Feature Articles

Positive Energy

ငွေစျေးကိစ္စတွေရော ၊ တခြား မိတ်ဆွေတချို့ရဲ့ သတင်းအကြောင်းအရာတွေရောကြောင့် လူဟာမနေ့က အတော် energy ကျသွားတယ်…..

Social media ကို ကြည့်ရင်း panic တွေဖြစ်၊ စိတ်ညစ်တာတွေ စိတ်ပူတာတွေ ဒေါသထွက်တာတွေ စုံနေပြီး သားကိုတောင်စိတ်မရှည်ဘဲ သူရိုးရိုးစကားပြောတာတောင် သတိလွတ်သွားပြီး အော်မိတယ်… စိမ်း life coaching client လုပ်ငန်းရှင်တချို့ကိုလည်း အဆင်ပြေရဲ့လားလိုက်မေးရင်း client အစ်မတစ်ယောက်က “ မိသားစုတွေ နေကောင်းကြတယ်မလား၊ ကျန်းမာတယ်မလား၊ နွေးနွေးထွေးထွေးချစ်ခင်ကြတယ်မလား တီချယ်စိမ်းရဲ့ “ လို့ ပြောလိုက်တဲ့ အခါမှ လူက သတိပြန်ကပ်သွားတယ်… ကိုယ့် client ပေမဲ့အစ်မကိုကျေးဇူးတင်ရတယ်… လူက စိတ်ညစ် စိတ်ပူတဲ့ထဲပဲ လျှောက်တွေးပြီး လည်နေရင် ထပ်စိတ်ညစ်စရာတွေပဲတွေးပြီး လက်ရှိအဆင်ပြေနေသေးတဲ့ အနေအထားကိုတောင်မေ့သွားတာမျိုးနော်… Gratitude and Love က လုံးဝကိုပျောက်ထွက်သွားတာမျိုး… ကြောက်စိတ်တွေ ဒေါသတွေ ပူလောင်မှုတွေထဲ လည်နေရင် ဘာအဖြေမှ ထွက်မှာမဟုတ်ဘူး၊ အဖြေထွက်ရင်လည်း အဆင်မပြေတာတွေပဲထွက်လာမှာ…

အနှိုင်းမဲ့ မေတ္တာတရား (Unconditional Love) နဲ့သာ ဘဝကရှေ့လျှောက်နေလို့ထိုင်လို့ အဆင်ပြေမယ်…Universe နဲ့ အစောင့်အရှောက်တွေဆီက အကူအညီတောင်းလည်း လောဘ၊ ဒေါသ၊ မောဟတွေကင်းတဲ့ မေတ္တာတရား (Unconditional love) နဲ့သာ တောင်းဆိုမှရတယ် ဆိုတဲ့ ကိုယ်လေ့လာသိရှိထားတာတွေက သတိပြန်ကပ်လာရတယ်..

ပြီး စိတ်နဲ့ရုပ်နဲ့ဟာ ဆက်နွယ်နေတော့ စိတ်ထိတာနဲ့ ရုပ်ကထိတာပဲ … ညက အိပ်ခါနီး အစာအိမ်နေရာကနေ ကျောနဲ့ရင် ညှပ်အောင့်တာ မသိစိတ်ထဲက stress ကြောင့်ပဲနေမယ်… ဆေးသောက်ပေမဲ့လည်း အရမ်းအောင့်တော့ အိပ်လို့လည်းမရတာနဲ့ အောင့်တဲ့​နေရာကို စိုက်ပြီး ရှုနေလိုက်တယ်… အောင်သုခက ကမ္မဌာနစရိယ ဘုန်းဘုန်းသင်ပေးသလိုပဲ ဖြစ်လာတဲ့ စိတ်တွေ၊ ရုပ်တွေကို ကိုမှတ်သာပစ်၊ မှတ်ရင်းပျောက်သွားလိမ့်မယ်.. မမှတ်ပစ်လို့ကတော့ ကျန်နေမှာဆိုတဲ့အတိုင်း အောင့်တာမှတ်လိုက်၊ အောင့်တဲ့ဝေဒနာ တိုးတာလျော့သွားကိုသတိထားကြည့်လိုက်.. စိတ်ပူတာတွေ ညစ်နေတာတွေ မှတ်လိုက် လုပ်ရင်း ဘာမှသိပ်မှတ်လို့မရတဲ့အခါ မြေဇင်းက သင်ပေးထားတဲ့ ကိုယ်စောင့်ကမ္မဌာန်းတစ်ခုဖြစ်တဲ့ ဗုဒ္ဓရုပ်ပွါးတော်တစ်ခုကို ပုံဖော်ပြီး အရဟံပဲပွါးလိုက် နဲ့ … တလှည့်စီလုပ်ရင်းပဲ နာတာတွေအောင့်တာတွေ သက်သာပြီး တဖြည်းဖြည်းအိပ်ပျော်သွားတယ်..

