Feature Articles

Commitment & consistency

စိမ်း မောင်းထောင်မြေဇင်း online တရားစခန်းဝင်တုန်းက တရားပြ ဘုန်းဘုန်းက မိန့်လိုက်တဲ့ စကားလေးတခွန်းကို စိတ်ထဲအတော် မှတ်မိနေပါတယ်…

“မြတ်စွာဘုရားဟာ နောက်ကြောင်းပြန်ဖို့ ဘယ်တော့မှ မတွေးခဲ့ဘူး… ဝီရိယစိုက်ပြီးပဲ ရှေ့တိုးပါသတဲ့ “

ဗုဒ္ဓဟာ လူသားတစ်ဦးအနေနဲ့ တကယ့်ကို အကြီးကျယ်ဆုံး တွေးခေါ်ပညာရှင် (The Great Philosopher) လို့ သိပ္ပံပညာရှင်များကဆိုကြပါတယ်.. လောကုတ္တရာ လမ်းကြောင်းတင်မဟုတ်ဘဲ လောကီမှာ နေထိုင်နည်းတွေကိုလည်း အများကြီး လမ်းပြပေးခဲ့ သူဖြစ်ပါတယ်..

ခုန တရားပြဘုန်းဘုန်းမိန့်လိုက်တဲ့ ဗုဒ္ဓရဲ့ လမ်းပြမှုဟာလည်း ဘဝမှာတကယ့်ကို inspiration ရစေပါတယ်…

စိမ်းတို့ ဘဝခရီးတစ်ခုလျှောက်လှမ်းတဲ့အခါ၊ ရည်မှန်းချက်တွေဆီသွားတဲ့အခါ ပန်းတိုင်မရောက်သေးခင် လမ်းခုလတ်တွေမှာ စိတ်ပျက်စရာ စိတ်ညစ်စရာ အားလျော့စရာတွေ ကြုံတွေ့ရတာ သဘာဝပဲဖြစ်ပါတယ်… တခါတလေ အတိုက်အခိုက်တွေ ၊ ဆွဲချခံရတာတွေ၊ ကြိုးစားသလောက်အရာမထင်တာတွေကြုံလာတဲ့အခါ လုပ်လက်စတွေ မလုပ်ချင်တော့တဲ့အထိ လွှတ်ချလိုက်ချင်တာမျိုးတွေလည်း ကြုံဖူးမှာပါ… စိမ်းလည်း လူထဲက လူပဲဖြစ်တဲ့အတွက် အခုပြောတာမျိုးတွေ ကြုံဖူးတာပါပဲ..

အဲ့ဒီအချိန်မှာ လိုအပ်တာ ကိုယ်ရဲ့ရည်မှန်းချက်ကိုရောက်အောင်သွားမယ်ဆိုတဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ အားစိုက်ထုတ်တဲ့ ဝီရိယပါပဲ…

ကိုယ်လုပ်နေတဲ့ လမ်းကြောင်းတွေဟာ ကိုယ့်ဘဝအတွက်ရော သူများကိုရော မထိခိုက်သ၍ ကိုယ့်ရဲ့ inner self ကပြောတဲ့အတိုင်း တစိုက်မတ်မတ်လုပ်ဖို့လိုပါတယ်… ဝီရိယထည့်ဖို့ (commitment & consistency) ရှိဖို့ အင်မတန်အရေးကြီးပါတယ် …

အခက်အခဲလေးတစ်ခုတွေ့လိုက်တာနဲ့ အဟန့်အတားလေး ကြုံလိုက်တာနဲ့ စိတ်ဓာတ်ကျပြီး နောက်ကြောင်းပြန်လှည့်နေမယ် ပြိုလဲနေမယ် အဲ့နေရာမှာပဲနေနေမယ်ဆို ဘယ်တော့မှ ရှေ့ရောက်လာမှာမဟုတ်ပါဘူး…

ဘယ်လိုတွေပဲ ရင်ဆိုင်ကြုံတွေ့ရပါစေ နောက်ကြောင်းပြန်မလှည့်ဘဲ ကိုယ့်အလုပ်ကိုယ်ပဲ အာရုံပြုပြီး ဝီရိယစိုက်ပြီး ရှေ့တိုးနိုင်ကြပါစေ…

🍀With All my Love & Energy 🍀

#DrSeinn

#InternationalCertifiedLifeCoach

#Trainer

#EnergyHealer