Feature Articles

အောင်ပြီ (၆)ချက် ရက် (၉၀) အဓိဌာန်

မင်္ဂလာပါ 🙏
မနေ့က ပြာသိုလပြည့်နေ့မှာ ရလာတဲ့ connection တစ်ခုကြောင့် Live session နဲ့ ပြောပြပေးရတဲ့ မဟာမိသားစုက ဆရာဦးသစ္စာက ဆရာလေး ဒေါ်မိတ္တာထေရီကို အိပ်မက်ပေးပြီး ပြောပြတဲ့ အောင်ပြီ (၆)ချက် ရက် (၉၀) အဓိဌာန်ကို အရမ်းစိတ်ဝင်တစားလိုက်လုပ်ကြတဲ့ high commitment တွေတွေ့ရတာ အများကြီး ဝမ်းသာရပါတယ်…
လာမေးကြ ပြောကြတဲ့ထဲကမှ လူအများ မေးကြတဲ့ မေးခွန်းလေးတွေကို FAQ အနေနဲ့ post လေးပြန်တင်ပေးလိုက်တာပါ …

🍀အဓိဌာန်က ပုတီးပတ်ရေနဲ့တွက်တာပါလား….
✅ မဟုတ်ပါဘူး ။ ပထမအဆင့် ၉ခေါက်ကနေစပြီး နောက်ဆုံးအဆင့်မှ ၃၆ ခေါက်ပါပဲ။ တာလီနဲ့စိတ်လို့ရသလို (၉)လုံး ပုတီးတွေနဲ့လည်းရပါတယ်။ အဆင်ပြေသလိုလုပ်ပါ။ (အောင်ပြီ ၆ချက် အစအဆုံးကိုမှ တစ်ခေါက်ယူပါတယ်)

🍀ဘယ်နေ့စလို့ရလဲ….ခုမှသိရင်ရော ရသေးလား ..
✅သိတဲ့နေ့က စလုပ်လို့ရပါတယ်… ပြာသိုလပြည့်နေ့က မသိလိုက်လို့ .. ကိုယ်အာရုံကျတဲ့နေ့မှ စလုပ်ချငိလို့ ဆိုတာတွေ အကုန်ရပါတယ်.. ကိုယ်စလုပ်တဲ့ရက်ကနေ ရက် ၉၀ တွက်ရုံပါပဲ…

🍀ရက် ၉၀ ပြီးရင်ရော ဘာဆက်လုပ်ရမလဲ…
✅ရက် ၉၀ ပြီးတိုင်း နောက်ထပ်ရက် ၉၀ အဓိဌာန် ထပ်တင်လို့ရပါတယ်…စိမ်းဆို ခု (၅) ကြိမ်မြောက် နောက်ဆုံးအဆင့် (၃၆) ခေါက် လုပ်နေတာပါ…

🍀ဘယ်လိုစလုပ်ရမှာလဲ…
✅ ပထမဆုံးရက်ကိုတော့ ဘုရားရှိခိုး ၊ ငါးပါးသီလယူ၊ ခင်ပွန်းကြီး ၁၀ ပါးကန်တော့ချိုးနဲ့ ကန်တော့ပြီး ဒီအဓိဌာန်ကို ရက်၉၀ လုပ်ပါမယ်ဆိုပြီး အဓိဌာန်တင်ပြီး အဲ့ဒီနေ့အတွက် ၉ခေါက်စရွတ်ပါတယ်…( Intention Setting ချပြီး Commitment လုပ်တဲ့သဘောပါ) ..

🍀အချိန်၊နေရာ အတိအကျလိုပါသလား..
✅အဆင်ပြေသလိုလုပ်လို့ရပါတယ်.. စိမ်းကတော့ ခရီးသွားတာမျိုးနဲ့ ကြုံကြိုက်ခဲ့ရင်လည်း ကားပေါ်၊ လေယာဉ်ပေါ်ရွတ်လိုက်တာပါပဲ… အဲ့ဒီနေ့အတွက် ရွတ်ရမယ့် အကြိမ်ရေကိုတော့ တထိုင်တည်းဆက်တိုက်အပြီးရွတ်ဖို့လိုပါတယ်… ရွတ်တဲ့အချိန် အသံပီပီသသ ကြည်ကြည်လင်လင်ရွတ်ဖို့လိုပါတယ် (အသံကလာတဲ့ vibration အတွက်ပါ)