မနက်က alarm လည်းမပေးဘဲ အရုဏ်တက်တည်းက ကြည်ကြည်လင်လင်နိုးနေပြီး (၂) နာရီ ဆက်တိုက် ဝိပဿနာရှု တရားထိုင်လိုက်တာ လူက အတော့်ကို center ဖြစ်သွားတယ်…

ကိုယ်ထိန်းချုပ်လို့မရတာတွေလိုက်တွေးရင်း ပစ္စုပ္ပန်မှာမရှိတော့တဲ့ စိတ်ဟာ ခုမှပဲ ပစ္စုပ္ပန်တည့်တည့်ပြန်ရောက်လာတယ်… အဖြေအားလုံးဟာတရားမှာပဲရှိလို့ တရားကိုကျေးဇူးတင်ရတယ်… တရားစခန်းတွေ ဝင်ခဲ့တုန်းက တချို့ဘဝတွေပြန်မြင်ရဖူးတဲ့အတွက် ကိုယ်ကလှိမ့်ပိန့်နေအောင်ခံနေရသူ ဖြစ်ခဲ့ဖူးသလို ၊ သူတပါးကိုလှိမ့်ပိန့်နေအောင်ပြုလုပ်ဖူးသူတွေလည်း ဖြစ်နေပြန်တယ်…

ခုလည်း လောကဓံ ဒါမှမဟုတ် လူတစုက ထိန်းချုပ်သလို တကမ္ဘာလုံးက လူတွေက ငိုဆိုငို ရယ်ဆိုရယ် ဖြစ်နေရတာမျိုးပဲ ခံစားလာရတယ်…. လောကဓံအတက်အကျတွေကြား ငွေကြေး၊ အောင်မြင်မှုနဲ့ ရှင်သန်မှုအတွက်လိုက်ရင်း လူသားပီသတဲ့ human being နဲ့ connection တွေပျက်လာပြီး စက်ရုပ်တွေလိုဖြစ်လာ.. ဗြဟ္မစိုရ်တရား (၄) ပါးပျောက်ဆုံးလာတာ သိသိသာသာပဲ…

ချစ်ခင်ရတဲ့ အစ်မတစ်ယောက်ပြောတဲ့သိပ်သဘောကျရတဲ့ စကားလိုပဲ လောကဓံရဲ့ တပည့်တော့ မလုပ်ဘူး… လောကဓံရဲ့ ဆရာပဲလုပ်မယ်ဆိုတဲ့အတိုင်း လဲကျတိုင်း ပြန်ထရင်း ရှေ့ဆက်ရမှာပဲ… ရှေ့ဆက်တဲ့အခါလည်း ခုကြုံနေရတဲ့ အရှိန်ပြင်းပြင်းလောကဓံတွေကြား အကုသိုလ်စိတ် ဖြစ်တဲ့ negative energy တွေကို လွှတ်ချပြီး စိတ်တွေလျှော့ center ထိပြန်သွားပြီး ရှိနေတဲ့အချိန်လေး ကုသိုလ်စိတ်ကို ကြိုးစားကူးပြောင်းမှသာ ကိုယ်ဖြစ်ချင်တဲ့ positive energy တွေကို ဆွဲခေါ်နိုင်မှာပါ…..

ဒီမနက်လည်း နေရောင်ရအောင် ဝရံတာထွက်ထိုင် ရွှေတိဂုံကိုလှမ်းဖူးရင်း ဒီစာလေးကြောင့် တစ်ဦးဦး စိတ်တွေအဆင်ပြေသွားရင် အကျိုးရှိပြီဆိုတဲ့ စိတ်နဲ့ ရေးလိုက်ရင်း အားလုံးပဲ ကောင်းမွန်တဲ့ energy တွေနဲ့ ပြည့်ဝနေမဲ့ မင်္ဂလာနံနက်ခင်းပါ 🍀🍀🍀

💚With All my Love & Energy 💚
Dr Seinn
Life Coach & Trainer