Feature Articles

Rule No.8, Your reality is the mirror of your inside

အခုလက်ရှိမှာ ကိုယ်လိုချင်တဲ့ဘဝ မရသေးပါဘူးဆိုသူတွေရှိပါသလား????
ကိုယ်လိုချင်တဲ့ ကိုယ်မျှော်မှန်းထားတဲ့ ဘဝမရသေးတာ ဘယ်သူ့ကြောင့်၊ဘာကြောင့်ဆိုပြီး တွေးနေသူတွေ ရှိပါသလား????
အဲ့ဒါဆိုရင်တော့ ဒီ post လေးက အရမ်းအသုံးဝင်ပါလိမ့်မယ်။
Universal RuleNo8 : Your reality is the mirror of your inside

ကိုယ်လက်ရှိရနေတဲ့ ငွေကြေး၊ အောင်မြင်မှု၊ relationship အခြေအနေအားလုံးဟာ ကိုယ့်မှာရှိတဲ့ mindset and energy နဲ့တိုက်ရိုက်အချိုးကျပါတယ်။
ခုလက်ရှိ ကိုယ့်ဘဝထဲမှာရနေတဲ့ အရာအားလုံးဟာ ကိုယ့်ရဲ့ innerကို ကိုယ်စားပြုပါတယ်။
Your reality is the mirror of your inside ပါ။

ကိုယ်ရဲ့ငွေကြေးအခြေအနေ၊ relationship အဆင်ပြေမပြေ၊ ဘဝမှာပျော်နေခြင်းမပျော်နေခြင်း၊ ကိုယ့်ဘဝကိုကျေနပ်ခြင်း မကျေနပ်ခြင်း၊ ကိုယ့်အိပ်မက်တွေ ဖြစ်လာခြင်း မဖြစ်လာခြင်းအားလုံးဟာ ကိုယ့်ရဲ့ စိတ်ဓာတ်၊ အတွေးအခေါ်၊ အယူအဆ၊ ယုံကြည်ချက်တွေအပေါ်ပဲမူတည်ပါတယ်။ ဘယ်သူ့အပေါ်မှ ဘာအကြောင်းအရာပေါ်မှ မမူတည်ပါဘူး။
You are the master of your life ပါ။

Universal Rule 1 တုန်းကပြောထားတာလေးလည်းမှတ်မိဦးမှာပါ။ We are connected to everything ဆိုတာ။
ကိုယ်က ကိစ္စတစ်ခုကို တွေးတဲ့ယူဆတဲ့ပုံ ၊ ကိုယ့်ယုံကြည်ချက်တွေဟာ တခြားနေရာက တခြားသူတွေမှာလည်း ကိုယ့်လိုပဲတူညီတဲ့ယုံကြည်ချက်ရှိပါတယ်။ ကိုယ်တွေးသလို တခြားတစ်ယောက်ကလည်းတွေးတယ်လို့ဆိုလိုတာပါ။

ဥပမာ ငွေနဲ့ပတ်သတ်တယ်ဆိုရင် မြန်မာပြည်မှာ “ငွေဆိုတာ တွင်းထဲကနှိုက်သုံးရတာ မဟုတ်ဘူး …ရှာရခက်တယ်” ဆိုတဲ့ယုံကြည်ချက်ရှိသလို တခြားနိုင်ငံတွေ မှာလည်း “Money doesn’t grow on the tree(ငွေဟာ အပင်ပေါ်ပေါက်နေတာမဟုတ်ဘူး) ဆိုတဲ့ တူညီတဲ့ သဘောတရားရှိပါတယ်။
အဲ့လိုပဲ မြန်မာပြည်မှာ “ဘဝဆိုတာ ခက်ခက်ခဲခဲ ရုန်းကန်ရတယ်.. အဲ့ဒါမှအဓိပ္ပါယ်ရှိတယ်” လို့ယုံကြည်ကြသလို တခြားနိုင်ငံတွေမှာလည်း “Life is a struggle “ ဆိုပြီး အလားတူယုံကြည်ကြပြန်ပါတယ်။

အဲ့လို လက်ရှိအတွက် အသုံးမဝင်တော့တဲ့ mindset တွေ bad energy တွေများလာလေလေ လူတော်တော်များများဟာ စိတ်ဖိစီးမှုတွေ ၊ငွေကြေးအဆင်မပြေတာတွေ ၊အောင်မြင်နေတာတောင် မပျော်တော့တာတွေ ၊ ငွေရနေတာတောင်ငြီးငွေ့လာတာတွေ၊ relationship တွေမှာ အငြင်းအခုန်နဲ့စိတ်ပျက်စရာတွေပဲတွေ့လာတာတွေ စသဖြင့် ဖြစ်လာကြတာပါ။