🍀ရက် ၉၀ ပြည့်တဲ့နေ့ဘာလုပ်ရမလဲ…
✅ရက် ၉၀ လုံးလုပ်ခဲ့တဲ့ အဓိဌာန်ကုသိုလ်ကို ဆရာဦးသစ္စာနဲ့ ဝိဇ္ဇာသူတော်စင်တွေ၊ နတ်မြတ်နတ်ကောင်းတွေ၊ ကိုယ့်ရဲ့ ပဌာန်းဆက် အစောင့်အရှောက်တွေကိုအမျှပေးပါ… (အမျှပေးတာကတော့ စိမ်းကနေ့တိုင်းလုပ်သမျှကုသိုလ်တွေပေးပါတယ်) မေတ္တာပို့ မေတ္တာခံယူပါ… ရက် ၉၀ အဓိဌာန်ကို သစ္စာဆို လိုရာဆုတောင်းပါ…

🍀အဓိဌာန်လုပ်ရင် ဘာအရေးကြီးလဲ…
✅ သဒ္ဒါတရားပါ.. ယုံကြည်မှုပါ… လောဘ၊ ဒေါသ၊ မောဟ စိတ်တွေနဲ့မဟုတ်ဘဲ ကောင်းတဲ့ energy အကြောင်းတရားတစ်ခုကို commitment တစ်ခုနဲ့ နေ့စဉ်လုပ်နေတယ်ဆိုတဲ့ စိတ်ပါ… အကြောင်းတရားတွေပြည့်စုံသွားရင် သူ့သဘောသူဆောင်တဲ့ အကျိုးတရားတွေရလာပါလိမ့်မယ် (တားမရပါဘူး)

🍀စိမ်းရဲ့ အတွေ့အကြုံ ..
✅ စိမ်း ဒီ ရက် (၉၀) အဓိဌာန်ကို မဟာမိသားစုက ဆရာလေး တင်ထားတာကနေတွေ့ပြီး ၂၀၂၀ နှစ်လယ်ပိုင်းထဲကစလုပ်တာပါ… အထူးခြားဆုံးကတော့ စီးပွါးလာဘ်လာဘတွေ ငွေဝင်လမ်းတွေပွင့်လာတာပါ.. အကူအညီတွေရတာ၊ ပဌာန်းဆက်ကောင်းတွေတွေ့လာတာ၊ သိပ်ကြာမယ်ထင်တဲ့ ကိစ္စတွေ မြန်လာတာ၊ အခက်အခဲဖြစ်မယ်ထင်တာတွေပြေလည်သွားတာ အစုံပါပဲ… အဲ့ဒါတွေက လုပ်နေတဲ့ ရက် ၉၀ အတွင်းမှာကို ထူးခြားမှုတွေတွေ့ရပါတယ်… အကျိုးလိုလို့ ညောင်ရေသွန်းတာမဟုတ်နေပေမယ့် အကြောင်းအထောက်အပံ့ကောင်းတစ်ခု ဖြစ်တာ သေချာပါတယ်…

🍀မှတ်ချက်အနေနဲ့ပြောချင်တာက..
✅စိမ်း မနေ့က live မှာပြောသလိုပဲ စိမ်းက ဘာသာရေးဆရာမ မဟုတ်သလို ဘာသာရေးနဲ့ပတ်သက်ပြီးနားမလည်ပါဘူး… ကိုယ်လုပ်လို့အဆင်ပြေတာတွေ ကိုယ်လုပ်တဲ့ အဓိဌာန်တွေကို အများသိစေချင်လို့ လာပြောတဲ့ Spiritual Connection တွေက message တွေရရင် မျှဝေပေးတဲ့သူပဲဖြစ်ပါတယ်..

🍀စိမ်းပြောတာလေးတွေ လိုက်လုပ်ချင်လို့ လူမျိုးဘာသာမရွေးလုပ်လို့ရတာလေးလည်းပြောပြပေးပါ…
✅စိမ်းခု မျှဝေနေတဲ့ energy, mindfulness, self-awareness and consciousness ကိုအဓိကထားပြီး transformation ကိုသွားတဲ့ video and live တွေ ၊ content တွေ၊ သင်တန်းတွေ၊ one on one session တွေနဲ့ ၂၀၂၂ မှာပြုလုပ်မယ့် group and individual energy work တွေ healing တွေက လူတိုင်းလိုက်လုပ်လို့ရပါတယ်…

Better Year 2022 ပါ ✨✨✨

🍀With All My love & energy 🍀
Dr Seinn
Life Coach & Trainer