Feature Articles

Gratitude Ritual

မင်္ဂလာရှိတဲ့ သီတင်းကျွတ် အချိန်အခါကို ရောက်လာပြန်ပြီ ဖြစ်ပါတယ်…

မြန်မာ့ရိုးရာပွဲတော်တွေအများကြီးထဲမှာ သီတင်းကျွတ်ဟာ Gratitude ဆိုတဲ့ ကျေးဇူးတရားကို အထူးထင်ဟပ်စေတဲ့ အခါသမယဖြစ်ပါတယ်…

မနက်ဖြန်ကျရောက်မယ့် သီတင်းကျွတ်လပြည့် (အောက်တိုဘာ ၉ရက်နေ့) အတွက် လပြည့်ရဲ့ ပြည့်ဝနေတဲ့ Fullmoon Energy ရဲ့ အထောက်အပံ့ကိုယူပြီး Gratitude Ritual လေး ပြုလုပ်နိုင်ပါတယ်…

✨ကိုယ်ယုံကြည် ကိုးကွယ်ရာ ဘာသာတရား နဲ့ ဘာသာတရားရဲ့ အထွဋ်အမြတ်ရတနာများ (မိမိယုံကြည်ရာအလိုက် ဘုရား တရား သံဃာ၊ ဘုရားသခင်၊ တမန်တော်အရှင်မြတ်၊ နတ်ဘုရားများ၊ မယ်တော် ဒေဝီများ) ကို လှိုက်လှဲစွာကျေးဇူးတင်ကန်တော့ပါ…

✨ကိုယ့်ကို လူအဖြစ် မွေးဖွားပေးတဲ့ ၊ ပြုစုစောင့်ရှောက်ပေးတဲ့ မိဘများ ၊ သင်ဆရာ မြင်ဆရာ ကြားဆရာများကို လှိုက်လှဲစွာကျေးဇူးတင်ပါ…

✨ကျေးဇူးတရားရဲ့ တန်ဖိုးကိုသိတဲ့ ၊ လောကဓံအတက်အကျတွေမှာ ရင်ဆိုင်ဖြတ်ကျော်နိုင်တဲ့၊ ဥာဏ်ပညာကျယ်ဝန်းလာတဲ့ ၊ သင်ယူလိုစိတ် ပြောင်းလဲလိုစိတ်ရှိတဲ့ ၊ ဒီလိုခက်ခဲတဲ့ကာလမှာတောင် ရှင်သန်ရပ်တည်နိုင်စွမ်းရှိတဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်ခင်စွာကျေးဇူးတင်ပါ…

✨ကိုယ့်ကို ချစ်ခင်သူ ၊ ငွေအားဖြင့် ၊ နှုတ်အားဖြင့်၊ စိတ်အားဖြင့် အထောက်အပံ့ပြုသူများကို ချစ်ခင်စွာကျေးဇူးတင်ပါ…

✨ကိုယ့်ကို မုန်းတီးသူ၊ ဒုက္ခပေးသူ၊ တိုက်ခိုက်သူ၊ ဆွဲချသူများအားလုံးကိုလည်း သူတို့ရှိနေတဲ့အတွက် ကိုယ်ပိုပြီး သန်မာလာစေလို့၊ စိတ်ထားတတ်စေလို့၊ ကောင်းတဲ့ အမူအကျင့်တွေကို ပိုပြီးသတိထားပြုမူစေတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ပါ…

✨ကိုယ်နဲ့ဆက်စပ်ပြီးရှိနေတဲ့ ဘဝပေါင်းများစွာက Spiritual Connection များကို သူတို့ကြောင့် ပိုကောင်းတဲ့ energy field တွေနဲ့ ချိတ်ဆက်ခွင့်ရလို့၊ ကုသိုလ်ပိုလုပ်ဖြစ်စေလို့ ကျေးဇူးတင်ပါ…

✨ကိုယ်သုံးစွဲခွင့်ရနေတဲ့ ငွေကြေးတွေနဲ့ ကိုယ့်ဆီ ထပ်ရောက်လာမယ့် ငွေကြေးတွေကို ချစ်ခင်စွာကျေးဇူးတင်ပါ…

✨ကိုယ့်ကို နေထိုင်ခွင့်ပေးထားတဲ့ စကြဝဠာ ၊ မိခင် ကမ္ဘာမြေကြီးနဲ့ သဘာဝတရားတွေကို ရင်ထဲကနေ တန်ဖိုးထား ကျေးဇူးတင်ပေးပါ…

ခုပြောတဲ့ Gratitude Ritual ကို စာအုပ်ထဲချရေးပြီး journaling လုပ်နိုင်သလို ၊ Energy work လုပ်တတ်သူများအနေနဲ့ Energy run ရင်း ဖြန့်ချတဲ့ အချိန် (Universal Life Force Energy နဲ့ တသားတည်းဖြစ်သွားချိန်) မှာ လှိုက်လှဲစွာရွတ်ဆို ကျေးဇူးတင်လို့လည်း ရပါတယ်..

ဗုဒ္ဓဘာသာဝင်များအနေနဲ့ ဘဝပေါင်းများစွာနဲ့ ယခုဘဝရဲ့ ခင်ပွန်းကြီး ၁၀ပါးကိုကန်တော့နိုင်သလို Energy work တက်ထားသူများအနေနဲ့ (5) principles ထဲမှ Gratitude Principle ကိုလည်း ပြုလုပ်နိုင်ပါတယ်..

ကျေးဇူးတင်ခြင်း၊ ကျေးဇူးတရားကို အောက်မေ့တတ်ခြင်းဆိုတဲ့ Attitude of Gratitude ဟာ အင်မတန်အရေးကြီးတဲ့ စွမ်းအင်ကြီးမားတဲ့ Energy ဖြစ်ပါတယ်…

ကျေးဇူးတင်စိတ်လေးဖြစ်ပေါ်တဲ့အခါ ခန္ဓာကိုယ်က ကောင်းမွန်တဲ့ happy hormone တွေ ထုတ်လွှတ်ပေးလို့ အေးချမ်းပျော်ရွှင်ကျေနပ်ခြင်း၊ မိမိကိုယ်ကိုယ် ပိုပြီးချစ်ခင်တန်ဖိုးထားလာခြင်းတွေ ဖြစ်ပေါ်စေပါတယ်..

အကျိုးဆက်အနေနဲ့ ကိုယ့်ဘဝမှာ ပိုပြီးကောင်းမွန်တဲ့အရာတွေကို energy channeling ဖြစ်စေပါတယ်…

သီတင်းကျွတ် လပြည့်နေ့မှာ ပြည့်ဝနေတဲ့ Fullmoon energy နဲ့အတူ ကောင်းမွန်တဲ့ တန်ဖိုးရှိတဲ့ Gratitude Ritual လေးပြုလုပ်ပြီး ပိုပြီး ကောင်းမွန်ပြည့်စုံတဲ့ အရာတွေကို ဘဝထဲကို ဆွဲခေါ်နိုင်ကြပါစေ 🙏🙏🙏

🍀With All my Love & Energy 🍀

#DrSeinn

#InternationalCertifiedLifeCoach

#Trainer

#EnergyHealer