Feature Articles

Rule No10: Everything is going to be better

ကိုယ့်ရဲ့ဘဝမှာ တစ်ခုခုလွဲချော်ခဲ့လို့၊ တစ်ခုခုမရခဲ့လိုနောင်တရသလိုဖြစ်ခဲ့ပြီး အချိန်တစ်ခုကြာမှ အဲ့တုန်းက လွဲသွားတာ၊မရခဲ့တာ တော်သေးတယ်။ကံကောင်းလို့ဆိုပြီး တွေးဖူးပါသလား ?????

Universal Rule No10: Everything is going to be better

စိမ်းမိတ်ဆွေတစ်ယောက်မှာ ကွန်ဒိုအခန်းလေးတစ်ခန်းရှိပါတယ်။ ပထမနေမယ်လို့ မှန်းထားပြီးမှ အကြောင်းကြောင်းကြောင့် Foreigner ကို ပြန်ငှါးမယ်လို့ ဆုံးဖြတ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ 2020 က အငှါးရှာပါတယ်။ အဲ့တုန်းက Rental Market (အိမ်အငှါးစျေးကွက်) နည်းနည်းအေးနေတော့ လိုချင်တဲ့စျေး မရပါဘူး။ နောက်ဆုံး Company တစ်ခုက Director Level တစ်ယောက်ကို ငှါးဖြစ်သွားပါတယ်။ အိမ်ငှါးခက ပုံမှန်ထက် နည်းနည်းလျော့နေတော့ ငှါးသာငှါးလိုက်ရတယ်။ စိတ်ထဲအဆင်မပြေဘူးပေါ့။ ငွေပိုရအောင် စောင့်လိုက်ရင်ကောင်းသားလို့ တွေးမိနေတယ်လို့ပြောပါတယ်။

ဒါပေမယ့် သူအိမ်ငှါးစာချုပ် လက်မှတ်ထိုးပြီး နောက်နေ့မှာ Covid ကို ကပ်ရောဂါလို့ WHO ကတရားဝင် ကြေငြာပါတယ်။ အဲ့ဒီအတွက် မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးက ပညာရှင်အသီးသီးဟာ ကိုယ့်နိုင်ငံကိုယ် ပြန်ကြပါတယ်။ တကယ့်ကို (၁)ရက်ထဲပါ။ စငှါးတုန်းက ငွေရတာနည်းနေလို့ အဆင်မပြေဘူးထင်ခဲ့တဲ့ ကိစ္စတစ်ခုဟာ အခုချိန်မှာ တကယ့်ကို ကံကောင်းတဲ့ ကိစ္စဖြစ်သွားတာပါ။

အခုလို ကပ်ရောဂါဖြစ်ချိန်၊ Foreigner တွေအားလုံး ကိုယ့်တိုင်းပြည်ကို ပြန်နေချိန်၊ စီးပွါးရေးကျနေချိန်မှာ အိမ်ငှါးလို့ရတဲ့ ပုံမှန်ဝင်ငွေလေးတစ်ခု ရသွားတာ တော်ပါသေးရဲ့ဆိုပြီး အခုချိန်မှ ကျေးဇူးတင်နေရပါတယ်။ အရင်ကမှားသွားပြီ ထင်တဲ့ ကိစ္စဟာ အချိန်တစ်ခုရောက်တော့ ကိုယ့်အတွက် ကောင်းတဲ့ ကိစ္စဖြစ်နေတာကို ရှင်းပြတာပါ။

နောက်သူငယ်ချင်းတစ်ယောက်ဆိုလည်း သူ အလုပ်လျှောက်ထားတဲ့တစ်နေရာက Boss ရုံးရောက်နေလို့ interview ချက်ချင်းလာဖြေပါဆိုလို့ ပထမတော့ ကြိုမပြောရကောင်းလား ကားတွေပိတ်ပြီးသွားရတာ ကသီလိုက်တာဆိုပြီး ငြိုငြင်စိတ်ညစ်ပြီး ရောက်သွားပါတယ်။ Interview လည်းဖြေပြီးရော Boss က သူခုလက်ရှိရနေတဲ့ လစာရဲ့ ၂ ဆနဲ့ ခန့်လိုက်ပါတယ်။ ခုန အဆင်မပြေဘူးဆိုတဲ့ ကိစ္စတစ်ခုဟာ နာရီပိုင်းအတွင်း အရမ်းပျော်စရာကောင်းတဲ့ ကိစ္စဖြစ်သွားတာပါ။