အဲ့ဒီတော့ ကိုယ်လက်ရှိရနေတဲ့ ကိုယ့်ဘဝအခြေအနေကို အဆင်မပြေဘူး၊မကြိုက်ဘူးဆိုရင် ကိုယ့်ရဲ့ inner က mindset and energy ကိုပြောင်းလဲဖို့ လိုအပ်ပါတယ်။ We are connected ဆိုသလိုပဲ ကိုယ့်အတွေးတွေ၊ ယုံကြည်ချက်တွေဟာ ကိုယ်တောင်မသိပဲ တခြားသူတွေမှာလည်း အလားတူအတွေးမျိုး၊ ယုံကြည်ချက်မျိုး ရှိနေတဲ့အတွက် ကိုယ်ကစပြီးပြောင်းလဲဖို့က အရေးအကြီးဆုံးပါ။

စိမ်းအနေနဲ့ဆိုလည်း အရင်ထဲက Life Coach and Trainer အဖြစ် ကိုယ်နဲ့အကျွမ်းတဝင်ရှိတဲ့ ကိုယ့် network ထဲက လူတွေကိုကူညီနေပေမယ့် ဘာလို့ Dr Seinn page လုပ် အပင်ပန်းခံပြီး စာတွေရေးတာ၊ video content တွေလုပ်တာ၊ သင်တန်း course တွေစီစဉ်တာ လုပ်လဲဆို ကိုယ်သိသလိုတစ်ယောက်သိသွားရင် သူနဲ့ပတ်သတ်သူ ၁၀ ယောက်သိမယ်။ အဲ့ ၁၀ယောက်ကနေ နောက် လူ၁၀၀ ဆီရောက်မယ်။ အဲ့လိုနဲ့ လူတွေအများကြီးဆီ ပျံ့နှံ့ပြီး တကယ့်ကို positive ဖြစ်တဲ့ ပျော်စရာကောင်းတဲ့ positive social change ကို ဖြစ်စေချင်လို့ပါ။ Positive energy တွေများလာလေလေ Negative energy တွေက လျော့သွားလေလေပါ။ Energy ဟာ ကူးပြောင်းတဲ့သဘောရှိပါတယ်လို့ Universal Rule 5 မှာရှင်းပြပြီးသားပါ။

အဲ့ဒါဆိုရင် ကိုယ်ကစပြီး ပြောင်းလဲတာနဲ့ ကိုယ့်ဘဝရော၊ တခြားသူတွေရဲ့ဘဝတွေရော နောက်ဆုံး တစ်ကမ္ဘာလုံးအထိ သက်ရောက်မှု (Impact) ရှိတယ်ဆိုတာ သဘောပေါက်နားလည်မယ်လို့ ယုံကြည်ပါတယ်။

စိမ်းတို့လူတွေက Computer တို့၊ Phone တို့နဲ့ တူပါတယ်။ မွေးထဲက ခုအချိန်ထိ မိဘအသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်၊ အပေါင်းအသင်း နဲ့ media ပေါင်းစုံကနေ ရရှိလာတဲ့ အတွေးအခေါ် အယူအဆ ယုံကြည်ချက်တွေဟာ computer program သွင်းသလို phone ထဲ software တွေထည့်သလို တဖြည်းဖြည်းအသွင်းခံခဲ့ရတာပါ။ Computer မှာကိုယ်မလိုချင်တဲ့ program တွေ delete လုပ်လို့ရသလို program အဟောင်းတွေကိုလည်း updates လုပ်လို့ရပါတယ်။အဲ့လိုပဲ Phone မှာလည်း software တွေဖျက်လို့ရသလို version အသစ်ပေါ်တိုင်း auto updates လုပ်နေတာပါပဲ။

အလားတူပဲ အခုလက်ရှိအခြေအနေမှာ စိမ်းတို့အတွက် အသုံးမဝင်တော့တဲ့ ဘဝတိုးတက်ပျော်ရွှင်မှုကို အဟန့်အတားဖြစ်စေတဲ့ limiting beliefs ဆိုတဲ့ အတွေးအခေါ် အယူအဆ ယုံကြည်ချက်အမှားတွေကို ဖျက်တန်တာဖျက် updates လုပ်တန်တာလုပ်ရမှာပါပဲ။

All positive life changes are starting from inner ဆိုသလိုပဲ ကိုယ့်ရဲ့ Mindset နဲ့ Energy ပြောင်းလဲတဲ့အတိုင်း ကိုယ့်ဘဝရဲ့ကောင်းမွန်တဲ့ပြောင်းလဲမှုတွေကို တစ်ခုပြီးတစ်ခုရရှိမှာပါ။
လောကနိယာမအရ ကိုယ့်ဘဝမှာရရှိနေတဲ့ ကောင်းခြင်း ဆိုးခြင်း အရာအားလုံးအတွက် ကိုယ်သာအဓိကပါ ။

ဒီ post ကအကျိုးရှိတယ်ဆို ကိုယ်သိသလို ကိုယ်ပြောင်းလဲသလို ကိုယ်ချစ်တဲ့သူတွေ သိပြီး ပြောင်းလဲအောင် share ပေးပါဦးနော် 💚

ကျေးဇူးတင်ပါတယ် 💚

💚28th July 2020💚

With all my Love & Energy

#DrSeinn
#LifeCoachAndTrainer
#MindsetEnergyFrequency
#12UniversalRules