Feature Articles

Wat Maniwong

အခုတလော ချိန်းပြီးသား one-on-one appointment တွေနဲ့ အပတ်စဉ်တွေ့နေကြ client တွေပြီးရင် အသစ်ကို လက်ခံလို့မရဘူးဖြစ်နေပါတယ်…Appointment အသစ်တစ်ခု လုပ်ပေးမယ်လုပ်လိုက် ကိစ္စတွေက ပေါ်လာလိုက်ပါပဲ… Appointment ရပြီးသား client တွေကလည်း တချို့တွေက အိမ်ပြောင်းတာတွေ ခရီးသွားတာတွေရှိလို့ လာပြောကြတော့ နောက်လတွေမှပြန်ချိန်းပေးရင်း အချိန်တွေထွက်လာတယ်ဆိုပါတော့…

ပထမတော့ ဘာရယ်လို့မသိပေမယ့် အခုမှလုပ်စရာရှိတဲ့ Spiritual Input တွေထပ်ဖြည့်ခိုင်းနေတာ… လူတွေနဲ့ခဏမတွေ့ဘဲ ကိုယ်ဖြည့်ရမယ့် အကြောင်းတရားတွေ လိုက်ဖြည့်ခိုင်းနေတာပါလားလို့ သိလာပါတယ်…

အထူးသဖြင့်တော့ 2023 ရဲ့ Energy work program တွေနဲ့ ခု January 25 မှာဖွင့်မယ့် New Energy Attunement Class မစခင် ပိုပြီးပြည့်ဝကောင်းမွန်တဲ့ Energy တွေမျှဝေနိုင်ဖို့အတွက် လုပ်စရာရှိတာတွေလုပ်နေရတာပါပဲ…

ဘယ်ကစလဲဆို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ Cambodia နိုင်ငံ Siam Reap က အန်ကောဝပ်အပါအဝင် ဘုရားကျောင်းတွေရောက်သွားတာကနေစတာပဲ… ပိုပြီးထူးခြားတာက ၄ နှစ်လောက် ပြည်ပခရီးမသွားခဲ့ရတဲ့ မိဘနှစ်ပါးကပါ အဲ့ဘုရားကျောင်းတွေလိုက်ချင်တယ်ဆိုလို့ ခေါ်လာရတာပါ… အဲ့တုန်းကလည်း မိဘတွေသွားချင်တဲ့နေရာကို ကောင်းကောင်းမွန်မွန်ပို့ခွင့်ရခဲ့တယ်ပေါ့လေ…

အခုလည်း ဇန်နဝါရီလကုန်မှာ စိမ်းရဲ့ Dr Seinn Team က သူတွေကို Refreshing Trip လေးတစ်ခုပို့ပေးချင်လို့ဘန်ကောက်သွားကြမယ်စီစဉ်ပြီးခါမှ အဖေ့ရဲ့ ကျန်းမာရေးအခြေအနေတစ်ခုကြောင့် အဖေ့ကို ဆရာဝန်ပြဖို့ ဆေးစစ်ဖို့ အဖေနဲ့အတူ ဘန်ကောက်ကိုကြိုထွက်လာခဲ့ရပြန်ပါတယ်.. အဖေ့ကိုဆရာဝန်ပြ ဆေးစစ် လိုအပ်တာလုပ်ပေးပြီး ညနေအားတဲ့အချိန် တချို့နေရာလေးတွေလိုက်ပို့ပေါ့လေ…

Team Trip မတိုင်ခင် (၃) ရက်ကြိုပြီး လာခဲ့ပေမယ့် ဆရာဝန်ပြတာ တစ်ရက်နဲ့ပြီးသွားတော့ အဖေပျင်းနေမှာစိုးလို့ ဒီနေ့တော့ ဘန်ကောက်ကနေ ၁ နာရီ မိနစ် ၄၀ လောက်မောင်းရတဲ့ Wat Maniwong ဆိုတဲ့ နဂါးဘုရားလို့လည်း ခေါ်ကြတဲ့နေရာကို Intuition ကလည်း လှုံ့ဆော်နေတာရယ် အဖေ့ကိုလည်းပို့ချင်တာရယ်နဲ့ ရောက်သွားခဲ့တယ်…