USA ကWorld Trade Center မှာ ရုံးတက်တဲ့အရာရှိတစ်ယောက်က 2001 Sep 11 ရက်နေ့ မနက်မှာ အိပ်ယာထနောက်ကျပြီး ရုံးနောက်ကျသွားတဲ့အတွက် စိတ်ညစ်နေပေမယ့် World Trade Center ကို လေယာဉ်နဲ့ဝင်တိုက်တဲ့ 9/11 attack ကနေလွတ်သွားတာမျိုး ၊ Titanic သင်္ဘောမမှီလိုက်လို့ ရန်ဖြစ်ရတဲ့စုံတွဲတချို့ဟာ Titanic မြုပ်တဲ့ထဲမပါသွားတာမျိုး စသဖြင့် အစကလွဲလို့ စိတ်ညစ်၊စိတ်ရှုပ်၊စိတ်ပင်ပန်းရတာတွေဟာ အချိန်တစ်ခုရောက်မှ ပိုကောင်းဖို့ ဖြစ်လာတာပါဆိုပြီး တွေ့ကြုံရတာပါ။

လူတိုင်းမှာ ကိုယ့်ထက်ပိုပြီး အသိဥာဏ်မြင့်မားတဲ့ ကိုယ့်ရဲ့ Higher Self ရှိပါတယ်။ ကိုယ်သိမနေတာ၊ မသိသေးတာတွေကို ပိုသိသူပေါ့။ Higher self ကို မြန်မာလိုအလွယ်ဆုံးပြောရရင်တော့ အစောင့်အရှောက်လို့ ပြောရပါမယ်။ Higher self ဆိုတာ Buddha, God , Allah, ကိုယ်စောင့်နတ်လိုနတ်တွေ၊ ဝိဇ္ဇာတွေ၊ ပဌာန်းဆက်၊ အစောင့်အရှောက် ဘယ်သူမဆို ဖြစ်နိုင်သလို ကိုယ့်ရဲ့အလိုလိုသိနေတဲ့ ဝမ်းတွင်းပါအသိစိတ် Intuition လည်း ဖြစ်နိုင်ပါတယ်။ကိုယ်ယုံကြည်ရာပေါ့။

အဲ့ဒီ Higher self က ကိုယ်မသိသေးတာကို ကြိုသိပြီး ကိုယ့်ကို လမ်းပြနိုင်ပါတယ်။ ကိုယ့်အတွက် အနာဂတ်မှာ အဆင်မပြေနိုင်တဲ့ ကိစ္စတွေကို ခုကြိုပြီးလွဲချော်ပေးထားတာ၊ အနာဂါတ်မှာ ပိုကောင်းမယ့် ကိစ္စတွေကို လမ်းပြတာမျိုး လုပ်နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီ Higher self က ပြောတဲ့ ကိုယ့်ရင်ထဲက အသံကို သေချာနားထောင်ဖို့ဆိုတာ စိတ်တွေရှုပ်ထွေးပြီး negative energy တွေများနေရင် မသိနိုင်ပါဘူး။ ကိုယ့်စိတ်က ကြည်လင်ပြီး positive ဖြစ်နေမှသာ ကိုယ့်ရဲ့ အလိုလိုသိစိတ် intuition က ပိုမြင့်မှာ ဖြစ်ပါတယ်။

စိမ်းဆို Page စလုပ်တုန်းက ဒီ 12Universe Rules ကို ရေးဖို့ အစီအစဉ်မရှိပါဘူး။ Law of attraction အကြောင်းရှာဖတ်ရင်းနဲ့ ဒါကို တွေ့သွားပြီး ရင်ထဲကနေကို အရမ်းကို ရေးချင်စိတ်ဖြစ်လာတာပါ။ Rule တွေက နက်နဲလို့ နေ့တိုင်းရေးရတာ အစကပင်ပန်းသလိုဖြစ်ပေမယ့် ခု အဲ့ rule တွေ နေ့တိုင်းရေးဖြစ်လို့ Organic Followers တွေ အများကြီး တိုးလာတာပါ။

