Feature Articles

Grounding & Health

ဒီနေ့တော့ ကျန်းမာရေးရှုထောင့်ကနေပဲကြည့်ကြည့် ၊ Energy တို့ Spirituality ဖက်ကပဲကြည့်ကြည့် အရမ်းအကျိုးပြုတဲ့ Grounding အကြောင်းကို ပြောပြချင်ပါတယ်… လက်ရှိ အခြေအနေအရ Grounding နဲ့ ကျန်းမာရေး ဘယ်လိုဆက်စပ်လဲဆိုတာ အရင်ရှင်းပြပါမယ်… 🍀 Grounding ဆိုတာ အရိုးရှင်းဆုံးပြောရရင် ဖိနပ်မစီးဘဲ ခြေထောက်ဗလာနဲ့ မြေကြီးပေါ် လမ်းလျှောက်ပြီး ကမ္ဘာမြေကြီးရဲ့ energy နဲ့ connection လုပ်တာပါ.. လူဟာ သဘာဝနဲ့ နီးစပ်ဖို့ အရမ်းအရေးကြီးပါတယ်… ရှေးတုန်းကလူတွေကျန်းမာတယ်၊ အေးချမ်းတယ်၊ stress နည်းတယ်ဆိုတာ သဘာဝနဲ့နီးစပ်တာကြောင့်အများကြီးပါပါတယ်… 🍀 စားတဲ့အစားအစာတွေမှာ ပိုးသတ်ဆေးတွေမပါဘူး… 🍀 ဟော်မုန်းတက်အောင်လုပ်ပြီးမွေးမြူထားတဲ့ အသား၊ ငါးတွေမရှိဘူး…🍀 သဘာဝကရတဲ့အရာကိုပဲ ရိုးရိုးရှင်းရှင်းစားသောက်တယ်.. 🍀 သဘာဝထဲမှာပဲ ရိုးရိုးရှင်းရှင်းနေထိုင်ကြပါတယ်… 🍀 ဖိနပ်တွေ မပေါ်ခင်တုန်းက ခြေဗလာနဲ့ လမ်းလျှောက်ကြတယ်..သွားလာကြတယ်… အခုက ခေတ်မှီလာတဲ့ Technological Age တွေရောက်လာပါတယ်.. လောကကြီးမှာ ဘယ်အရာမဆို အကောင်းနဲ့အဆိုး ဒွန်တွဲနေတဲ့အတွက် နည်းပညာတွေတိုးတက်လာတာနဲ့အမျှ အဲ့နည်းပညာရဲ့ side effect တွေကလည်း တပြိုင်တည်းပါလာတာပါပဲ… 🍀သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေဆို organic ကလွဲလို့ ဆေးတွေသုံးပြီး စိုက်ပျိုးတာ🍀 မှည့်အောင် အရောင်လှအောင်လုပ်တာ🍀 ဆေးသုံးပြီးမွေးမြူထားတဲ့ ရေခဲရိုက်ထားတဲ့ အသားငါးတွေ🍀 ကြာရှည်ခံအစားအစာတွေ 🍀 ready made food တွေအားလုံးကိုပဲ အတော်များများစားသောက်နေရတာပါ… အစားအသောက်အပြင် နေ့တိုင်းသုံးနေရတဲ့ phone , laptop, WiFi , TV အပါအဝင် လျှပ်စစ်ပစ္စည်းတွေကလည်း လျှပ်စစ်သံလိုက်လှိုင်းတွေ တောက်လျှောက်ထုတ်လွှတ်နေပါတယ်… အဲ့လှိုင်းတွေဟာ ကိုယ်တိုင်သုံးတဲ့ပစ္စည်းတွေကရသလို ပတ်ဝန်းကျင်မှာလည်း ပျံ့နှံ့နေပါတယ်… သိပ္ပံပညာအရ အဲ့လို လျှပ်စစ်ပစ္စည်းတွေက ထွက်တဲ့ လှိုင်းတွေမှာ Positive Ion (+) တွေများပါတယ်….Positive Ion (+) တွေများလာပြီး အဲ့ဒါတွေကို ခန္ဓာကိုယ်ကနေ မထုတ်ဘူး release မလုပ်ဘူးဆို…📌 Energy drain ဖြစ်ပြီး စိတ်အတက်အကျတွေများတာ၊ စိတ်ကျလွယ်တာ၊ Mood swing တွေဖြစ်တာ…. 