Feature Articles

ဘုန်းဘုန်းဆုံးမတာလေ:

၂၀၁၆ မှာ အောင်သုခတရားစခန်း (၁၅)ရက် ဝင်တုန်းက ကမ္မဌာနာစရိယ ဘုန်းဘုန်းဆုံးမတာလေး ပြောပြချင်တယ်… မြတ်စွာဘုရားဟာ ကုသိုလ်တွေထဲမှာ ဒါန၊ သီလ၊ ဘာဝနာ မှာ ဒါနကိုဘာလို့ ရှေ့ဆုံးထားဟောသွားတာလဲဆို ဒါနက လူ့ဘုံအတွက် အလွယ်ဆုံးမို့ပါတဲ့.. ခိုလေးတွေ ဆန်ကျွေးတာကအစ ၊ သူငယ်ချင်းမုန့်ကျွေးတာ ..အလှူမှာလုပ်အားပေးတာအလယ်၊ သူတော်မြတ်တွေ ဆွမ်းကပ်တာ ၊ သာသနာ့အဆောက်အဦးလှူ .. ဆေးရုံ၊စာသင်ကျောင်းဆောက်တာ ..ဘုရားတည်တာအဆုံး စေတနာထည့်နိုင်ရင်ထည့်နိုင်သလောက် ဒါနဖြစ်တာကိုး… အဲ့အတွက် လူတန်းစားမရွေးလုပ်နိုင်တဲ့ ကုသိုလ်ဖြစ်လို့ သတ္တဝါတွေရဲ့ အရေးကိုမျှော်ကိုးပြီး ဒါန ကိုရှေ့ဆုံးတင်ခဲ့တာပါ.. ဒါနထက်ပိုခက်တာ သီလ (၅ပါးသီလကို သေချာဆောက်တည်ရင်တောင် ရှောင်ရမှာတွေအများကြီးပါ) ၊သီလထက် ကျင့်ကြံဖို့ ပိုခက်တာ ဘာဝနာပါတဲ့…ဘာဝနာထဲမှာမှ တရားအားထုတ်တာကိုဆိုလိုချင်တာပါ…ဒါပေမယ့် ကျင့်ကြံဖို့ခက်လေ အကျိုးပေးများလေပါ… အထူးသဖြင့်ဘဝတွေမှာ ပြည့်စုံဖို့ ကောင်းကောင်းနေရဖို့ရယ် ဘုန်းကံရှိနေတဲ့အချိန်မှာ ပိုပြီးအထောက်အပံ့ဖြစ်အောင်လို့ ဒါနက အထောက်အပံ့ပေးနိုင်ပေမယ့် အဆိုးလောကဓံကြုံရတဲ့အခါ ရန်သူမျိုး ၅ပါး၊ ကပ်ကြီး ၃ ပါးနဲ့ ရင်ဆိုင်ရတဲ့အခါ ပိုအားကြီးတဲ့ ဘာဝနာကုသိုလ်ကကိုယ့်ကိုကယ်တင်နိုင်ပါတယ်… တချို့ မြင်အပ်မမြင်အပ် ပြိတ္တာဘုံရောက်နေသူတွေဆို မိသားစုက ဘယ်လိုပဲ ဒါနတွေလုပ်ပေးပေး မကျွတ်လွတ်နိုင်ဘဲ သူတို့နဲ့ပတ်သက်တဲ့ တစိုက်မတ်မတ်ဝိပဿနာအားထုတ်တဲ့ သူဆီအမျှလာတောင်းရတာမျိုး စိမ်းအနေနဲ့ ကိုယ်တွေ့ကြုံဖူးပါတယ်…တချို့တွေအတွက် ဒါန ကုသိုလ်လောက်နဲ့ ကျွတ်လွတ်ဖို့မလုံလောက်လို့ပါ…ဘာဝနာဆိုတာ ဆိုင်ရာဘာသာအလိုက် ဝတ်ပြုတာ ၊ ရွတ်ဖတ်တာ၊ စိတ်ထဲကလေးလေးနက်နက်မေတ္တာပို့တာ၊ သမထ၊ ဝိပဿနာအားလုံးအကျုံးဝငိပါတယ်… ဝဋ်ကြွေးကတော့ ဝိပဿနာနဲ့မှဖြတ်လို့ရတာပါ… ဝိပဿနာမလုပ်နိုင်သေးလည်း ခုလို အဆိုးလောကဓံကြုံနေရတဲ့အချိန် ရန်သူမျိုး ၅ပါး၊ ကပ်ကြီး ၃ပါးကြုံနေရတဲ့အချိန်မှာတော့ အချိန်လေးတစ်ခုပေးပြီး ကျန်တဲ့ဘာဝနာကုသိုလ်တွေ ဖြည့်ကျင့်ရင် ပိုကောင်းပါတယ်… ဒီ တပေါင်း-တန်ခူးလကာလတွေဟာ ဘာဝနာကုသိုလ်လုပ်ဖို့ အင်မတန်အရေးကြီးပါတယ်…ဘာဝနာကုသိုလ်မှာ ကိုယ်မမြင်နိုင်တဲ့ စွမ်းအားတွေရှိပါတယ်… ခုဆို သမ္ဗုဒ္ဓေ ၁၀၀၀ ပူဇော်မှာတွေ ၊ မဟာသမယသုတ်တော်တွေ ပဌာန်းတွေ အဓိဌာန်နဲ့ ပူဇော်ကြတာရော တခြား နှိုးဆော်နေတာတွေအများကြီးပါ… အဓိဌာန်တွေမလုပ်နိုင်ကြရင်တောင်မှ တစ်ခုခုကို နေ့စဉ်ရွတ်ဖတ်ပူဇော်တာမျိုးပေါ့….အဆင်ပြေတာလေး အချိန်ပေးပြီးလုပ်ကြစေချင်ပါတယ်…အချိန်လေးတစ်ခုနဲ့ ကြိုးစားပြီး တရားမှတ်နိုင်ရင်တော့ အကောင်းဆုံးပါ….သံသရာအတွက်လည်း မျိုးစေ့ချပြီးသားဖြစ်စေပါတယ်…ကျန်တဲ့ဘာသာဝင်တွေလည်း သက်ဆိုင်ရာ ဘာသာတရားအလိုက် အချိန်လေးတစ်ခုပေးပြီး ဝတ်ပြုဆုတောင်းနေကြမယ်လို့ ယုံကြည်ပါတယ်…ဓမ္မကနိုင်ချင်တယ်ဆို ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့ energy field ထဲမှာ ဓမ္မတွေနဲ့ လွှမ်းခြုံထားဖို့လိုပါတယ်…

💚With all my Love & Energy 💚

Dr Seinn Life Coach & Trainer

Photo : Pinterest