Feature Articles

Tips for High Energy

Hello 🌷🌷🌷
မနေ့က စိမ်းရဲ့ High Energy Live ကနေ ကိုယ့်ဘဝအတွက် အရမ်းအရေးကြီးတဲ့ High Energy အကြောင်းကို အရင်ကထက်ပိုသိပြီး ဘဝမှာ လက်တွေ့အသုံးချနိုင်မယ်လို့ ယုံကြည်ပါတယ်။
အကြောင်းကြောင်းကြောင့် Live ကို မကြည့်ဖြစ်လိုက်တဲ့သူတွေအတွက်ရော Live ကိုကြည့်သူတွေပိုအကျိုးရှိသွားအောင်ရော High Energy အတွက် လုပ်ရမယ့် အချက်လေးတွေကို ပြန်ပြီး post လုပ်ပေးလိုက်ပါတယ် ။

Tips for High Energy
✅ Surrounded by right people
ကိုယ့် ပတ်ဝန်းကျင်မှာ ကိုယ့်အတွက် positive energy ဖြစ်စေမယ့်သူများကိုသာ ရွေးချယ်ထားပါ။ ကိုယ့်ရဲ့ energy ကိုဆွဲချနေသောသူများကိုရှောင်ရှာပါ။ ကိုယ့်ကို Negative energy ဖြစ်စေမယ့် social media များ နဲ့ တခြား media များကိုပါ ရှောင်ဖို့လိုအပ်ပါတယ်။

✅Change yourself
Negative energy ရနေပေမယ့် လက်ရှိ ရုန်းထွက်လို့မရသေးတဲ့အခြေအနေဆိုရင် ကိုယ်ကစပြီးပြောင်းလဲပါ။ ကိုယ့်ရဲ့ positive energy က တဖက်လူကိုကူးပြီး သူကပါ လိုက်ပြောင်းလဲလာပါလိမ့်မယ်။

✅Acceptance
မကောင်းတဲ့ အခြေအနေနဲ့တွေ့တဲ့အခါဖြစ်စေ ဘယ်လိုပဲကိုယ်ကပြောင်းလဲပေမယ့် တဖက်ရဲ့ အတွေးအခေါ်အယူအဆ အမူအကျင့်တွေက မပြောင်းလဲတဲ့ အခြေအနေမှာဖြစ်စေ ကိုယ်ကလည်းပတ်သတ်နေရဦးမယ်ဆိုရင် လူတွေရဲ့ အားနည်းချက်အားသာချက်ဒွန်တွဲနေတဲ့ အရှိတရားကို ကိုယ့်ရဲ့ ကိုယ်စိတ်နှလုံး သုံးပါးလုံးကနေ လက်ခံနိုင်အောင် ကြိုးစားလေ့ကျင့်ပါ။

✅Self-Awareness
မိမိရဲ့ စိတ်ကိုရှင်းလင်းစွာသိဖို့ အင်မတန်အရေးကြီးပါတယ်။ ဒါမှသာ ကိုယ့်ရဲ့စိတ် negative ဖြစ်လာပြီဆိုတာနဲ့ အသိကပ်ပြီး အာရုံပြောင်းတာ ရှောင်နိုင်တာမျိုးလုပ်နိုင်မှာပါ။ မဟုတ်ရင် ကိုယ်သိတောင်မသိလိုက်ဘဲ အမှားတွေဖြစ်တတ်ပါတယ်။

✅Attitude of Gratitude
ကျေးဇူးတင်အကောင်းမြင်ဝမ်းမြောက်စိတ်ဟာ အင်မတန်အရေးကြီးပါတယ်။
လက်ရှိရနေတဲ့ ပစ္စုပ္ပန်နဲ့ အတိတ်ကို ကျေးဇူးတင်တာ၊ အခြေအနေတိုင်းကို အကောင်းဘက်က ရှုမြင်တွေးခေါ်တာဟာ High energy ရစေဖို့ အလွယ်ဆုံးအချက်ပါပဲ။

✅Your Behavior
ကိုယ့်ရဲ့ energy ဟာ ကိုယ်ဘယ်လိုနေထိုင်သွားလာလှုပ်ရှားနေလဲဆိုတာနဲ့လည်းအများကြီးသက်ဆိုင်ပါတယ်။ သီချင်းဖွင့်ပြီးကတာတို့ အကျယ်ကြီးလိုက်ဆိုတာတို့ exercise တွေလုပ်တာတို့ကလည်း high energy အတွက် အထောက်အကူပြုပါတယ်။

✅Focus on your achievements
ကိုယ်ရည််မှန်းထားတာတွေမရောက်သေးတာကို တွေးပူနေမယ့်အစား ကိုယ်ဒီနေရာအထိရောက်ခဲ့တဲ့အောင်မြင်မှုကိုပိုပြီး ခံစားဖို့လိုပါတယ်။ အရမ်းရှည်တဲ့လမ်းကိုလျှောက်မယ်ဆိုရင် လမ်းဆုံးရောက်လို့ ပျော်တဲ့အပျော်ထက် ဒီလမ်းဆုံးရောက်အောင်လျှောက်ခဲ့တဲ့ energy ကသာ ဘဝအတွက်ပိုအရေးကြီးတာပါ။

