Feature Articles

Alignment

ပြီးခဲ့တဲ့ ကြာသာပတေးနေ့ Energy work မစခင် ၁ နာရီလောက်အလိုမှာ ဝမ်းဗိုက်တပြင်လုံးကနေ စပြီး လေထိုးအောင့်တာကနေ နှလုံးနေရာ အဆုတ်နေရာ တွေအထိ လေတွေထိုးပြီး လူတကိုယ်လုံးဖြူကျ အသံပါမထွက်နိုင် pain shock ရလုနီးပါးဖြစ်ခဲ့ပါတယ်…

တကယ့်ကို ဥာဏ်ဖြစ်နေသူတွေ ၊ ဆရာတော်တွေကဆုံးမ တဲ့ “ မနက်ဖြန်ကမှ ဝေးသေးတယ်… သေဖို့က ပိုနီးတယ်” ဆိုတဲ့ စကားကို လက်တွေ့သိလိုက်ရသလိုပါပဲ…

စိမ်းတို့ဟာ မွေးလာတည်းက တချိန်ထွက်ခွါသွားရမယ်ဆိုတာကို သိနေကြ ကြားဖူးနေကြဖြစ်ပေမဲ့ ပုံမှန်အခြေအနေဆို လူ့လောကမှာ အမြဲ အသက်ရှင် နေထိုင်ရမယ်လို့ ထင်နေတတ်ကြပါတယ်.. အနတ္တကိုမေ့နေတဲ့ လူရဲ့ အတ္တပဲဆိုပါတော့…

ဘာမှမသေချာတဲ့ ခဏတာရလာတဲ့ အချိန်မှာ

✨ကိုယ့်ရဲ့လက်ရှိဘဝအတွက် ကိုယ်စိတ်နှလုံး (၃) ပါးလုံး alignment ဖြစ်ဖို့ ဘာတွေလုပ်ထားပြီးပြီလဲ…

✨ကိုယ်နဲ့ပတ်သက်တဲ့သူတွေအတွက်ရော ဘာတွေ ကူညီပေးပြီးသွားပြီလဲ …

✨ကိုယ်တစ်ယောက်တည်း ဆက်လျှောက်ရမဲ့ ခရီးအတွက် ရော ဘာတွေပြင်ဆင်ပြီးသွားပြီလဲ…

အကြောင်းတရားကောင်းတွေရှိလို့ လူ့ဘဝရလာတယ်ဆိုတာ ပိုပြီး ကောင်းတဲ့ အကြောင်းတွေဖြည့်ပြီး ခရီးဆက်ဖို့ပါ… ဒိဘဝမှာတင် ခရီးစဉ်ပြတ်သွားဖို့ အစပြုတာမျိုး၊ ခရီးစဉ်ပြတ်သွားတာမျိုးဆို ပိုပြီး ဝမ်းသာစရာပေါ့…

လူတိုင်းမှာ ကိုယ့်အကြောင်းတရားကိုဖြည့်ဖို့ လုပ်စရာအလုပ်တွေကိုယ်စီရှိပါတယ်…

ဒါပေမဲ့ လူ့သဘာဝအရ ကိုယ့်ကိစ္စကလွဲရင် တခြားသူကိစ္စတွေ ၊ တလောကလုံး ကိစ္စတွေကို စိတ်ဝင်စားတတ် အာရုံစိုက်တတ်ပါတယ်…

ဘယ်အရာမဆို ရေရှည်မြဲနေမှာမဟုတ်ပါဘူး… ပျော်စရာကောင်းတဲ့အရာဖြစ်ဖြစ် ၊ သေလောက်အောင် စိတ်ဓာတ်ကျ စိတ်ညစ်နေတာပဲဖြစ်ဖြစ်၊ စိတ်ပူနေတာတွေပဲဖြစ်ဖြစ် ဘယ်အရာမှ တောက်လျှောက်သေချာနေတာမရှိပါဘူး… သေချာတာကတော့ တချိန်မှာ တစ်ယောက်တည်း ထွက်ခွါရမှာပါ… အဲ့အချိန်ဟာ မနက်ဖြန်ထက်နီးပါတယ်…

အဲ့အတွက် ဘာမှမသေချာမရေရာတဲ့ နေ့ရက်တွေ ကိစ္စတွေကို တွေးပူနေမလား… ရှိတဲ့ အချိန်ကို တန်ဖိုးထားပြီး ကိုယ့်အတွက်၊ ကိုယ်တန်ဖိုးထားရတဲ့ သူတွေအတွက် အာရုံစိုက်အလုပ်လုပ်ပြီး ကိုယ်ဆက်လျှောက်ရမဲ့ ခရီးအတွက် ပြင်ဆင်မလားဆိုတာကိုတောာ့ တစ်ဦးချင်းစီရဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ်..

မရဏနုဿတိမှတ်ဖူးတဲ့သူတွေသိပါတယ်.. တကယ်တမ်းခဏသေကြည့်လိုက်ရင် အရမ်းအရေးကြီးတယ် serious ဖြစ်တယ်လို့ ကိုယ်ထင်​နေသမျှ ကိစ္စတွေအားလုံးဟာ အတွေးထဲမှာတောင် အမှုန်လေးလိုပျောက်ကွယ်သွားတာပါ…

လက်ရှိအချိန်ကို တန်ဖိုးထားရင်း ဘယ်အချိန်မဆို ခရီးဆက်နိုင်ဖို့ နောင်တကင်းစွာ အဆင်သင့်ဖြစ်နေဖို့လိုပါတယ်….

🍀With All my Love & Energy 🍀

#DrSeinn

#InternationalCertifiedLifeCoach

#Trainer

#EnergyHealer