Feature Articles

Quality Abundance

Sadhguru က ပြောထားတဲ့ concept လေးတစ်ခုကို အရမ်းသဘောကျပါတယ်…

ပန်းလေးတွေမှာ အနံ့ကိုယ်စီရှိပါတယ်… ဘယ်လိုအနံ့ထုတ်လိုက်တာလဲဆိုတဲ့အပေါ် မူတည်ပြီး အခြေအနေအသစ်တွေကို ဆွဲဆောင်လိုက်တာပါတဲ့…
လူတစ်ဦးချင်းစီကို ပန်းတွေနဲ့တင်စားထားတာပါ..
ကိုယ်ထုတ်တဲ့ အနံ့ပေါ်မူတည်ပြီး ကိုယ်ရတဲ့ အနေအထားတွေ ကွာသွားတယ်ဆိုတဲ့သဘောပါပဲ…

အဲ့ဒီတင်စားထားတဲ့ အနံ့ဆိုတာ
✨ကိုယ့်ရဲ့ ရုပ်ခန္ဓာ ( physical action )
✨စိတ်အနေအထား (mental action)
✨ခံစားချက် (emotional action )
✨ထုတ်နေတဲ့လှိုင်းတွေ (energy action) တွေ စုပေါင်းထားတဲ့ အစုအပုံကြီးပါပဲ…

အဲ့ဒီအရာတွေစုပေါင်းပြီး ကိုယ်စီကိုယ်စီ ပန်းနံ့တွေကို လောကထဲ လွှတ်နေကြတာပါ…. ဒီနေရာမှာ အနံ့ဆိုတာ quality (အရည်အသွေး) ကိုဆိုလိုတာပါ…

ပန်းရဲ့အနံ့ပေါ်မူတည်ပြီး လွှင့်ပစ်ခံရမလား၊ သေချာအလှဆင်ခံရမလား၊ ဘုရားကပ်ခံရမလား စသည်ဖြင့် ကွဲပြားသွားသလို လူတွေမှာလည်း ကိုယ်က ဘယ်လိုအနံ့တွေထုတ်နေတာလဲ ဆိုတာပေါ်မူတည်ပြီး ဖြစ်လာတဲ့ အနေအထားတွေကွာသွားပါတယ်…

တစ်နည်းအားဖြင့် ကိုယ့်ရဲ့
🍀Body level
🍀Mind level
🍀Emotional level
🍀Energy level တွေက ဘယ်လို quality ရှိနေတာလဲ ???

ကိုယ်က တစ်သက်လုံးမှတ်ထားတဲ့ ဘုတ်အုပ်ထဲကအတိုင်းပဲ မှန်တယ်ထင်ပြီး အရင်ပုံစံ ၊ အရင် quality တွေနဲ့ ပဲ နေနေတယ်ဆို အရင် အခြေအနေတွေကိုပဲ attract လုပ်နေမှာပါ…
အဲ့ဒါမို့ အခြေအနေအသစ်တွေကို လိုချင်တယ်ဆို Quality ပြောင်းမှရမှာပါ… အကျိုးကိုထိုင်မျှော်မနေဘဲ ကိုယ်ဘာအကြောင်းတရားတွေ ဖြည့်ဖို့လိုနေတာလဲ စဉ်းစားရမှာပါ..
ကိုယ့်ရဲ့ quality ပြောင်းလိုက်မှသာ အဲ့ဒီ level နဲ့ ညီတဲ့ quality ပြည့်ဝတဲ့ energy field(စက်ကွင်း)ထဲရောက်ပြီး quality ပြည့်ဝတဲ့ လူတွေ ၊ အနေအထားတွေ abundance တွေက သူ့သဘောသူဆောင်ပြီး ကိုယ့်ဘဝထဲရောက်လာမှာ အသေအချာပါပဲ…

🍀With all my Love & Energy 🍀
Dr Seinn
Life Coach , Trainer & Energy Healer