အဲ့ဒီကျတော့မှ ဒါကလည်း Cambodia လိုပဲ ကိုယ့်ရဲ့ spiritual journey မှာ ဖြည့်ရဲ့မယ့် အကြောင်းတရားတစ်ခုပဲလို့ သိသွားပါတယ်… စိမ်းအနေနဲ့ ဘယ်နေရာရောက်လုပ်တာကတော့ ထုံးစံအတိုင်း သေချာ မေတ္တာပို့တာပါပဲ… ဘုရားရုပ်ပွါးတော်ကြီးတွေကလည်း အားရစရာကောင်းအောင် သပ္ပါယ်လှပါတယ်.. ရေချမ်းကပ် ဆီမီးပူဇော် ပန်းကပ်ပြီး အဲ့မှာရှိတဲ့ အစောင့်အရှောက်တွေကို သေချာ မေတ္တာပို့ အမျှပေးခဲ့ပါတယ်… ဂူထဲ လမ်းလျှောက်နေရင်းလည်း တောက်လျှောက် မေတ္တာပို့နေတာပါ…

ဒီနေ့ရောက်တဲ့ ဂူက စိမ်းရဲ့ Energy work ထဲကသူတွေတော့ ရင်းနှီးပြီးသားပါ… ဒီနေရာဟာ Energy work ထဲကသူတချို့နဲ့ connection ဖြစ်တဲ့ ပဌာန်းဆက်ရှိတဲ့ မေတ္တာပို့ရမယ့် Spiritual Place တစ်ခုပဲဖြစ်ပါတယ်…

စိမ်းလည်း စိမ်းနဲ့ connection ဖြစ်တဲ့သူ ပဌာန်းဆက်ရှိတဲ့သူတွေထဲကမှ ဒီ Wat Maniwong နဲ့ ပတ်သက်သူတွေအတွက်လည်း လက်ရှိဘဝမှာပျော်ရွှင်ချမ်းမြေ့ပြီး ပြည့်စုံကြွယ်ဝအောင် လောကီ လောကုတ္တရာဥာဏ်တွေအတွက် အထောက်အပံ့ကောင်းတွေရအောင် ဂူထဲမှာထိုင်ပြီး သေချာလေး မေတ္တာပို့ဆုတောင်းပေးခဲ့ပါတယ်… Wat Maniwong ဟာလေ energy သိပ်ကောင်းတာပါပဲ…

ထူးခြားတာက ဒီတခါဖြည့်ရတဲ့ Spiritual Input ( အကြောင်းတရားအထောက်အပံ့) တွေထဲမှာ မိဘတွေကိုပါ သွားချင်တဲ့နေရာ ပို့ပေးရတာ.. မိဘကျန်းမာရေးအတွက် သက်ရှိထင်ရှားရှိနေတုန်း ငွေအားလူအားနဲ့ စောင့်ရှောက်ခိုင်းတာတွေပါ ပါဝင်နေတာပါပဲ… အခုရောက်တဲ့နေရာကတောင် အဖေ့ကျန်းမာရေးကို အကြောင်းပြုပြီးရောက်လာတာပါ…

ပြောချင်တာက တစ်ဦးနဲ့တစ်ဦးရဲ့ ပါရမီဆက် အကြောင်းဆက် အကျိုးဆက်တွေမတူတဲ့အတွက် Spiritual Journey ဟာ တစ်ဦးနဲ့တစ်ဦး ဘယ်လိုမှ ထပ်တူမကျနိုင်ပါဘူး… ဘယ်လိုပဲဖြစ်ဖြစ် လုပ်စရာတွေပေါ်လာရင် ဘာမှ တွေးမနေဘဲ လက်ခံပြီး ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် အစွမ်းကုန်သာ စေတနာအပြည့် Energy အပြည့်နဲ့ လုပ်ပေးလိုက်ပါ… ကျန်တာသူ့သဘောသူဆောင်ပါလိမ့်မယ်… Input တော့ ထည့်ရပါတယ်.. Input မရှိဘဲ Output မရနိုင်ပါဘူး…

နောက်ပြီး မိဘရှိနေတုန်း မိဘတွေကိုလုပ်ပေးလိုက်ရတဲ့ ကုသိုလ်က အကြီးကြီးပါ… မိဘဆီက ရတဲ့ ဆုတောင်း မေတ္တာပို့သမှု ၊ မိဘဆီက ရတဲ့ blessing ဟာ သားသမီးတွေရဲ့ ဘဝတက်လမ်းတွေ Energy စကားနဲ့ ပြောရရင်တော့ Energy Channel တွေပွင့်ဖို့အတွက် အထောက်အပံ့အဖြစ်ဆုံးပါပဲဆိုတာ စိမ်းရဲ့ ကိုယ်ပိုင် ဘဝအတွေ့အကြုံအရ ကောင်းကောင်းသိထား ( Awareness ဖြစ်ထား ) တဲ့အရာပါပဲ…

Seinn

19.1.2023