Feature Articles

Spiritual journey

အခုပြောပြချင်တာလေးက spiritual ပိုင်းဆိုင်ရာကို ယုံကြည်မှုရှိသူတွေ ၊ spiritual journey ပေါ် ရောက်နေသူတွေအတွက်သာ ရည်ရွယ်ပါတယ်…

လက်ရှိအနေအထားမှာ ပြင်ပလောကရဲ့ Vibration တွေနဲ့ပတ်သက်ပြီး ခံစားချက်မကောင်းတာမျိုးတွေကို ပုံမှန် meditation ပြုလုပ်နေသူတွေနဲ့ spiritual သမားတော်တော်များများခံစားမိနေကြပါတယ်…

လူမှာလည်း လူကောင်း လူဆိုးရှိသလို မြင်အပ်မမြင်အပ်လောက (unseen beings) တွေမှာလည်း ကောင်းတဲ့သူ မကောင်းတဲ့သူ၊ အလင်းခြမ်း အမှောင်ခြမ်းတွေရှိတာပါပဲ… လူဝိဇ္ဇာ ၊ နတ်ဝိဇ္ဇာဆိုတဲ့ ကောင်းတဲ့ အကျင့်သီလရှိတဲ့ သူတော်စင်တွေရှိသလို လူမိစ္ဆာ နတ်မိစ္ဆာတွေလည်းရှိပါတယ်…

အခုရက်ပိုင်းမှာ စိမ်းအပါအဝင် စိမ်းနဲ့ရင်းနှီးတဲ့ spiritual သမားတွေအတော်များများဟာ Low vibes unseen beings တွေ ( မြန်မာလိုဆိုရင်တော့ သရဲ ၊ တစ္ဆေ၊ ပြိတ္တာ မျိုးနွယ်တွေ) ကို တခါမှ မမက်ဖူးတဲ့ ပုံစံတွေနဲ့ အိပ်မက်တွေမက်တာမျိုး၊ အမျှပေး မေတ္တာပို့တာတွေကို ပုံမှန်ထက် အတင်းတောင်းဆိုတာမျိုးစတဲ့ အသိမျိုးတွေ ခံစားနေရပါတယ်…

တချို့ unseen beings တွေကတော့ ဘာအမျှမှလိုချင်တာမဟုတ်ဘဲ ဒီအတိုင်းကို လူတွေကောင်းတာလုပ်မယ်၊ ကောင်းတဲ့စိတ်ထားမယ်ဆိုရင်ကို ဟန့်တားချင်နေတာပါ.. အဲ့ဒီလိုအတွေ့အကြုံတွေကို အောင်သုခ တရားစခန်းဝင်တုန်းက တရားဆက်ထိုင်လို့မရအောင် ပုံဆိုးပန်းဆိုးတွေနဲ့ အာရုံမှာနှောင့်ယှက်တာမျိုးတွေ စိမ်းကိုယ်တိုင်ကြုံဖူးပါတယ်…

အဲ့ဒီလို vibration တွေကြောင့် ခုလက်ရှိကာလတွေမှာ လူတချို့တွေမှာလည်း ကောင်းတဲ့ ကုသိုလ်တွေ အလုပ်တွေလုပ်ရမှာ ပျင်းလာတာ၊ ရုတ်တရက်ကြီး ဘဝက အဓိပ္ပါယ်မရှိသလို လေလွင့်သလိုကြီးဖြစ်လာတာ၊ စိတ်တွေလေလာတာ၊ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိတာတွေတွေ့ရသလို … တချို့တွေကတော့ စိတ်တွေကြမ်းတမ်းလာတာ ၊ လောဘ ဒေါသ မောဟ တွေ ၊ သူများကို မနာလို တိုက်ခိုက်ချင်စိတ်တွေ အင်အားများလာတတ်တာမျိုးတွေလည်း တွေ့ရတတ်ပါတယ်..

