Feature Articles

Kingdom of Cambodia

သွားဖို့ စိတ်ကူးလည်းမရှိ၊ အစီအစဉ်လည်းမရှိဘဲ နိုဝင်ဘာလဆန်းမှ Spiritual Trip တစ်ခု သွားဖို့အကြောင်းတရားပေါ်လာပြီး အမြန်စီစဉ်လိုက်ရတဲ့နေရာ ဖြစ်တဲ့ Kingdom of Cambodia … 🇰🇭 Cambodia ဆိုတာ စိမ်းတစ်ခါမှမရောက်ဖူးသေးတဲ့နိုင်ငံပါ။

ဒီနေ့အရင်ဆုံးရောက်တဲ့ Bakheng Temple က 9th Century ထဲကရှိခဲ့ပြီး Hindu ဘုရားရှင်ဖြစ်တဲ့ Lord Shiva (အရှင်သျှီဝ) ရဲ့ Temple တဲ့… Lord Shiva Meditation လုပ်တဲ့ တောင်ပေါ်မှာ ဆောက်ထားတဲ့ ဘုရားကျောင်းပါတဲ့.. သူတော်စင်တွေရဲ့ Energy ပြည့်ဝနေတဲ့ မြင့်မြတ်တဲ့နေရာဌာန (Holy Place ) ပါပဲ။

Lord Shiva (အရှင် သျှီဝ) ဟာ စိမ်းရဲ့ Energy work တွေ Timeline Energy Healing တွေထဲမှာ မှာ အကြောင်းတရားရှိရင် ကြွလာတတ်ပြီး သူနဲ့ပတ်သက်တဲ့ ပဌာန်းဆက်တွေကို လာရောက်စောင့်ရှောက်တတ်သော မေတ္တာပေးသော Blessing ပေးသော.. Energy အားဖြင့် Connection လုပ်တတ်သော Hindu ဘုရားရှင်တစ်ပါးဖြစ်ပါတယ်။

ဒီနေရာကို သွားဖို့အကြောင်းတရားပေါ်လာတာ မထူးဆန်းဘူး… ဒီ Temple က ဟိုးတောင်ထိပ် အမြင့်ကြီးမှာ.. မိနစ် (၂၀) လောက် တောင်တက်လမ်းတလျှောက် လမ်းလျှောက်ရတယ်.. အပေါ်ရောက်တော့ တကယ့်ကို Breathtaking View ပါပဲ။

အမှန်တော့ ဒီနိုင်ငံကိုလာဖြစ်တဲ့ Spiritual Trip မှာ Angkor Wat ကို အဓိက လာတာ.. ကျန်တဲ့ temple တွေလည်း အမှန်အတိုင်းပြောရရင် မသိပါဘူး။

ရောက်ဖို့အကြောင်းတရားရှိရင် ရောက်ကိုရောက်တာပါပဲ… ကိုယ်က လက်ခံဖို့ အဆင်သင့်ဖြစ်နေဖို့ရယ် … စိတ်ကလေးလျှော့ ငြိမ်ငြိမ်လေး silent mode နဲ့နေရင် intuition တွေ guideline တွေက လာတာပါပဲ …

ဒီ Trip မှာ မေတ္တာသေချာ ပို့ရမယ်.. Heart Chakra ကနေ ထွက်လာတဲ့ Energy နဲ့ သူတပါးကို အဆင်ပြေကောင်းမွန်စေချင်တဲ့စေတနာနဲ့ လှိုက်လှိုက်လှဲလှဲ မေတ္တာပို့ရမယ်ဆိုတာသိနေတဲ့အတွက် Lord Shiva နဲ့ တခြား Hindu ဘုရားရှင်တွေ ရဲ့ မေတ္တာကို ခံယူပြီး ဂါရဝပြုသလို Temple ရဲ့ အစောင့်အရှောက်တွေကို မေတ္တာသေချာပို့ပေးခဲ့တယ်..

သံသရာမှာမကျင်လည်ဖူးတဲ့ ဘဝမရှိဘူးဆိုတော့ ပတ်သက်ခဲ့တဲ့ ဘဝတွေအတွက်ရော .. ခုလုပ်နေတဲ့ အလုပ်တွေမှာ လာရောက်စောင့်ရှောက်ပေးနေတဲ့ Energy အတွက်ရော ကျေးဇူးအများကြီးတင်ပါတယ်..

အခုချိန်ကတော့ လူသားအချင်းချင်း မေတ္တာတွေသေချာပေးရမဲ့အချိန်.. Spiritual Beings တွေကိုလည်း မေတ္တာသေချာပို့ရမယ့် အချိန်ဖြစ်တယ်ဆိုတာလည််း message လေးပေးချင်ပါတယ်..

🍀ကျန်းမာ ချမ်းသာပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ🍀

Namaste 🙏✨