Feature Articles

Weekly affirmation

ကိုယ့်ရဲ့ မသိစိတ်ကို ကိုယ်လိုချင်တဲ့ program ပြန်သွင်းတဲ့ direction ပေးတဲ့ နည်းလမ်းတွေထဲမှာ Affirmation တွေရွတ်တာ အသုံးဝင်တယ်ဆိုတာတော့ စိမ်း ခဏခဏပြောဖူးရေးဖူးပါတယ်… 🍀 Affirmation တွေမှာ healing , self-love , relationship, money , abundance, career, health , happiness, success စသည်ဖြင့် အမျိုးအစားအများကြီးရှိပါတယ်…Affirmation တွေကို ရှာဖွေပြီးရွတ်လို့ရသလို ကိုယ်လိုချင်တာကို ကိုယ့်ဘာသာဖန်တီးပြီးရွတ်လို့လည်းရပါတယ်…🍀 စိမ်းရဲ့ page မှာ ဒီအပတ်ကစပြီး အပတ်စဉ် တနင်္လာနေ့ မနက်တိုင်းမှာ weekly affirmation လေးတွေ တင်ပေးသွားဖို့ စီစဉ်ထားပါတယ်.. ဒီနေ့ Affirmation လေးကတော့ ကိုယ့်ရဲ့အဆင်မပြေတဲ့ အတိတ်ဖြစ်ရပ်တစ်ခုခုကို တွေးနေမိတဲ့သူတွေ ခံစားနေရသူတွေအတွက် အတိတ်ကို လွှတ်ချပြီး ပိုပျော်စရာကောင်းတာတွေကိုလက်ခံဖို့ အတွက်ရည်ရွယ်ပြီးရွတ်ဖို့ အသုံးဝင်ပါလိမ့်မယ်… နောက်အပတ် Monday Morning ကျရင်လည်း အသုံးဝင်မဲ့ weekly affirmation လေးတစ်ခု ထပ်တင်ပေးမှာမို့ stay tuned ပါ 🍀🍀🍀

Affirmation အကြောင်းအသေးစိတ်ပြောပြထားတဲ့ video ကို ကြည့်လိုပါက –

Facebook link – https://fb.watch/65IWkGJLZz/

YouTube link- https://youtu.be/gofvjRtC2-U

💚With All my Love & Energy 💚

Dr SeinnLife Coach & Trainer