Feature Articles

Attract what you want

🍀ကိုယ်လိုချင်တာတွေကို attract လုပ်ချင်တယ်ဆိုရင် social media ပေါ်ကခဏဆင်း ၊ negative energy တွေကိုဖြတ်ချပြီး ကိုယ့်ရဲ့ စိတ်စွမ်းအင်နဲ့ကောင်းမွန်တဲ့လှိုင်းတွေကိုအသုံးပြုပါ.. 🍀လူတွေအများကြီးရဲ့ Collective energy ရဲ့ အစွမ်းကိုယုံကြည်ပေးပါ.. 🍀တစ်ခု remind လုပ်ချင်တာ ကိုယ့်ရဲ့လှိုင်းက အေးနေမှဖြစ်ပါမယ်… ကိုယ်ကအေးနေမှ အေးတဲ့လှိုင်းထွက်ပါမယ်… ကိုယ်တိုင် ကပူလောင်နေရင် အအေးလှိုင်း မထွက်ပါဘူး… မေတ္တာပို့ပါ … 🍀ကိုယိလုပ်ခဲ့သမျှ ကုသိုလ်ကောင်းမှုတွေ၊ သူတပါးအပေါ်ကူညီခဲ့တာတွေကို ယုံယုံကြည်ကြည် စူးစူးနစ်နစ် သစ္စာအကြီးကြီးပြုပါ … 🍀မျက်စိမှိတ် အသက်ရှူ ငြိမ်ငြိမ်လေးထိုင်ပြီး ၁၀မိနစ်လောက် ကိုယ်ဖြစ်ချင်တဲ့ ရလဒ်တွေပဲ စိတ်ကူးပုံဖော်တွေးတောခြင်း (visualization )လုပ်ပါ…🍀ကိုယ်လိုချင်တာကိုပဲ focus လုပ်ပြီး အာရုံပြုပါ.. (Where focus goes, energy flows ) Focus တွေများရင် energy အားလျော့သွားပါတယ်… ဖြစ်ချင်တာကိုပဲ သေချာအာရုံစူးစိုက်ဖို့လိုပါတယ်.. 🍀မဖြစ်ချင်တာတွေကို မရချင်တာတွေကို “အဲ့လိုမဖြစ်ပါစေနဲ့” လို့ ဆုမတောင်းပါနဲ့နော်.. မသိစိတ်က “မ” တို့ No” တို့ကိုမမှတ်ပါဘူး ..

💚With all my Love & Energy 💚

Dr Seinn Life Coach & Trainer