အဲ့ဒီလိုပဲ ဒီနေ့ post လေးကို ဘယ်လိုရေးရင်ကောင်းမလဲ ဘာဥပမာလေးတွေပေးရမလဲလို့ Idea ကောင်းတွေထွက်တဲ့ အချိန်ဟာ မနက်စောစော Meditation လုပ်ပြီးချိန်ပါ။
စိမ်းက မနက်စောစောဆို Meditation and Breath-work ပုံမှန် လုပ်ပါတယ်။ အဲ့ဒါပြီးလို့ စိတ်ကြည်လင်နေတဲ့ Mindfulness ရနေတဲ့အချိန်ဆို ကိုယ့်အတွက် အဆင်ပြေမယ့် idea ကောင်းတွေ ထွက်တာ သိသာပါတယ်။ စိတ်ကြည်နေလို့ intuition မြင့်တဲ့ သဘောကို ပြောပြတာပါ။

အခုပြောခဲ့တဲ့ ဖြစ်ရပ်တွေအားလုံးဟာ လောကနိယာမအရ လက်ရှိ လွဲချော်တယ်၊ပင်ပန်းတယ်၊ ကံမကောင်းဘူးလို့ ထင်ခဲ့တဲ့ ကိစ္စတွေ အားလုံးဟာ တစ်ချိန်မှာ အဲ့ဒီဖြစ်ရပ်ကပဲ ကံကောင်းလိုက်တာလို့ဖြစ်သွားတာမျိုးပါ။ ဆိုလိုချင်တာ
– ကျရှုံးမှုတိုင်းဟာ ပိုအောင်မြင်ဖို့ပါ။
– လွဲချော်မှုတိုင်းဟာ ပိုကောင်းဖို့ပါ။
– ဝမ်းနည်းရတယ်ဆိုတာ ပိုပျော်ရဖို့ပါ။
– ပင်ပန်းမှုတိုင်းဟာ Good Result တွေ ရဖို့ပါ။
-အသည်းကွဲရတာ ပိုကောင်းသူနဲ့တွေ့ဖို့ပါ။
လောကကြီးရဲ့ အရာအားလုံးမှာ သူနဲ့ ဆန့်ကျင်ဖက်အမြဲရှိပါတယ်။ ကိုယ်ကမသိလို့ bad feeling တွေခံစားနေတာပါ။

တကယ်လို့ ကိုယ့်အတွက် မကောင်းတဲ့ ကိုယ်မှားယွင်းခဲ့တဲ့ Negative Experience ရှိတယ်ဆိုရင်တောင် ဘဝမှာ နောက်တစ်ကြိမ် ဒါမျိုး ထပ်မလုပ်တော့မယ့်၊ထပ်မမှားတော့မယ့် သင်ခန်းစာရတာ အမြတ်ပါပဲ ။

ဒီနေ့ကစပြီး ဘဝမှာ လွဲချော်မှုတွေကြုံတိုင်း ၊ ကံမကောင်းဘူးလို့တွေးမိတိုင်း၊ပင်ပန်းတယ်လို့ခံစားရတိုင်း၊ စိတ်ညစ်စရာတွေနဲ့ရင်ဆိုင်ရတိုင်းမှာ အရာရာတိုင်းဟာ ပိုကောင်းဖို့ ဖြစ်လာတာပါ (Everything is going to be better) လို့ နှလုံးသွင်းပြီး နေထိုင်နိုင်ကြပါစေ။

ဒီပို့စ်လေးက အကျိုးရှိတယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေအတွက် share လုပ်ပြီး မျှဝေပေးပါဦးနော်… 💚💚

ကျေးဇူးတင်ပါတယ် 💚

💚30th July 2020💚

With all my Love & Energy

#DrSeinn
#LifeCoachAndTrainer
#MindsetEnergyFrequency
#12UniversalRules