✅Love yourself
ကိုယ့်ကိုယ်ကိုချစ်ဖို့ တန်ဖိုးထားအကောင်းမြင်ဖို့ ကျေးဇူးတင်ဖို့ ချီးကျူးဖို့ဟာ ဘဝရဲ့ပျော်ရွှင်မှ၊ အေးချမ်းမှု၊ ကျေနပ်မှု တို့အတွက် အခရာပါ။ ကိုယ့်ကိုယ့်ကိုပြန်ပြောနေတဲ့စကားတွေ အတွေးတွေ ဟာ positive ဖြစ်နေဖို့လို့ပါတယ်။

✅Build yourself strong
ကိုယ်ဟာ သူများကြောင့် စိတ်ညစ်ရတယ် ဒေါသထွက်ရတယ် ဝမ်းနည်းရတယ်ဆိုရင် ကိုယ့်ရဲ့ energy ကမကြံ့ခိုင်လို့ပါ။ ကိုယ်ရဲ့ အတွင်း energy က ကျောက်စိုင်ကျောက်သားလိုမာကျော ကျစ်လစ်ချင်တာလား သဲမှုန်လေးလိုတစ်ခုခုဆိုတာနဲ့ လွင့်ထွက်သွားချင်တာလားဆိုတာ ကိုယ်နဲ့ပဲဆိုင်ပါတယ်။

✅You have a choice
လူတိုင်းမှာရွေးချယ်လို့ရတဲ့အခြေအနေရှိပါတယ်။ ကိုယ်ကသေချာမတွေးသေးလို့ ကိုယ့်မသိစိတ်ကို ပြန်မမေးသေးလို့ အဖြေမထွက်တာပါ။ စိတ်ကို ငြိမ်ပြီး calm down လုပ်ပြီး သေချာစဉ်းစားရင် ဘယ်အခြေအနေမဆို ရွေးချယ်စရာလမ်းတွေအများကြီးရှိပါတယ်။

✅Save your energy
တစ်နေ့တာမှာ ဘယ်လိုအရာတွေနဲ့ ဘယ်လိုလူတွေနဲ့ အချိန်ကုန်ဆုံးနေတာလဲဆိုတာအရေးကြီးပါတယ်။ ကိုယ့်အတွက် အကျိုးမရှိ အရေးမပါတဲ့ ကိစ္စတွေ ငြင်းခုန်နေရတဲ့ စိတ်တိုနေရတဲ့ မခံချိမခံသာဖြစ်နေရတဲ့နေရာတွေမှာ ကိုယ့်ရဲ့ အဖိုးတန်တဲ့ energy ကို မသုံးမိဖို့လိုပါတယ်။

✅You are enough
ဒီကမ္ဘာပေါ်မှာ ကိုယ်နဲ့တူတာ ကိုယ်တစ်ယောက်ပဲရှိပါတယ်။ ကိုယ်ဖြစ်နေတဲ့အတွက်ကို ကိုယ်ဟာအတိုင်းထက်အလွန်ပြည့်စုံလုံလောက်ပြီးသားပါ။

✅Happiness is yours
ကိုယ့်ရဲ့ပျော်ရွှင်မှု၊ ဝမ်းမြောက်မှု၊ ယုံကြည်မှုတွေဟာ ကိုယ့်ရဲ့ inner မှာပဲရှိပါတယ်။ တစ်ယောက်ယောက်ကြောင့် မပျော်ရဘူးလို့ ခံစားရရင်တော့ ကိုယ်တိုင်ကိုက ကိုယ့်ရဲ့ပျော်ရွှင်မှုကို သူများအပေါ်သွာမှီခိုပြီး သူများကို control လုပ်ခွင့်ပေးထားလို့ပါ။ ကိုယ်ပျော်အောင်နေမယ်မနေဘူးဆိုတာ ကိုယ့်ရဲ့ ရွေးချယ်မှုသာဖြစ်ပါတယ်။
ဒီ Tips လေးတွေနဲ့ ကိုယ့်ရဲ့ဘဝမှာ High Energy အမြဲဖြစ်နေအောင် practice လုပ်လို့ရမယ်လို့ယုံကြည်ပါတယ်။
မနေ့က Live ကနေရော ဒီနေ့ရေးပေးတဲ့ Tips လေးတွေကနေရော ကိုယ့်စိတ်အတွက် အလင်းရသွားတဲ့ အကျိုးရှိသွားတဲ့ message တစ်ခုလောက်ကိုလည်း comment လုပ်ပေးပါဦးနော်💚
ကျေးဇူးတင်ပါတယ်💚

💚24th August 2020💚

With all my Love & Energy

#DrSeinn
#LifeCoachAndTrainer
#MindsetEnergyFrequency