စိမ်း Live တွေမှာ ပြောလေ့ရှိသလို “လောကကြီးမှာ ရေများရေနိုင် မီးများမီးနိုင်” ပါပဲ…

မကောင်းတဲ့ vibration တွေ negative energy တွေများလာလေလေ ကိုယ်က ကောင်းတဲ့အရာတွေ ကုသိုလ်တွေကိုပိုလုပ်တာ ၊ ကိုယ့်ရဲ့ စိတ်ကို အတတ်နိုင်ဆုံး ဖြူအောင်ကောင်းအောင်ထားတာ ၊ မကောင်းတဲ့ ကြမ်းတမ်းတဲ့ စိတ်တွေဖြစ်လာပြီ သူများကို ပြောချင်ဆိုချင် တိုက်ခိုက်ချင် မကောင်းကြံချင်တဲ့ စိတ်တွေဖြစ်လာပြီဆိုရင် သတိလေးကပ်တာမျိုးတွေ ပိုပြီး သတိထားရမှာပါ…

ဘယ်နှစ်မိနစ်ပဲဖြစ်ဖြစ် ကိုယ်နှစ်သက်တဲ့ Meditation တွေကို နေ့စဉ်လုပ်တာ ၊ Energy work ထဲက သူတွေကတော့ တစ်နေ့ (၅)ကြိမ်လောက် ပုံမှန် energy run တာမျိုး ၊ စိမ်း energy work ထဲမှာ လုပ်ပေးတဲ့ Reiki 5 principles run တာမျိုးတွေကို အချိန်လေးပေးပြီး လုပ်သင့်တဲ့အချိန်ကာလပါပဲ..

ကိုယ်လက်လှုပ်ရှားမှုအသေးစားလေးတွေ ၊ လမ်းလျှောက်တာတွေပြုလုပ်ပေးတာမျိုး ၊ မနက်ခင်းနေရောင်ခြည်ခံတာမျိုး၊ ကိုယ်နဲ့သဟဇာတဖြစ်တဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ စကားပြောတာမျိုး၊ ကိုယ်ပျော်တဲ့ ဝါသနာပါတဲ့အရာလေးတွေမှာ အချိန်ပေးတာမျိုး စတဲ့ positive energyတိုးပွါးအောင်လုပ်တဲ့ အရာမျိုးတွေလည်း ခုကာလမှာ ပိုလုပ်သင့်ပါတယ်..

စကြဝဠာမှာ မျက်စိနဲ့မြင်ရတဲ့ လူနဲ့ တိရစ္ဆာန်လေးတွေပဲ ရှိနေတာမဟုတ်သလို Energy အရ “We all are connected “ ပါ… ယုံခြင်း၊ မယုံခြင်း၊ လက်ခံခြင်း၊ လက်မခံခြင်းကတော့ မိမိရဲ့ သဘောပဲ ဖြစ်ပါတယ်…

“မကောင်းမှုရှောင် ကောင်းမှုဆောင် စိတ်ကိုဖြူအောင်ထား “ ဆိုတာ လူတိုင်းသိကြပါတယ်… အဲ့ဒီအသိလေးကို သိရုံသိနေတာမျိုးမဟုတ်ဘဲ ရင်ထဲကနေ နှစ်နှစ်ကာကာလေ့ကျင့်ကြဖို့ ပိုပြီး လိုအပ်နေတဲ့ အချိန်ဖြစ်တယ်ဆိုတာလေးကိုပဲ ပြောပြချင်တာပါ…

တချို့အသေးစိတ်တွေကိုတော့ စိမ်းရဲ့ inner circle group ဖြစ်တဲ့ Reforming Insights Group ထဲမှာ တစ်ရက်လောက်လာပြီး Live Session လေး လုပ်ပေးပါဦးမယ်..

🍀With All my Love & Energy 🍀

#DrSeinn

InternationalCertifiedCoach

Trainer

EnergyHealer