📌Happy hormone တစ်မျိုးဖြစ်တဲ့ Serotonin ရဲ့ Function ကိုထိခိုက်စေလို့ စိတ်ဆတ်တာ၊ အိပ်မပျော်တာ၊ စိတ်မကြည်တာ၊ ရင်တုန်တာ၊ ခေါင်းမကြည်တာ… 📌Body pH က balance မဖြစ်တော့ဘဲ acidဖက် များလာလို့ cell တွေ ကောင်းကောင်းအလုပ်မလုပ်နိုင်တော့တဲ့ အတွက် ဇီဝကမ္မဖြစ်စဉ်တွေ ခုခံအားတွေ ကမောက်ကမ ဖြစ်လာတာစတာတွေ ဖြစ်လာတတ်ပါတယ်…စိမ်းတို့ရဲ့ ရုပ်ခန္ဓာဟာ နှလုံးခုန်တာက၊ အသက်ရှူတာ၊ အစာခြေတာကအစ brain impulse တွေအဆုံး သိပ္ပံသဘောအရ Electrical Impulse တွေနဲ့သွားတာပါ… အဲ့ဒါမို့ ခေတ်အခြေအနေနဲ့ စားသောက်နေထိုင်မှု lifestyle အနေအထားအရ ကိုယ့် ခန္ဓာကိုယ်ထဲ စုနေတဲ့ Positive Ion (+) တွေကို release လုပ်ဖို့ လျော့သွားဖို့က သိပ္ပံသဘောအရ အမဓာတ် ဆိုတဲ့ Electron (-) တွေလိုအပ်ပါတယ်..Electron (-) တွေပေါများစွာရှိနေတာ စိမ်းတို့ ရဲ့ Mother Earth ( ကမ္ဘာမြေကြီး) ပါပဲ… မြေကြီးဟာ အကြီးဆုံးသော energy field ဖြစ်တဲ့အတွက် ကြီးမားတဲ့ လျှပ်စစ်သံလိုက်လှိုင်း (Electromagnetic Field ) ဖြစ်ပါတယ်… ဒါကြောင့်မို့ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် မြေကြီးဓာတ်ယူတာဟာ Electron (-) တွေကို မြေကြီးထဲကနေယူပြီး ကိုယ့်ခန္ဓာကိုယ်အတွက် အဆင်မပြေတဲ့ Positive ion (+) တွေ ချေဖျက်တာပါပဲ… 🍀 ဒါကြောင့် တစ်ရက်ကို မိနစ် (၂၀) လောက် ဖိနပ်မပါဘဲ လမ်းလျှောက်ပြီး Grounding လုပ်ကြည့်.. မြေကြီးဓာတ်ယူကြည့်ပါ… သဘာဝနဲ့ ပြန် connect လုပ်ကြည့်ပါ…🍀 မနက်စောစောဆို အသက်ရှူလေ့ကျင့်ခန်းလုပ်၊ နေရောင်ထဲမှာ Grounding လုပ်ရင် Vitamin D လည်းရ အဆုတ်ကျန်းမာရေးလည်းပိုကောင်းစေမှာပါ… 🍀 Grounding လုပ်ပြီး မြေကြီးဓာတ်ယူတာဟာ ကျန်းမာရေးအတွက် အကျိုးများလှပါတယ်… 🍀ခုလိုအချိန်မှာ ရုပ်ခန္ဓာက cell တွေကောင်းကောင်းအလုပ်လုပ်ဖို့၊ စိတ်ခိုင်မာနေဖို့ ပိုလိုအပ်ပါတယ်… Grounding က Energy & Spirituality အတွက် ဘယ်လိုအကျိုးပြုလဲဆိုတာကို အပိုင်း (၂) မှာ စိမ်းဆက်ရေးပေးသွားပါမယ်….

Telegram link – https://t.me/drseinnlifecoachandtrainer/79

🍀 စိမ်းရဲ့ 12 Universal Rules (လောကနိယာမ ၁၂ ပါး ) စာအုပ်ကို ဤlink မှတဆင့် https://www.facebook.com/101067308353231/posts/317245646735395/?d=n pre-order တင်ပြီးမှာယူလို့ရပါပြီရှင်..

💚With All my Love & Energy 💚

Dr SeinnLife Coach & Trainer