Feature Articles

Unconditional Love

ဒီနေ့ ဝါခေါင်လပြည့်နေဟာ မေတ္တာအခါတော်နေ့ ဖြစ်တဲ့အတွက် ချစ်ခြင်းမေတ္တာ (Unconditional Love) နဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်…

လူတိုင်းဟာ ကိုယ်လိုချင်တာတွေရချင်တယ်… ကိုယ်ဖြစ်ချင်တာတွေ ဖန်တီးနိုင်ချင်တယ်… စိတ်ကတောင့်တလိုက်တာနဲ့ ဖြစ်လာတယ်ဆိုတာမျိုးကို လိုချင်ကြပါတယ်… စိတ်တန်ခိုးတွေ ၊ intuition တွေ ၊ spiritual growth တွေရချင်ကြပါတယ်…

အဲ့လိုဖြစ်ဖို့ အခြေခံအကျဆုံးနဲ့ အကြီးဆုံးသော စိတ်တန်ခိုးဟာ Love ဆိုတဲ့ ချစ်ခြင်း မေတ္တာတရားပါပဲ…

ကိုယ့်ရဲ့ အစောင့်အရှောက်တွေ၊ higher spiritual guidance တွေရဲ့ ကူညီစောင့်ရှောက်မှုကိုရချင်တယ်ဆိုရင်တောင် ကိုယ်က စပြီး မေတ္တာပေးရတာပါပဲ..

🍀ချစ်ခြင်း မေတ္တာတရားဟာ ကိုယ့်ကို မုန်းနေသူ၊ နှောင့်ယှက်နေသူတွေ ( လူဖြစ်စေ၊ မမြင်ရတဲ့ ပုဂ္ဂိုဟ်တွေဖြစ်စေ) ရဲ့ စက်ကွင်းကနေလည်း အေးမြတဲ့ ကာရံတံတိုင်းတစ်ခုလို ကာပေးနိုင်ပါတယ်..

🍀ချစ်ခြင်းမေတ္တာတရားဟာ ကိုယ့်ပတ်ဝန်းကျင်မှာ ပိုကောင်းတဲ့ energy field ( energy စက်ကွင်း) တွေ ကို ဖန်တီးပေးနိုင်ပါတယ်..

🍀ချစ်ခြင်းမေတ္တာကို အခြေခံပြီးပဲ ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်တာကနေအစပြုလို့ ကိုယ်မှာ ရနေတဲ့ ချစ်စရာကောင်းတဲ့ ကျေးဇူးတင်စရာကောင်းတဲ့ အရာတွေကို အာရုံပြုရင်း ပိုပြီးချစ်စရာကောင်းတဲ့ ကျေးဇူးတင်စရာကောင်းတဲ့ ကံကောင်းခြင်းတွေကို ကိုယ့်ဘဝထဲ ဆွဲခေါ်နိုင်ပါတယ်..

🍀ချစ်ခြင်းမေတ္တာကပဲ စိတ်လုံခြုံမှု ( sense of security) ကို ပေးစွမ်းနိုင်ပါတယ်…

🍀ချစ်ခြင်းမေတ္တာကပဲ ခုမှီတင်းနေထိုင်နေတဲ့ မိခင်ကမ္ဘာမြေကြီးရဲ့ cell တစ်ခုချင်းစီကို အအေးလှိုင်းတွေ ဖြန့်ကျက်ပေးနိုင်ပါတယ်..

ကမ္ဘာကြီးရဲ့ vibrational energy (တုန်ခါနှုန်း) တွေ ဟာ စက္ကန့်အမျှ ပြောင်းလဲနေပါတယ်… ကမ္ဘာကြီးရဲ့ vibration ပြောင်းသလို ကိုယ်ကလည်း လိုက်လျောညီထွေပြောင်းဖို့လိုပါတယ်.. ကမ္ဘာအသစ်လို့ပဲ တင်စားခေါ်ဝေါ်ကြပါစို့… ဒီကမ္ဘာသစ််မှာ အရင်လို ပုံစံပဲနေရင် အရင်ထက် ပိုပူလောင်ရပါလိမ့်မယ်.. Energy match မဖြစ်တာကို ပိုခံစားရပါလိမ့်မယ်…

မေတ္တာထားဖို့ ဆိုတာ သိပ်ခက်တဲ့အရာတော့ မဟုတ်ပါဘူး…

✨ဘယ်အရာမဆို drama တွေ၊ emotion တွေ မပါဘဲ စိတ်ကလေးလျှော့ပြီး အရှိအတိုင်း လက်ခံနိုင်လာတဲ့အခါ

✨ပုဂ္ဂိုဟ် ၊ သတ္တဝါ ဆိုတဲ့ သတ်မှတ်စိတ်ကနေပြီး အကြောင်းအကျိုး ဆက်စပ်မှုကို သိမြင်လာတဲ့အခါမှာ ဘယ်သူ့ကိုမဆို မေတ္တာထားနိုင်ပါတယ်…

ကိုယ်လိုချင်တာတွေဟာ အပြင်မှာ ဖန်တီးလို့မရပါဘူး.. အပြင်မှာလည်းမရှိပါဘူး… စစ်မှန်တဲ့ အေးချမ်းတဲ့ လွတ်မြောက်တဲ့ ပြောင်းလဲခြင်းတိုင်းဟာ အတွင်းကသာစပါတယ်… Inner work ကပဲ အစပြုတာဖြစ်တဲ့ အတွက် လောဘ ၊ ဒေါသ ၊ မောဟ၊ အတ္တ၊ မာန်မာနတွေ နဲ့ ဘယ်ရည်မှန်းချက်ကိုမှ မရနိုင်ပါဘူး…

ခုဒီစာလေးဖတ်ပြီးရင် နှလုံးသားပေါ် လက်ကလေးအသာတင် မျက်စိမှိတ်ပြီး အသက်လေးရှူ အသာအယာပြန်ထုတ်ရင်း စိတ်ကလေးလျှော့ကြည့်၊ အဲ့ energy ကို ခံစားကြည့်ပါ… ဘယ်လောက်အေးချမ်းလည်းသိပါလိမ့်မယ်.. နေ့ရက်တိုင်းကို မေတ္တာတရား ( Unconditional Love ) နဲ့ အစပြုကြည့်လိုက်ပါ… အစစအရာရာ ပြောင်းလဲလာပါလိမ့်မယ်…

🍀With All my Love & Energy 🍀

#DrSeinn

#InternationalCertifiedCoach

#Trainer

#EnergyHealer