ်းရဲ့ Teamက ညီမလေးက “မစိမ်းရေ page က engagement တော်တော်ကောင်းတယ်။ Follower တွေလည်းတက်တယ်။ ၁ လလောက်နေရင် Follower 1000 ရရင်ကောင်းမယ်ဆိုပြီးပြောပါတယ်။”
အဲ့အချိန်စိမ်းသူ့ကိုဘာပြန်ပြောလိုက်လဲဆိုတော့ “၁ လမဟုတ်ဘူး.. ၁ပတ်နဲ့ 1000 follower ရမှာ” ဆိုပြီးပြောပါတယ်။ အဲ့ဒါ စိမ်းရဲ့ energy ပါ။
ဒါပေမယ့် စိမ်းက 1000 follower အတွက် High Frequency and Positive Energy ထည့်ထားပြီး follower အလိုလိုရလာလိမ့်မယ်ဆိုပြီး ထိုင်နေလို့မရပါဘူး။
စိမ်း Content တွေ Post တွေအတွက် နေ့တိုင်းအချိန်ပေးပြီး စာဖတ်ရတယ်၊ စာရေးရတယ်၊ ကိုယ်သိသလို လူအများသိအောင် ဘယ်လိုရေးပြရမလဲစဉ်းစားပြီး ရေးပြရတယ်၊ post တင်ရပါတယ်။ ကိုယ်ရေးတဲ့စာ concept မလွဲအောင်ဂရုစိုက်လေ့လာရသလို လူတိုင်းနားလည်အောင်လည်း ဥပမာတွေကအစ စဉ်းစားရပါတယ်။ အလုပ်လုပ်ရပါတယ်။ လူတွေရဲ့ positive life changes တွေကို support လုပ်ပေးနိုင်မယ့် content တွေစဉ်းစားရပါတယ်။
တချိန်တည်းမှာ စိမ်းရဲ့ တခြား group coaching တွေ personal coaching ယူထားသူတွေနဲ့လည်း အချိန်ပေးစကားပြောရပါတယ်။ online training တွေစာသင်ရပါတယ်။
ခု ၁ပတ်တောင်မကြာဘူး ..၃ ရက်အတွင်း Follower 1000 ကျော်ရပါတယ်။ တကယ်ရလာတဲ့ result က ကိုယ် attract လုပ်ထားတာထက်တောင်ပိုကောင်းနေပါသေးတယ်။

✅စိမ်းရဲ့မိတ်ဆွေတော်တော်များများရော စိမ်း client တွေထဲမှာရော online shopping လုပ်တဲ့သူတွေတော်တော်များပါတယ်။ ခုက digital trend ဖြစ်လာတော့ online shopping ကလည်းတော်တော့်ကို growth ဖြစ်လာတာပါ။ အဲ့နေရာမှာလည်း ကိုယ့်အလုပ်အပေါ်ထားတဲ့ mindset & energy ကအင်မတန်အရေးကြီးသလို နောက်က လိုက်လုပ်မယ့် Action ကလည်းအရေးကြီးပါတယ်။ Mindset and Energy ကတော့ change လုပ်လိုက်ပါပြီ….ဒါပေမယ့် post ပုံမှန်မတင်တာ၊ product photo တွေပုံမှန်မရိုက်တာ၊ ကိုယ့်ပစ္စည်းအကြောင်း ရှင်းပြမနေတာ ၊ စာရင်းသေချာမလုပ်တာစတဲ့ စိတ်ပါလက်ပါလုပ်တဲ့ Inspired Action မပါရင် အောင်မြင်ဖို့မဖြစ်နိုင်ပါဘူး။

ကိုယ်လိုချင်တာတွေကို attract လုပ်ဖို့ဆိုရင်
Positive Mindset & Energy + High Frequency +
Inspired Action = Your Result ဆိုတာလေး မှတ်ထားဖို့လိုပါတယ်။
ဒီ Formula မှာ ပြောထားတဲ့အရာတွေကို harmony ဖြစ်ဖြစ် လုပ်နိုင်တဲ့အခါ ကိုယ် attract လုပ်ချင်တဲ့ ကိုယ့်ဘဝမှာဖြစ်ချင်တဲ့ အရာတွေဟာ ကိုယ်စိတ်ကူးထားတာထက်တောင်ပိုကောင်းတဲ့ result တွေ ဖြစ်လာမှာ အသေအချာပါပဲ။

ကျေးဇူးတင်ပါတယ် 💚

💚24th July 2020💚

With all my Love & Energy

#DrSeinn
#LifeCoachAndTrainer
#MindsetEnergyFrequency
#12UniversalRules